Saturday, July 6, 2019

အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီက ကိုင်တွယ်ဖြေရှင်းမည်

အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီက ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။ြ မန်မာနိုင်ငံအနေဖြင့် အဓမ္မခိုင်းစေမှုဆိုးရွားစွာ ဖြစ်နေသည်ဟု ဇွန်လကပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့ (ILO)ညီလာခံ၌ ဆွေးနွေးခဲ့သည်။ ထိုကြောင့် အစိုးရအနေဖြင့် သေချာကိုင်တွယ်ဖြေရှင်း ရန် ILO က တိုက်တွန်းထားသည်။



ယခင်က အဓမ္မခိုင်းစေမှု တိုင်ကြားချက်ကို အလုပ်သမားဦးစီးဌာန တစ်ခုတည်းဖြင့် ဖြေရှင်းခဲ့ပြီး လက်ရှိတွင် အမျိုးသားအ ဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ထူထောင်ရန် ဆောင်ရွက်နေသည်။

အဆိုပါ ယန္တရားထူထောင်မှု ကြားကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံ အဓမ္မခိုင်းစေမှုများ နှင့်ပတ်သက်၍  ဖုန်း ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉ နှင့် ၀၆၇-၃၄၃၀၂၇၄ သို့ တိုင်ကြားရန် အလုပ်သမားဦးစီးဌာနက တိုက်တွန်းခဲ့သည်။

အဓမ္မခိုင်းစေမှုများတွင်  ကလေးစစ်သားနှင့် အရွယ်မရောက်သူများကို ခိုင်းစေသည့်ဖြစ်ရပ် အများဆုံး ဖြေရှင်းနေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ILO က မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှုကို ဆိုးဆိုးရွားရွား ဖြစ်နေသည်ဟု ခေါင်းစဉ်တပ်ပြီး ရခိုင်၊ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် အဓမ္မစေခိုင်းမှု ပိုမိုဖြစ်ပွားကြောင်းဆိုသည်။  (၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံကို အဓမ္မစေခိုင်းမှုနှင့်ပတ်သက်၍ ကြယ်နှစ်ပွင့်ပြဆွေးနွေးမှု ပြုလုပ်ပြီး ယင်းသည် နိုင်ငံအတွက် စိုးရိမ်မှုရှိ ကြောင်း ညီလာခံသို့ တက်ရောက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။

No comments:

Post a Comment