Saturday, July 6, 2019

တစ်ပါးသီလ စောင့်ရုံမျှနှင့်

ဒီခေတ်ကြီးထဲမှာ ဆရာကြီးဦးသုခကို သိပ်သတိရတာပဲ။ ဆရာကြီးက သူ့ပြည်သူတွေကို သီလသမာဓိသိက္ခာရှိစေချင်တာလေ။ ဆရာကြီးမကွယ်လွန်မီရိုက်ကူးခဲ့တဲ့ ‘တစ်ပါးသီလ’ ရုပ်သံ ဇာတ်လမ်းလေးဆိုရင် သိပ် ကောင်းတာပဲ။ ဘယ်အချိန်ကြည့် ကြည့်ရိုးတယ်လို့ကို မရှိခဲ့ဘူး။ ဆရာကြီးလို အနုပညာရှင်  မျိုးက ရှားပါတယ်။ ကိုယ်ကျင့်သီ  လပိုင်းကို သိပ်အလေးထားခဲ့တဲ့  အနုပညာရှင်ကြီးပါ။ လူတွေကို သာမက ရဟန်းတော်များအတွက် ပါ ‘ရဟန်းစားသော ဆွမ်းတစ်နပ်’  ဆိုတဲ့ရုပ်သံဇာတ်လမ်းကိုလည်း ထုတ်လွှင့်ပေးခဲ့သေးတယ်။



ဆရာကြီးရဲ့ စေတနာကို အ ပြန်ပြန်အလှန်လှန်သုံးသပ်ကြည့် မိတယ်။ ကျွန်တော်တို့တစ်တွေက ဗုဒ္ဓဘာသာဝင်တွေပါ။ ဒါပေမဲ့ ဗုဒ္ဓရဲ့သြ၀ါဒလမ်းညွှန်ချက်တွေ ကိုဘယ်လောက်လိုက်နာခဲ့သလဲ၊ ပြန်ပြီး ဆန်းစစ်ကြည့်မိပါတယ်။

 လူ့အဖွဲ့အစည်းကြီးမှာ ငါး ပါးသီလလုံခြုံနေတယ်ဆိုရင်ပဲ ‘ထောင်’ ဆိုတာရှိဖို့မလိုတော့ပါ ဘူး။ ဒီကနေ့ထောင်တွေ၊ အချုပ်  တွေရှိနေရတယ်ဆိုတာက လူ တွေရဲ့ ကိုယ်ကျင့်သီလဖောက် ဖျက်မှုတွေကြောင့်ပါ။ လူ့အဖွဲ့အ စည်းကြီးအတွင်းမှာ ငါးပါးသီလ သာလုံခြုံကြပါစေ၊ထောင်ဆိုတာ လည်းမလိုဘူး၊ အချုပ်စခန်းတွေ၊ တရားရုံးတွေလည်း မလိုအပ် တော့ပါဘူး။ တကယ်တော့လူ တွေလူ့ကျင့်ဝတ်ပျက်ပြားကုန် ကြလို့ ထောင်ဆိုတာပေါ်ပေါက် လာရခြင်းပဲဖြစ်ပါတယ်။

တစ်ချိန်က မြန်မာ့လူ့အဖွဲ့ အစည်းဟာ ဂုဏ်သိက္ခာရှိခဲ့ဖူးပါ တယ်။ ဆရာကြီး ဦးဂိုအင်ကာရဲ့  ဖခင်ပြောပြခဲ့ဖူးတဲ့စကားလေး ကို အမှတ်တရပြောပြချင်တယ်။

ဆရာကြီး ဦးဂိုအင်ကာရဲ့ ဖခင်ကြီးဟာ ကုန်သည်တစ် ယောက်ပါ။ တပည့်တပန်းတွေနဲ့ အရပ်တကာလှည့်လည်ပြီး ကုန် ရောင်းကုန်ဝယ်ပြုလုပ်ခဲ့ပါတယ်။   အဲဒီခေတ်က မြန်မာ့လူ့အဖွဲ့အ စည်းမှာ  တည်းခိုခန်းဆိုတာမ ပေါ်သေးပါဘူး။ ဇရပ်ကြီးတွေကို ခရီးသွားဧည့်သည်တွေနားခိုဖို့  ဆောက်ထားလေ့ရှိပါတယ်။

တစ်နေ့တော့ဆရာကြီး ဦးဂို  အင်ကာရဲ့ဖခင်ကြီးဟာအရောင်း  အ၀ယ်ခရီးထွက်ရင်းညမိုးချုပ်  တော့ ဇရပ်တစ်ဆောင်မှာ တည်း ခိုကြပါတယ်။ သူ့ရဲ့တပည့်တပန်း တွေနဲ့အတူ ဇရပ်ကြီးပေါ်မှာ တည်းခိုနားနေခဲ့ကြပါတယ်။

မနက်မိုးလင်းခါနီးမှာ ခရီး ဆက်ထွက်ကြပါတယ်။ လမ်း ရောက်တော့ ဆရာကြီးရဲ့ ဖခင်  ဟာသူ့ငွေအိတ် ဇရပ်ပေါ်မှာ ကျန်နေခဲ့တာကို သတိရလိုက်ပါ တယ်။ စိုးရိမ်စိတ်တွေလည်းဖြစ် ပေါ်သွားဟန်တူပါရဲ့။ အဲဒါ ကြောင့်ခရီးစဉ်ကို နောက်ပြန် လှည့်ဖို့ သူ့တပည့်တွေကို ပြော ပါသတဲ့။ 

တပည့်တွေကတော့ ဘာမှ မစိုးရိမ်ဖို့ပြောပါတယ်။ ငွေထုပ် လည်း ပျောက်စရာအကြောင်းမရှိ တဲ့အကြောင်း၊ အပြန်မှယူရင် လည်း ရနိုင်တယ်ဆိုတဲ့ အ ကြောင်းဖျောင်းဖျ ပြောဆိုကြပါ တယ်။ ဆရာကြီးရဲ့ ဖခင်ကတော့ စိတ်တထင့်ထင့်နဲ့ပေါ့။

အဲဒီလိုနဲ့ အရောင်းအ၀ယ် ပြီးလို့ အပြန်မှာသူတို့တည်းခဲ့တဲ့ ဇရပ်ကို ပြန်ရောက်လာကြပါ တယ်။ ဆရာကြီးရဲ့ဖခင်ဟာ ဇ ရပ်ပေါ်မှာ သူ့ငွေထုပ်ကို ခြေရာ လက်ရာမပျက်တွေ့လိုက်ရတော့ သိပ်အံ့သြသွားပါသတဲ့။ မြန်မာ နိုင်ငံမှာ သူခိုးဆိုတာမရှိတဲ့အ ကြောင်း သူကောင်းကောင်းသိ သွားပါတယ်။ သူ့သားဖြစ်တဲ့ ဆရာကြီး ဦးဂိုအင်ကာကို ဒီအ ကြောင်းပြောရင်း ‘‘မြန်မာနိုင်ငံမှာ အဖေတို့ လူလာဖြစ်ရတာ သိပ်ကံ ကောင်းတယ်။ ဒီလိုဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံမျိုးမှာ အဖေတို့ ရဲ့ ဘ၀တွေလုံခြုံစိတ်ချရတယ်’’ လို့ပြောဆိုခဲ့ဖူးပါသတဲ့။

အဲဒါကြောင့်လည်း ဆရာ ကြီးဦးဂိုအင်ကာဟာ ဗုဒ္ဓရဲ့ဆုံးမ သြ၀ါဒတွေကို တစ်သဝေတိမ်း လိုက်နာရင်း  လူ့အဖွဲ့အစည်းကြီး အတွက် တရားစခန်းတွေအများ ကြီးဖွင့်ပေးသွားခဲ့ပါတယ်။

ဒီဘက်ခေတ်ရောက်လာ တော့ ‘အူမတောင့်မှ သီလစောင့် မယ်’ ဆိုတဲ့အတွေးအခေါ်တွေပျံ့ နှံ့လာပါတယ်။ ကိုယ်ကျင့်တရား  ချွတ်ယွင်းနေတဲ့သူတွေဟာ အဲဒီ အတွေးအခေါ်တွေကို အသုံးချပြီး ကိုယ်ကျိုးရှာလာကြပါတယ်။ နောက်ပိုင်းဝိသမလောဘတွေ တက်လာကြရင်း ‘ပြည်သူပိုင် ပစ္စည်းကိုယ့်ပစ္စည်း’လို သဘော ထားလာကြပါတော့တယ်။

ဌာနဆိုင်ရာတွေမှာ ပိုပြီး ဆိုးရွားလာပါတယ်။ ဘတ်ဂျက် တွေ အလွန်အကျွံတောင်းလာ ကြတယ်။ ထက်၊ လယ်၊ အောက် ခွဲဝေယူခဲ့ကြတယ်။အမှန်တကယ် လုပ်ငန်းခွင်မှာ သုံးစွဲတဲ့ ငွေကြေး ပမာဏက ၄၀  ရာခိုင်နှုန်းတောင် မရှိချင်တော့ပါဘူး။

  မူလခန့်မှန်းသုံးစွဲမယ့်ငွေ ထက်လျော့နည်းရရှိလာတဲ့အခါ အရည်အသွေးမပြည့်မီတဲ့ပစ္စည်း တွေကို သုံးစွဲလာကြပြန်ပါတယ်။  ဒီလိုနဲ့စီမံကိန်းကြီးတွေဟာ အချိန် မတိုင်မီ ပျက်စီးသွားခဲ့ကြရပါ တယ်။ မိမိရဲ့သီလမလုံခြုံမှု ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ တွေအလုံးအရင်းနဲ့ ဆုံးရှုံးခဲ့ရခြင်း ပါ။

