Saturday, July 6, 2019

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သရက်သီးနှံ ခြံ ၃၀၊ ကော်ဖီသီးနှံ ၁၄ ခြံနှင့် စတော်ဘယ်ရီခြံ ရှစ်ခြံကို GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထား

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ GAP လက်မှတ်လျှောက်ထားရာ ၂၀၁၉ ခုနှစ် ဇွန် လအထိ သရက်သီးနှံခြံ ၃၀၊ ကော်ဖီသီးနှံခြံ ၁၄ ခြံနှင့် စတော်ဘယ်ရီခြံ ရှစ်ခြံကို GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားရှိပြီး ကျန်သီးနှံများကိုလည်း လက်မှတ်ထုတ်ပေး နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှုများ ပြု လုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး GAP ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခေါင်း ဆောင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက ပြောကြားသည်။



မန္တလေးတိုင်းဒေသကြီးအတွင်း ယခင် က သီးနှံ ၁၅ မျိုးအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများရှိရန်အတွက် စိုက်ပျိုး ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စိစစ် ချက် ၁၆ ချက်ဖြင့် ကိုက်ညီသည့်စိုက်ပျိုးသီး နှံခြံများကို မြန်မာ GAP လက်မှတ်များ စိစစ် ထုတ်ပေးလျက်ရှိရာ ၂၀၁၅-၂၀၁၆ ခုနှစ်က သရက်ခြံလုပ်ငန်းလုပ်ကိုင်သူလေးဦး၊ ၂၀၁၆ -၂၀၁၇ ခုနှစ်က ခြောက်ဦးထုတ်ပေးခဲ့ပြီး ၂၀၁၇ -၂၀၁၈ ခုနစ် GAP အသိမှတ်ပြု လက်မှတ်ရရှိမှုတွင် သရက် ၁၅ ခြံ၊ ကော်ဖီ ခြောက်ခြံ၊ နွေနှမ်း ၂၁ ဦး၊ မိုးကြို ပဲတီစိမ်းသုံးဦး စုစုပေါင်း ၄၅ ဦးလက်မှတ်ထုတ်ပေးခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သရက် ၃၄၊ ကော်ဖီ ၁၅၊ စတော်ဘယ်ရီ ရှစ်၊ ခါကြက်ဥသုံး၊ စပျစ် တစ်၊ ကျွဲကော တစ်၊ နဂါးမောက် နှစ်၊ လောင် ဂန် တစ်၊ နွေနှမ်း ၁၀၊ နွေပဲတီစိမ်း နှစ်တို့ လျှောက်ထားကြောင်း မန္တလေးတိုင်းဒေသ ကြီး GAP ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခေါင်း ဆောင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက ပြော ကြားသည်။


