Saturday, July 6, 2019

NRPC နှင့် မြောက်ပိုင်းလေးဖွဲ့အပါအ၀င် RCSS ၊KNPPနှင့် KNU တို့ ဇူလိုင်လ အတွင်း နေပြည်တော်တွင် တွေ့ဆုံမည်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟို (NRPC )အဖွဲ့နှင့် မြောက်ပိုင်းလေးဖွဲ့အပါအ၀င် RCSS ၊KNPPနှင့် KNU တို့သည် ဇူလိုင်လ အတွင်း နေပြည်တော်ရှိ NRPC တွင် တွေ့ဆုံ ၍ ဆွေးနွေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။



“ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ကတော့ NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ ကျနော်တို့ RCSSနဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ NRPC နဲ့ နေပြည်တော်မှာ တွေ့ပါမယ်။ ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ RCSS နဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေ့မှာဖြစ်ပါတယ်။ နောက်တစ်ခါ NCA လက်မှတ်မထိုးရသေးတဲ့ KNPP အဖွဲ့နဲ့ တွေ့မှာဖြစ်ပါတယ်။ KNPP အဖွဲ့နဲ့တော့ ဇူလိုင်လ ၁၇ ရက်နေ့မှာ NRPC နဲ့နေပြည်တော်မှာ တွေ့မှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ KNPP နဲ့ တပ်မတော်တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ စီစဉ်ထားပြီးဖြစ်ပါတယ်”ဟု ဦးဇော်ဌေး ကပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့်လည်း ပြီးခဲ့သည့် မိုင်းလားတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌဦးသိန်းဇော် နှင့် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဗိုလ်ချုပ်ကြီးခင်ဇော်ဦး တို့ ဦးဆောင်သည့် အဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး အစိုးရဘက်မှလည်း Bilateral Cease fire Agreement နှင့် ပတ်သက်သည့် မူကြမ်း များအား ပြန်လည်သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့် ရက်တစ်ပတ်အတွင်း KNU နှင့် ရန်ကုန်မြို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေး မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့် နိုင်ရေးအတွက် AA အနေဖြင့် စားပွဲဝိုင်းသို့ လာရောက်ဆွေးနွေးရန်လိုအပ်ကြောင်း စားပွဝြိုင်းသို့ မလာပဲ အောက်မှာ ဆက်လုပ်နေမည်ဆိုပါက တိုက်ပွဲများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။

တပ်မတော်မှ စစ်တိုင်းဌာန နယ်မြေ ၅ ခုတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှ ဧပြီလ ၃၀ ရက်နေ့ အထိ အပစ်ရပ်ထားကြောင်း ရပ်ဆိုင်းပေးခဲ့ရာ ၄ လ ပြည့်သည့် အချိန်တွင် ထပ်မံ၍ နှစ်လ သက်တမ်းတိုးမြှင့်ပေးခဲ့ရာ ဇွန်လ ၃၀ ရက်နေ့ မှ စတင်၍ တတိယ အကြိမ်မြောက် ထပ်မံ၍ နှစ်လ သက်တမ်းတိုးမြှင့်ပေးထားကြောင်း သိရသည်။

No comments:

Post a Comment