Saturday, July 6, 2019

ထူးချွန်မြန်မာဝန်ထမ်းများဂုဏ်ပြုပွဲအခမ်းအနားနှင့် ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများ ဆွေးနွေးတင်ပြပွဲကျင်းပ

အရှေ့တောင်အာရှရေနံစိမ်း/သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ ထူးချွန်မြန်မာဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများ ဆွေးနွေးတင်ပြခြင်းအခမ်းနားကို အရှေ့တောင်အာရှရေနံစိမ်း/သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ မန္တလေးရုံးချုပ်တွင် ယမန်နေ့(ဇူလိုင်၎ ရက်)က ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကုမ္ပဏီဖွံဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အရှေ့တောင်အာရှ ရေနံစိမ်း/သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ သက်ဆိုင်ရာဌာနတို့မှ ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုခဲ့သည်။



SEAOP ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာကျန်းချန်က အဖွင့်အမှာစကားပြောကြားရာတွင် “ကုမ္ပဏီဝန်ထမ်းများအားလုံးဟာ ထူးချွန်ဝန်ထမ်းတွေကို အတုယူပြီး ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံစွာ လည်ပတ်နိုင်ရေး၊ မြန်မာနိုင်ငံလူမှုစီးပွားဖွံဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တိုးမြှင့်ရေးတို့အတွက် စည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်ဆောင်ရွက်ကြပါ” ဟု ပြောကြားခဲ့သည်။

ယခုမှတ်တမ်းတင်ဂုဏ်ပြုခြင်းခံကြရသည့် ထူးချွန်မြန်မာဝန်ထမ်းများသည် ဦးဆောင်လမ်းပြသူများ၊ စည်းလုံးညီညွတ်မှုရှိသူများဖြစ်ကြသည့်အပြင် မြန်မာနိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အရေးပါလှသဖြင့် ထူးချွန်မြန်မာဝန်ထမ်းများအား ရွေးချယ်ဂုဏ်ပြုခြင်းလည်းဖြစ်သည်။

အရှေ့တောင်အာရှရေနံစိမ်း/သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီတွင် မြန်မာနိုင်ငံသား လုပ်သားဦးရေ စုစုပေါင်း ၈၉၈ ယောက်ရှိပြီး ယင်းဦးရေသည် ကုမ္ပဏီဝန်ထမ်းအားလုံး၏ ၈၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ ကုမ္ပဏီ၏ သက်ဆိုင်ရာဌာနမှ သက်ဆိုင်ရာ မြန်မာနိုင်ငံသားဝန်ထမ်းများနှင့် တရုတ်နိုင်ငံသားဝန်ထမ်းများ၊ အစုရှယ်ယာရှင်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment