Saturday, July 6, 2019

ပြည်တက္ကသိုလ်တွင် ဗကသအဖွဲ့ချုပ် အကြိုညီလာခံကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံကျင်းပရန် အကြိုညီလာ ခံအစည်းအဝေးကို ပြည်တက္က သိုလ်ဟောပြောပွဲ ခန်းမ၌ ဇူလိုင် ၄ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိကျင်း ပနေပြီး သြဂုတ်တွင် ဗကသ အဖွဲ့ချုပ်ညီလာခံ ကျင်းပရန် အ ကြိုပြုလုပ်ခြင်းဖြစ်သည်။ ၁၉၆၀ က ရေးဆွဲခဲ့သည့် ဗကသ အဖွဲ့ချုပ် ဖွဲ့စည်းပုံ၏ ခေတ်စနစ်နှင့်မညီသည့် အချက် များ ပြင်ဆင်ရန် ထည့်သွင်းဆွေး နွေးခဲ့ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုကျော်ရဲသူက ပြောသည်။



‘‘ယခုပြုလုပ်တဲ့ အကြိုညီ လာခံကနေ ဗကသအဖွဲ့ချုပ် ယာ ယီဖွဲ့စည်းပုံကို အတည်ပြုမယ်။ ယာယီဖွဲ့စည်းပုံပါ အချက်တွေအ တိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်တာတွေကို တောင်းဆိုစရာတွေရှိမယ်။ တက္က သိုလ်၊ ကောလိပ်ကျောင်းသားထု တစ်ရပ်လုံးရဲ့ ပညာရေး၊ အခွင့် အရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို အစိုးရထံ တင်ပြတောင်းဆိုတာ တွေ ဆက်လုပ်မယ်။ လာမယ့်ညီ လာခံကြီးကျမှသာလျှင် အခုအ ကြိုညီလာခံက ယာယီဖွဲ့စည်းပုံ ကို လုံးဝအတည်ပြုမှာ ဖြစ်တယ်’’ ဟု ကိုရဲကျော်သူက ပြောသည်။ ပြည်တက္ကသိုလ်တွင်ကျင်းပ သည့် ဗကသအဖွဲ့ချုပ် အကြိုညီ လာခံ အစည်းအဝေးသို့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ကယားပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ် ၃၆ ကျောင်းရှိ ကျောင်း သားသမဂ္ဂများမှ ကိုယ်စားလှယ် ၇၂ ဦးအပြင် စိတ်ပါဝင်စားသည့် အခြားကျောင်းသား၊ ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ သည်။

No comments:

Post a Comment