“မနှစ်ကသရက်၊ ကော်ဖီ၊ နွေနှမ်း၊ မိုး ကြိုပဲတီစိမ်း GAP လက်မှတ်ရရှိခဲ့ပါတယ်။ GAP နဲ့ ပတ်သက်ပြီး ပြောချင်တာက နှစ် တိုင်းနှစ်တိုင်း GAP ဘာကြောင့် တောင်သူ တွေကို စည်းရုံးပညာပေးရတဲ့ အဓိကအ ကြောင်း နှစ်ချက်ရှိပါတယ်။ ပထမအချက် ပြည်တွင်းမှာစားသုံးတဲ့ နိုင်ငံသူနိုင်ငံသား အားလုံးဘေးအန္တရာယ်ကင်းရှင်းပြီး ဓာတု ဓာတ်ကြွင်းကင်းရှင်းတဲ့ အစားအစာကို စား သုံးဖို့ ရွယ်ရည်ချက်တစ်ချက်ပါ ဒုတိယအ ချက်က စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူက GAP စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းတွေ ကျင့်သုံးခြင်းအားဖြင့် ゞင်းင်းတို့ရဲ့ သီးနှံတွေက အရည်အသွေးမြင့်ထုတ်လုပ်နိုင် မှာဖြစ်ပါတယ်။ အရည်အသွေးမြင့်တာ ကြောင့် ဈေးကွက်ဝင်တဲ့ သီးနှံဖြစ်သွားမယ်။ GAP လက်မှတ်ရသွားပြီးဆိုရင် ရိုးရိုးသာမန် အခင်းထဲက သီးနှံထက်ပိုပြီး ဈေးရရှိမှာဖြစ် ပါတယ်။ မန္တလေးတိုင်းမှာ မနှစ်က သရက်၊ ကော်ဖီ၊ နွေနှမ်း၊ မိုကြိုးပဲတီစိမ်းတို့အတွက် GAP လက်မှတ် ၄၅ ခုထုတ်ပေးနိုင်ခဲ့ပါတယ်။အခု ၂၀၁၉ ခုနှစ်မှာ GAP လက်မှတ်ကို သီးနှံ အစုံလာရောက်လျှောက်ထားကြတယ်။သရက်၊ ကော်ဖီ၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်းတို့အပြင် စတော်ဘယ်ရီ၊ ခါကြက်ဥ၊ စပျစ်၊ ကျွဲကော နဂါးမောက်တို့လည်း လျှောက်ထားလာကြ တယ်။ အရင်တုန်း GAP လက်မှတ်အတွက် သီးနှံ ၁၅ မျိုးသတ်မှတ်ထားပေမဲ့ အခုခါမှာ တောင်သူတွေက စိတ်ဝင်စားလို့ လျှောက် ထားရမည်ဆိုရင် သီးနှံ ၁၅ မျိုးအပြင် တခြား သီးနှံတွေကိုပါ GAP လက်မှတ်ရဖို့အတွက် ကွင်းဆင်းပြီး လက်မှတ်ထိုးပေးနိုင်ဖို့အတွက် တောင်သူများကို စည်းရုံးပညာပေးခြင်းဖြင့် တောင်သူတွေကလည်းသီးနှံစုံ ကျွန်မတို့ဆီ လာရောက်လျှောက်ထားနေကြပါတယ်။ ဒီနှစ်က မကုန်သေးဘူး။ အခုချိန်ထိသရက်ဆို ၃၄ခြံ လျှောက်ထားပြီး စုစုပေါင်းခြံပေါင်း ၃၀ တောင်သူ ၃၀ ကို ပေးနိုင်ခဲ့ပါတယ်။ အစိုးရ ခြံသုံးခြံ၊ ပုဂ္ဂလိကခြံ ၂၇ ခြံ ထုတ်ပေးထား တယ်။ ကော်ဖီခြံ ၁၄ ခြံ၊ စတော်ဘယ်ရီ ရှစ်ခြံ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ နောက်ထပ် ခါကြက်ဥ၊ စပျစ်တို့လည်းစစ်ဆေးပြီး ရုံးချုပ်ပို့ ထားပါတယ်။ မကြာခင်သူတို့လည်း GAP လက်မှတ်ရရှိမှာဖြစ်ပါတယ်”ဟု မန္တလေး တိုင်းဒေသကြီး GAP ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်လွင်လွင် ထွန်းက ပြောကြားသည်။

Good Agriculture Practices (G.A.P) ဆိုသည်မှာစိုက်ပျိုးထုတ်လုပ်စဉ်၊ အစားအစားများ ဘေးကင်းလုံခြုံစိတ်ချရန်၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေ ရေး၊ လုပ်သားများ၏ ကျန်းမာရေးလူမှုဘဝသာယာဝပြောရေးအတွက် ရည်ရွယ်ပြီး ထည့် သွင်းဆောင်ရွက်သည် စိုက်ပျိုးရေးဆိုင်ရာအ လေ့အကျင့်ကောင်း (G.A,P) ဖြစ်ကြောင်း နှင့် GAP အသိအမှတ်ပြုလက်မှတ်လျှောက် ထားသည့်ခြံများ GAP လျှောက်ထားသော ပုဂ္ဂလိကအသင်းအဖွဲ့များမှ လျှောက်ထား တင်ပြလာသည့် အ ခါတွင် ရှေးဦးစွာသက်ဆိုင် ရာခရိုင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်း ဆင်းစစ်ဆေးပြီးထိုမှတစ်ဆင့် တိုင်းဒေသကြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ပြန်လည် စစ် ဆေးကာ ယင်းသို့ စစ်ဆေးတွေ့ရှိချက်များ ရုံးချုပ်ကိုတင်ပြပြီး ရုံးချုပ်အဖွဲ့မှ လိုအပ်ပါက လာရောက်ကွင်းဆင်းစစ်ဆေးပြီး  အသိ အမှတ်ပြုလက်မှတ်ရရှိရန်အတွက် GAP ဂိုက်လိုင်းနှင့်အညီ ဆောင်ရွက်ထားသည့် ခြံ များမှ သတ်မှတ်ထားသည့် စံနှုန်းနှင့် ကိုက်ညီ ပါက GAP အသိအမှတ်ပြု လက်မှတ်ကိုထုတ် ပေးသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။

အာဆီယံ G.A.P နှင့် Global G.A.P နှစ်ခုရှိသည့်အနက် မြန်မာ့ GAP အား အာဆီ ယံ G.A.P ကိုအခြေခံ၍ ရေးဆွဲထားကြောင်း၊ မြန်မာ့ GAP တွင် ယခင်က သရက်သီးနှံ တစ် ခုတည်းသာ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးလျက်ရှိရာမှ ယခုအခါတွင် သီးနှံ ပေါင်းစုံအတွက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment