Saturday, July 6, 2019

ဟောင်ကောင်အစိုးရ ဆန့်ကျင်ဆန္ဒပြသူတစ်ဦး ပထမဆုံး စွဲချက်တင်ခံရ

ဟောင်ကောင်တွင် မကြုံစဖူး အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရဆန့်ကျင် ဆန္ဒပြသူတစ်ဦးသည် ရဲတစ်ဦးအား တိုက်ခိုက်ခဲ့မှုနှင့် ရာဇဝတ်မှုမြောက်သော ထိခိုက်စေမှုစွဲချက်များ ဇူလိုင် ၅ ရက်၌ စွဲဆိုခံခဲ့ရရာ ဆန္ဒပြသူတစ်ဦးအား ပထမဆုံးအကြိမ် တရားစွဲဆိုမှုဖြစ်လာခဲ့သည်။ ရာဇဝတ်သားများဟု သံသယရှိသူများအား တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးခွင့်ပြုသည့် အငြင်းပွားဖွယ် ဥပဒေကြမ်းကြောင့် ဟောင်ကောင်တွင် ငြိမ်းချမ်းစွာချီတက်မှု သုံးခုအပြင် အမာခံလူငယ်ဆန္ဒပြသူများ၏ အရပ်ဘက်အမိန့် ဖီဆန်မှုနှင့် အကြမ်းပတမ်းလုပ်ရပ်များကို ကြုံတွေ့ခဲ့ရသည်။



တရုတ်ကျောထောက်နောက်ခံပြု ဟောင်ကောင်အစိုးရအား အကျပ်အတည်းကြုံစေခဲ့သည့် ထိုမငြိမ်သက်မှု နောက်ကွယ်တွင် ပါဝင်သူများအား လိုက်လံဖမ်းဆီးသွားမည်ဟု အာဏာပိုင်များက ကတိပြုခဲ့ကြသည်။ ဇွန် ၂၁ ရက်တွင် ဟောင်ကောင်ရဲ ဌာနချုပ်အား ဝိုင်းရံပိတ်ဆို့မှု၌ ပါဝင်ခဲ့သည်ဟု သံသယရှိမှုဖြင့် အသက် ၃၁ နှစ်ရှိ PunHo-Chiu သည် ဇူလိုင် ၅ ရက်တွင် တရားရုံး၌ စစ်ဆေးခံခဲ့ရသည်။ ရဲဌာနချုပ်အား ၆ နာရီကြာ ဝိုင်းရံပိတ်ဆို့မှုအတွင်း ရဲများအား ဥများဖြင့် ပစ်ပေါက်မှုအတွက် ゞင်းသည် စွဲချက်တင်ခံခဲ့ရသည်။


လမ်းပေါ် အနုပညာပြကွက်များအတွက် ပန်းချီဆရာဟု အမည်ပြောင်ရထားသည့် ထင်ရှားသော တက်ကြွလှုပ်ရှားသူ Pun အား စစ်ဆေးမေးမြန်းရန် တရားရုံးက ချုပ်မိန့်ပေးခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။ ゞင်းသည် ရဲဌာနချုပ်အား ဝိုင်းရံပိတ်ဆို့မှုတွင် မျက်နှာကို မကွယ်ထားသည့် ဆန္ဒပြသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

Pun ၏ ရှေ့နေက ゞင်း၏အမှုသည်သည် မန်ဒရင်းစကားပြောသော ရဲများ၏ တိုက်ခိုက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုပြောကြားမှုအား တရားရုံးက စုံစမ်းစစ်ဆေး၍မရကြောင်းနှင့် ရဲတပ်ဖွဲ့ထံ လုပ်ထုံးလုပ်နည်းအတိုင်း တိုင်ကြားရန် တရားသူကြီးက ညွန်ကြားခဲ့သည်။

ဇူလိုင် ၁ ရက်တွင် ဥပဒေပြုကောင်စီ အဆောက်အအုံထဲသို့ ချိုးဖောက်ဝင်ရောက်ပြီး နံရံများတွင် တရုတ်ဆန့်ကျင်သည့်စာများရေးခြင်း၊ ကိုလိုနီဟောင်း ဗြိတိန်အလံလွှင့်ထူခြင်း၊ မွှေနှောက်ဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့သည့် ဆန္ဒပြသူများအား ဖော်ထုတ်နိုင်ရန် မှုခင်းဆေးတာဝန်ရှိသူများက လက်ဗွေရာများနှင့် DNA အထောက်အထားများကို ရရှိရန်အပူတပြင်း ကြိုးပမ်းနေကြသည်။

ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့က လူ ၆၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း အေအက်ဖ်ပီက ゞင်း၏ တွက်ချက်ထားမှုကို ထုတ်ပြန်ခဲ့သည်။ သို့သော် ゞင်းတို့အနက် စွဲချက်တင်ခံရသူ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပါလီမန်အဆောက်အအုံထဲ၌ မွှေနှောက်ဖျက်ဆီးခဲ့သူများအား ထောက်ခံသည့် စုဝေးမှုကို ဇူလိုင် ၅ ရက်ညနေတွင် လုပ်ဆောင်ရန် ဟောင်ကောင်မိခင်များ အဖွဲ့တစ်ဖွဲ့က စီစဉ်ထားသည်။

No comments:

Post a Comment