Saturday, July 6, 2019

တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲမှု (၅၀)ရာခိုင်နှုန်းပြည့်မီရန် အသည်းအသန်ကြိုးစားနေရဟုဆို

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု (၅၀)ရာခိုင်နှုန်းပြည့်မီရန် အသည်းအသန် ကြိုးစားနေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ယနေ့(ဇွန်လ ၄ ရက်)မနက်ပိုင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။
“အခုဟာက တစ်နိုင်ငံလုံးလျှပ်စစ်သုံးနိုင်တာက ၄၅ ရာခိုင်နှုန်းပဲရှိပါသေးတယ်။ ၅၀ တောင်မပြည့်သေးဘူး။ ကျွန်တော်တို့မှန်းထားတာက ၂၀၂၁မှာ ၅၀၊ ၂၀၂၅မှာ ၇၅၊ ၂၀၃၀မှာ တစ်နိုင်ငံလုံးရအောင်လုပ်မယ်ဆိုပြီး၊ မှန်းထားတာက အခုဆိုရင် ၅၀ ရာခိုင်နှုန်းပြည့်ဖို့ကိုတော်တော်လေးကြိုးစားနေရတယ်။ အဲဒီအတွက် အဘက်ဘက်ကနေစဉ်းစားပြီးတော့ မီတာခတိုးကောက်တာကိုအလွှာအသီးသီးနဲ့ ဆွေးနွေးမှုတွေ အများကြီးလုပ်ပြီးဆုံးဖြတ်ခဲ့ရတာပါ” ဟုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ လျှပ်စစ်သုံးစွဲမှုမှာ ရေအားလျှပ်စစ်ကိုအဓိကထားအားပြုသုံးစွဲနေရပြီး နွေရာသီကာလများတွင် ဆည်များရေခမ်းသောကြောင့် လျှပ်စစ်ရရှိမှုအားနည်းခြင်းမှာလည်း နှစ်စဉ် ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းဒေသကြီးသည် သုံးစွဲမှုအများဆုံးဖြစ်နေပြီးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်း နီးပါးကို သုံးစွဲနေခြင်းဖြစ်သည်။ ပြီးခဲ့သည့်မေလနှင့် ဇွန်လကရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဖြန့်ဖြူးမှုကို မြို့နယ်အလိုက် အချိန်ပိုင်းဖြင့် ပေးရမှုများရှိခဲ့သော်လည်းဇွန်လ ၂၂ ရက်မှစတင်ပြီးပုံမှန်ပြန်လည်ပေးဝေခဲ့ကြောင်း သိရသည်။

No comments:

Post a Comment