Saturday, July 6, 2019

ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့် ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃၈၀ အထိ တိုးမြှင့်လက်ခံမည်

ရန်ကုန်နည်း ပညာတက္ကသိုလ်အနေဖြင့် ယခု နှစ်ဝင်ခွင့်အတွက် ကျောင်းသား ကျောင်းသူဦးရေ ၃၈၀ အထိ တိုး မြှင့်လက်ခံမည်ဖြစ်ကြောင်း သိရ သည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် တန်းအောင်ကျောင်းသား၊ ကျောင်း သူများလျှောက်ထားမည့်ရန်ကုန် နည်းပညာတက္ကသိုလ်ဝင်ခွင့်တွင် ဘာသာတွဲလေးခု၏ စုစုပေါင်းရ မှတ် ၃၂၀ နှင့်အထက်ရရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်း၊ ယခုနှစ် တွင် ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ဘာသာရပ်အသစ်နှစ်ခုထပ်မံ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်သည့် အတွက် ဝင်ခွင့်ပေးမည့် ကျောင်း သား၊ ကျောင်းသူအရေအတွက်ကို လည်း ၃၈၀ အထိ ဝင်ခွင့်ပေး မည်ဖြစ်ကြောင်း ရန်ကုန်နည်း ပညာတက္ကသိုလ်မှ သိရသည်။



"ဒီနှစ်က မေဂျာနှစ်ခုတိုးတယ်။ မနှစ်က ၃၃၀ ဝင်ခွင့်ပေးတယ်။ ဒီနှစ်ဘာသာရပ်နှစ်ခုတိုးထား တော့ ၃၈၀ လောက်ဝင်ခွင့်ပေး မှာ။ ယောကျာ်းလေးက ၂၁၀ နဲ့မိန်းကလေး ၁၈၀ ဝင်ခွင့်ပေး မယ်" ဟု ရန်ကုန်နည်းပညာတက္က သိုလ်မှ ပါမောက္ခဌာနမှူးဒေါက် တာဥာဏ်မြင့်ကျော်က ပြောသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် ၏ဝင်ခွင့်ကို လျှောက်ထားလိုပါ က တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ ဘာသာရပ်လေးမျိုးပါဝင် သော ဘာသာတွဲများဖြင့် အောင် မြင်ထားသူများ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း၊ အဆိုပါဘာသာ တွဲလေးခုတွင် ရမှတ်ပေါင်း၃၂၀ နှင့်အထက် ရရှိရန်လိုအပ်မည်ဖြစ် ကြောင်း သိရသည်။

ယခင်နှစ်များက တက္ကသိုလ် ဝင်တန်းစုစုပေါင်းရမှတ်အနည်း ဆုံး၄၈၀ကျော်လွန်မှသာ လျှောက် ထားနိုင်ခဲ့ပြီး အမြင့်ဆုံးရမှတ်မှာ ၅၀ဝ ကျော်အထိရှိခဲ့ကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘာသာရပ် ၁၂ခုသင်ကြားနေပြီး သင်တန်းကာလမှာခြောက်နှစ်ဖြစ် ပြီး သင်တန်းကာလအားလုံးပြီး ဆုံးပါက B.E ဘွဲ့ နှင့် B.Arch ဘွဲ့ များကိုပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် ကို ဦးစားပေးလျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆိုပါတက္ကသိုလ်ကို တိုက်ရိုက်လျှောက်ထားရမည်ဖြစ် ပြီး တစ်ဘာသာလျှင် ပျမ်းမျှ အမှတ် ၈၀ ရရှိရန်လိုအပ်ကြောင်း သိရသည်။

No comments:

Post a Comment