Saturday, July 6, 2019

ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် လျှောက်ထားသူများကို ဇူလိုင်နှင့် ဩဂုတ်လတို့တွင် လက်မှတ်များ ထုတ်ပေးမည်

ယခုပညာသင် နှစ်အတွက် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်များလျှောက် ထားသောသူများအား ဇူလိုင် နှင့်ဩဂုတ်လတို့တွင်လက်မှတ် များထုတ်ပေးမည်ဖြစ်ကြောင်း သိ ရသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် တိုင်းဒေသကြီး ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်ထားသော ကိုယ်ပိုင်ကျောင်းများတွင် တာဝန် ထမ်းဆောင်မည့် ကိုယ်ပိုင်ကျောင်း ဆရာများအတွက် မှတ်ပုံတင် လက်မှတ်(Green Card)များ အ တွက် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး များ ပေးသွင်းခြင်းနှင့်မှတ်ပုံတင် လက်မှတ်များထုတ်ယူခြင်းလုပ် ငန်းများကို ဆောင်ရွက်မည်ဖြစ် ရာ လူတွေ့စစ်ဆေးခြင်းအောင်မြင် သူများကို ဇူလိုင် ၈ ရက်မှ ၂၅ ရက်အထိ တစ်ကြိမ်၊ ဩဂုတ် ၁ ရက်မှ ၂၅ ရက်အထိ တစ်ကြိမ် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရ သည်။



"မှတ်ပုံတင်လက်မှတ်ရပြီး ရင်တော့ သတ်မှတ်တဲ့ရက်မှာပြန် ပြီးတော့ နှစ်စဉ်ကြေးတွေပေး ဆောင်ဖို့ ပျက်ကွက်လို့မရဘူး။ ပျက်ကွက်ရင်ဥပဒေ အရ တိတိ ကျကျအရေးယူမှာပါ။ ကိုယ်ပိုင် ကျောင်းဆရာလက်မှတ်မရှိဘဲ သင်နေတာတွေဆိုရင်လည်း အ မှန်တကယ်အရေးယူဆောင်ရွက် မှာပါ" ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ဒီမိုကရေစီတူ ဒေးသို့ ဇူလိုင် ၄ ရက်ကပြော သည်။

ကိုယ်ပိုင်ကျောင်းဆရာမှတ် ပုံတင်မရှိဘဲ သင်ကြားမှုများပြုလုပ် ပါက ကိုယ်ပိုင်ကျောင်းဆရာမှတ် ပုံတင်ဥပဒေ ပုဒ်မ(၃၅)အရ မည် သူမဆိုပုဒ်မ (၂၉)နှင့်(၃၂)တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယခုပညာသင်နှစ်မှစတင်ပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံ တင်လက်မှတ် ရရှိပြီး မှတ်ပုံတင် ကြေး၊ နှစ်စဉ်ကြေးများ ပေးသွင်း ရာတွင် လလွန်ခြင်း၊နှစ်လွန် တင် ပြခြင်းများပေါ်ပေါက်ပါက အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ကြေညာ ထားသည်။ ယခုပညာသင်နှစ်အထိတစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ် ပိုင်ကျောင်းပေါင်း ၆၀ဝ ကျော်ကို ဖွင့်လှစ်ထားသည်။

No comments:

Post a Comment