Saturday, July 6, 2019

သံဃာတော်များ ဘုရား၊ တရားအလုပ် ကောင်းစွာလုပ်နိုင်အောင် ကာကွယ်မပေးနိုင်သည့်အတွက် မိမိကိုခွင့်လွှတ်ပါဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော် ပြောကြား

သံဃာတော်များ လမ်းပေါ်သို့ရောက်နေပြီး ဘုရားအလုပ်၊ တရားအလုပ်ကို ကောင်းမွန်စွာလုပ်နိုင်အောင် ကာကွယ်မပေးနိုင်သည့်အတွက် မိမိကိုခွင့်လွှတ်ပါရန် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော်က လျှောက်ထားသည်။ ရန်ကုန်မြို့၊ ဆူးလေစေတီတော်အနီး၊ မဟာဗန္ဓုလပန်းခြံအရှေ့တွင် ယနေ့ (ဇူလိုင် ၅ ရက်) ညနေပိုင်းက အမျိုးသားရေးအင်အားစုများက တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို ဘက်စုံဖိနှိပ်ချုပ်ချယ် ဖျက်ဆီးစော်ကားနေမှုများအား ဆန့်ကျင်ရှုတ်ချခြင်းခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော်က ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကန့််ကွက် ဆန္ဒပြပွဲတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော်၊ အမျိုးသားရေးလှုပ်ရှားသူ ဦးဝင်းစိုးနှင့် မရမ်းကုန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းတို့က ဟောပြောခဲ့ကြသည်။

No comments:

Post a Comment