ကျွန်တော်တို့တစ်တွေ ‘တစ် ဘ၀၊ တစ်နပ်စာ’ သာကြည့်ခဲ့ ကြပါတယ်။ နောင်သံသရာထိမ တွေးခဲ့ကြတော့ပါဘူး။ ‘ငရဲနဲ့ ၀မ်းစာနီးရာလှမ်းမယ်’ ဆိုတဲ့အ တွေးအခေါ်တွေစိမ့်ဝင်လာခဲ့ပါ တယ်။ ‘အူမတောင့်မှသီလစောင့် မယ်’ ဆိုတဲ့အတွေးမှားကြောင့် ကျွန်တော်တို့တစ်တွေ တစ်သံ သရာလုံး မှောက်ကြရပါတော့ မယ်။

စွန်းလွန်းဆရာတော်ဘုရား ကြီးက သူ့ဝေနေယျတွေကို ပြော ခဲ့ဖူးတယ်။ ‘‘မင်းတို့တစ်တွေက ငရဲကို မမြင်မတွေ့ဖူးတော့ ကြောက်ရကောင်းမှန်းမသိဘူး’’ တဲ့။ ‘‘ငါကငရဲကို မြင်နေတွေ့နေ ရလို့မင်းတို့ကို သတိပေးနေရ တာ’’ တဲ့။

ကျွန်တော်တို့ ကိုယ်ကျင့်သီ လတွေဖျက်ဆီးခံလိုက်ရပါတယ်။  ဗုဒ္ဓရဲ့အဆုံးအမသြ၀ါဒအောက် ကလွတ်ထွက်သွားခဲ့ကြပါတယ်။   နှစ်ပေါင်း (၂၅၀၀) ကျော်လိုက်နာ ခဲ့တဲ့သီလကျင့်ဝတ်တွေဟာ ‘မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ၀ါဒသဘောထားကြေညာချက်’ တွေကြောင့် လမ်းမှားလိုက်ခဲ့မိ ကြပါတယ်။

အခုအချိန်မှာ အဲဒီအမှား ဟာ ပြင်ဖို့သိပ်ခက်သွားပါပြီ။  ဖြူစင်ခဲ့တဲ့ပ၀ါတစ်ထည်ဟာ အ စွန်းအထင်းရှိသွားပြီဆိုရင်ပဲ မူ  လအတိုင်းပြန်လည်ဖြူစင်ဖို့ခက် လှပါတယ်။

ကျွန်တော်ဝေဘူဆရာတော် ဘုရားကြီးကို ဖူးမြော်ခွင့်ရခဲ့စဉ် ကအဖြစ်အပျက်လေးကို သတိရ မိပါတယ်။ ကျွန်တော့်သူငယ်ချင်း ဦးလှပြုံးဆိုတဲ့ ကျန်းမာရေးမှူး တစ်ယောက်က ဆရာတော့်ဆီကို ခေါ်သွားခဲ့တာပါ။

 ကျွန်တော်တို့နှစ်ယောက်   ဆရာတော်ကို ဖူးမြော်ပြီးတဲ့အခါ မှာတော့ ဝေဘူဆရာတော်ကြီးက ‘ငါးပါးသီလ’ ချီးမြှင့်ပါတယ်။ ကျွန်တော်ကတော့ ငါးပါးသီလ ဆိုတာဆရာတော်တွေ ပေးနေကျ   ၀တ္တရားအတိုင်း ပေးတယ်လို့ပဲ မှတ်ယူခဲ့မိတာကိုး။ နောက်ပြီး ရဟန္တာလို့တောင်ကျော်ကြားနေ တဲ့ဆရာတော်ကြီးက ဒီလိုသာမန် ငါးပါးသီလလောက်ကိုပဲ ချီးမြှင့် ရကောင်းလားလို့ စိတ်ထဲမှာ ကွက်မိပါသေးတယ်။ အဲဒီတုန်း ကတော့ ဆရာတော်ကြီး ချီးမြှင့်ခဲ့ တဲ့ ငါးပါးသီလရဲ့ တန်ဖိုးကိုလေး လေးနက်နက်မဆင်ခြင်နိုင်ခဲ့ဘူး လေ။ အခုအသက်အရွယ်ကြီးရင့် လာတဲ့အချိန်ရောက်တော့မှ ဝေ ဘူဆရာတော်ကြီး ချီးမြှင့်ပေးခဲ့ တဲ့ ‘ငါးပါးသီလ’ဟာ ကျွန်တော့် အတွက်သာမက လူ့အဖွဲ့အစည်း  ကြီးအတွက်ပါ အင်မတန်တန် ဖိုးကြီးကြောင်း သဘောပေါက် လာပါတယ်။

ဆရာကြီး ဦးသုခရိုက်ကူး တင်ပြခဲ့တဲ့ ‘တစ်ပါးသီလ’ လောက်စောင့်ထိန်းရုံနဲ့တင်လော ကီ၊ လောကုတ္တရာ နှစ်ဖြာသောအ ကျိုးထူးကို ရနိုင်သေးရင် ‘ငါးပါး သီလ’ သာစောင့်ထိန်းလိုက်နာ နိုင်မယ်ဆိုရင်တော့ ပြောစရာ တောင်လိုမယ်မထင်တော့ ကြောင်းပါခင်ဗျာ။

No comments:

Post a Comment