Saturday, July 6, 2019

တိုင်းနှင့် ပြည်နယ် ၁၅ ခုတွင် ဘောလုံးနည်းပြသင်တန်းများ ဖွင့်လှစ်မည်

တိုင်းနှင့် ပြည်နယ် ၁၅ ခုတွင် မြန်မာဘောလုံးအဖွဲ့ချုပ် ဘောလုံးနည်းပြသင်တန်း MFF Coaching Certificate Course  ၃၀ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ြ မန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် ဘောလုံးအဖွဲ့ချုပ်တွေ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်အတွင်း MFF Coaching Certificate Course သင်တန်း ၃၀ ကို ဖွင့်လှစ်မယ်လို့ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။



သင်တန်းတွေကို MFF Coach Educator ၁၄ ဦးက အလှည့်ကျသင်ကြားပေးမှာဖြစ်ပြီး လက်ရှိမှာ မန္တလေး၊ ပျဉ်းမနား မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေမှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။ သင်တန်းတခုကို သင်တန်းသား ၃၀ အထိ တက်ရောက်သင်ကြားနိုင်ဖို့  စီစဉ်ဆောင်ရွက်ထားပါတယ်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ် (TFA) အနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားရှိ ၂၄၁ မြို့နယ်မှာ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို ဖွဲ့စည်းထားပြီး အခု သင်တန်းဟာ TFA ရဲ့ မြို့နယ်အဖွဲ့ချုပ်တွေ ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်မယ်လို့ ဆိုပါတယ်။ အလားတူ MFF Coaching Certificate Course သင်တန်းတွေကို နှစ်စဉ် အကြိမ်ရေ တိုးချဲ့မှာဖြစ်သလို နိုင်ငံအနှံ့အပြား ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သင်တန်းများအတွက် ဆက်သွယ်ရန်- ဦးသန်းဝင်း 095048195
(ဒါရိုက်တာ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များဌာန၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)
ဦးကျော်ထက်အောင် 09776151080
(မန်နေဂျာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များဌာန၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

No comments:

Post a Comment