Saturday, July 6, 2019

နိုင်ကျဉ်းဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကျပ်သိန်း ၅၀ လှူဒါန်း

နိုင်ငံရေးအကျဉ်း သားဟောင်းများ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ (HCPP) သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့်ဇနီးက ငွေကြေး ထောက်ပံ့ခဲ့သည်။  အဆိုပါ လှူဒါန်းပွဲကို ဇူလိုင် ၂ ရက်က ၀န်ကြီးချုပ် ဧည့်ဂေဟာ တွင်ပြုလုပ်ခြင်းဖြစ်ပြီးဝန်ကြီးချုပ် နှင့် ဇနီးကကျပ်သိန်း ၅၀ လှူဒါန်း ကြောင်း HCPP တာဝန်ရှိသူများ က ယမန်နေ့တွင်ပြောသည်။ ၀န် ကြီးချုပ်သည် ရန်ပုံငွေလိုအပ် ချက်ရှိနေသည့် HCPP သို့ ငွေ ကြေးထောက်ပံ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများထဲမှ တစ်ဦးဖြစ်လာကြောင်း စင်တာဦး ဆောင်ကော်မတီဝင် ဦးရာဇာက ဆိုသည်။



လက်ရှိ HCPP ၏ ရန်ပုံငွေ ထောက်ပံ့မှုကို ငွေကြေးတတ်နိုင် သည့် နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ လှူဒါန်းမှုများမှ တစ်ဆင့်ရရှိနေကြောင်းလည်း ဦး ရာဇာက ဇူလိုင် ၄ ရက်တွင် ပြော သည်။

‘‘စင်တာမှာ ကူညီရေးအ တွက် ဆေးဝါးစရိတ်ကတစ်လကို ၁၈ သိန်းနီးပါးလောက် ကုန်ကျပါ တယ်။ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ၊ ရဲဘော်ရဲဘက် ဟောင်းတွေ လှူဒါန်းတဲ့ ပိုက်ဆံ တွေနဲ့ ဒီHCPP မှာ ဆေးကုသမှုခံ ယူနေတဲ့သူတွေကို ပြန်ပြီး ထောက်ပံ့ကူညီရတာပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ ခြားရောက် နိုင်ငံရေးအကျဉ်းသား ဟောင်းတွေလည်း ကူညီတာရှိပါ တယ်။ သူတို့အဆင်ပြေရင်ပြေသ လို လှူဒါန်းကြတာရှိပါတယ်’’ ဟု ၎င်းကပြောသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ နိုင်ကျဉ်းဟောင်းတို့ ၏ မိသားစုဝင်များ၊ ပြင်ပလူနာ များဟူ၍ ကဏ္ဍသုံးခုခွဲကာ ကူညီ ထောက်ပံ့ပေးလျက်ရှိရာ လစဉ် လာရောက်ဆေးကုသမှုခံယူသူ ၃၁၀ ကျော်ရှိကြောင်း ဦးရာဇာက ပြောသည်။ ရန်ကုန်တိုင်းဒေသ ကြီး ကျန်းမာရေးဦးစီးဌာနထံဆေးဝါးလိုအပ်ချက်များ တောင်းခံ၍ အကူအညီ ရယူထားကြောင်း လည်း ၎င်းကပြောသည်။

ဆေးဝါးကုသမှုခံယူရန် အ ခက်အခဲရှိသည့် နိုင်ကျဉ်းဟောင်း များအတွက်ရည်ရွယ်၍ နိုင်ကျဉ်း အဖွဲ့များ၊ နိုင်ကျဉ်းဟောင်းများ နှင့် အလှူရှင်များစုပေါင်းကာ HCPP ကို ရန်ကုန်တိုင်းဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံ တက္ကသိုလ်အနီး ခါတော်မီ (၁) လမ်းတွင် ဖေဖော်ဝါရီလဆန်းက စတင်ဖွင့်လှစ်ခဲ့သည်။  အထက်ပါ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ၌ ဆရာဝန် နှစ်ဦးနှင့် စေတနာ့ဝန်ထမ်းများက အပတ်စဉ်စနေနှင့်  ဗုဒ္ဓဟူးနေ့ တိုင်း အခမဲ့ကုသပေးနေသည်။

No comments:

Post a Comment