Saturday, July 6, 2019

လက်ရှိအချိန်အထိ ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတင်ပို့မှုတွင် တရုတ်နှင့်ဒေသတွင်း နိုင်ငံများက စုစုပေါင်းတင်ပို့မှု၏ ၃၄ ရာခိုင်နှုန်းကျော်၊ အာဖရိကဈေးကွက်က ၂၆ ရာခိုင်နှုန်းကျော်နှင့် အီးယူက ရာခိုင်နှုန်း ၂၀ ကျော် ဝယ်ယူနေ

ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ တင်ပို့နေမှုတွင် တရုတ်နှင့် ဒေသတွင်းနိုင်ငံများက စုစုပေါင်းဆန်နှင့် ဆန်ကွဲတင်ပို့မှု၏ ၃၄ ရာခိုင်နှုန်းကျော်၊ အာဖရိကဈေးကွက်က ၂၆ ရာခိုင်နှုန်းကျော်နှင့် အီးယူဈေးကွက်က ရာခိုင်နှုန်း ၂၀ ကျော်ဝယ်ယူနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဒီဘဏ္ဍဍာနှစ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ဇွန် ၁၄ ရက်အထိ ပြည်ပ  နိုင်ငံ ၅၈ နိုင်ငံကို ဆန်တင်ပို့မှုကနေ ပို့ကုန် ဝင်ငွေ  ဒေါ်လာ ၄၂၃ ဒသမ ၈၆၉ သန်းရရှိ ခဲ့တယ်။ ပြည်ပ ၂၈ နိုင်ငံကို ဆန်ကွဲတင်ပို့မှု ကနေ ပို့ကုန်ဝင်ငွေဒေါ်လာ ၈၈ ဒသမ ၆၀၆  သန်းရရှိခဲ့တယ်။ စုစုပေါင်းဆိုရင် ဆန်နဲ့ ဆန် ကွဲတင်ပို့မှုကနေ ဒေါ်လာ ၅၁၂ ဒသမ ၄၇၅ သန်းရရှိခဲ့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယခုနှစ်အတွင်း နိုင်ငံပေါင်း ၈၈ သို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲတင်ပို့လျက်ရှိ ပြီး ဆန်အများဆုံးတင်ပို့သည့် ငါးနိုင်ငံစာရင်းတွင် တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် ဂါနာနိုင်ငံတို့ ပါဝင်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ  ၂၀၁၉ ခုနှစ် ဇွန် ၁၄ ရက်အထိ မြန်မာနိုင်ငံမှ နိုင်ငံအလိုက် ဆန်တင်ပို့မှုမှ ရငွေတန်ဖိုးကိုလေ့လာကြည့်ပါက တရုတ်နိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ  ၁၆၂ ဒသမ ၇၈၂ သန်း၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုမှ ဒေါ် လာ ၅၈ ဒသမ ၂၈၄ သန်း၊ ကင်မရွန်းနိုင်ငံ သို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၃၂ ဒသမ ဝ၄၃ သန်း၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တင်ပို့ ထားမှုမှ ဒေါ်လာ ၃၁ ဒသမ ၉၇၂ သန်း၊ ဂါနာ နိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၁၇ ဒသမ ၆၇၈ သန်းရရှိထားသည်။

လက်ရှိဘဏ္ဍဍာနှစ် ဇွန် ၁၄ ရက်အထိ နိုင်ငံပေါင်း ၈၈ သို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆၈ သန်းကျော်တင်ပို့ ထားပြီး စုစုပေါင်းတင်ပို့ထားမှု၏ ၃၆ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့ အများဆုံးတင် ပို့ထားကြောင်း သိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍဍာရေးနှစ်သစ် (၂၀၁၈-၂၀၁၉) စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်  နှင့် ဆန်ကွဲ တင်ပို့နိုင်မှုအခြေအနေကို လေ့  လာကြည့်ပါက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇွန် ၁၄ ရက်အထိ နိုင်ငံပေါင်း ၅၄ နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၃၅ သန်းကျော် (တန်ချိန် ၁၃၅၇၀၁၉ ဒသမ ဝ၂၅) တင်ပို့မှုမှ ဒေါ်လာ ၄၂၃ဒသမ ၈၆၉ သန်းရရှိထားသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်တွင် မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ဧက ၁၇ ဒသမ ၆ သန်းကျော်ရှိသည့်အနက် ရိတ်သိမ်းနိုင်သော စိုက်ပျိုးဧက ၁၆ ဒသမ ၆ သန်းကျော်အထိရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment