Saturday, July 6, 2019

ကိုပါအမေရိကဖလားဗိုလ်စွဲရန် ရေပန်းစားသည် ဆိုခြင်းကို ဘရာဇီးကစားသမားများပယ်ချ

အုပ်စုတွင်းတွေ့ စဉ်က ပီရူးကိုငါးဂိုးပြတ်အနိုင်ရခဲ့ သော်လည်း ဇူလိုင် ၇ ရက်တွင် ၎င်းတို့နှင့်ပြန်လည်ဆုံတွေ့မည့် ကိုပါအမေရိကဖလားဗိုလ်လုပွဲ ကို လွယ်ကူသောပွဲတစ်ပွဲအဖြစ် မျှော်လင့်မထားကြောင်း ဘရာဇီး ကစားသမားများက ပြောသည်။ ‘‘ပွဲတိုင်းမှာ မတူညီတဲ့သမိုင်း ရှိပါတယ်’’ ဟု ဘရာဇီးနောက်ခံ လူ အဲလက်ဆန်ဒရိုကပြောသည်။



ထို့အပြင် ဆန်ဒရိုက ဘရာ ဇီးဗိုလ်စွဲမည်ဟု ထင်နေသူများကို ဝေဖန်ခဲ့သည့် ပီရူးဝါရင့်တိုက်စစ် မှူး ဂွာရဲရိုးနှင့်သဘောထားတူ ကြောင်း ပြောသည်။ ‘‘ဗိုလ်လုပွဲတစ်ပွဲမှာ ရေပန်း စားတဲ့သူဆိုတာ မရှိပါဘူး။ ဗိုလ် လုပွဲမှာ ဘာမဆိုဖြစ်နိုင်ပါတယ်’’ ဟု ဆန်ဒရိုက ပြောသည်။

ပီရူးသည် အုပ်စု (A) နောက်ဆုံးပွဲတွင် အိမ်ရှင်ဘရာဇီး ကို ငါးဂိုးပြတ်ရှုံးပြီးနောက် အ ကောင်းဆုံးတတိယအသင်းအ ဖြစ် ရှုံးထွက်အဆင့်တက်ရောက် ခွင့်ရခဲ့သော်လည်း ဥရုဂွေးကို ပင် နယ်တီအဆုံးအဖြတ်၊ လက်ရှိချန် ပီယံ ချီလီကို သုံးဂိုးပြတ်ဖြင့်ကျော် ဖြတ်ခဲ့ပြီး တိုးတက်မှုပြသခဲ့သည်။ ပီရူး၏အဟုန်သည် ယခုအ ခါ ခြားနားလာကြောင်း ဘရာဇီး တိုက်စစ်မှူး အဲဗာတန်ကလည်း သဘောတူသည်။

‘‘ဒါက လုံးဝကိုခြားနားတဲ့ပွဲ ဖြစ်မှာပါ။ အခုတော့ထင်မြင်မှန်း ဆချက်တွေကို ထိန်းချုပ်ဖို့ပါ။ ဒါ က အဓိကကျပါတယ်။ ကျွန် တော်တို့ ကောင်းကောင်းပြင်ဆင် ထားဖို့ လိုပါတယ်’’ ဟု အဲဗာတန် က ပြောသည်။ ပီရူးခြေစွမ်းတိုးတက်လာ သော်လည်း ဘရာဇီးသည် ဗိုလ် လုပွဲအတွက် အသင့်ရှိကြောင်း ဆန်ဒရိုက ပြောသည်။

ဖလားရရှိပါက ဘရာဇီး သည် ၂၀၀၇ နောက်ပိုင်း ပထမ ဆုံးအကြိမ်နှင့် သမိုင်းတစ် လျှောက် ကိုးကြိမ်မြောက်ရရှိမည် ဖြစ်သည်။ ပီရူးက ၄၄ နှစ်အတွင်း ပထ မဆုံးဗိုလ်လုပွဲတက်ရောက်ခြင်း ဖြစ်ပြီး ၁၉၃၉ ကတစ်ကြိမ်နှင့် ၁၉၇၅ က တစ်ကြိမ် ချန်ပီယံဖြစ် ဖူးသည်။

No comments:

Post a Comment