Saturday, July 6, 2019

မြိတ်တွင် ရွှေသား ၇၀ ကျပ်သားခန့် ဖောက်ထွင်းခံရ

မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အ.ထ.က ၁ ကျောင်းလမ်း၊ Mergui Kitchen စားသောက်ဆိုင်ဘေးခြံ ၊ ဦးသက်ရွှေနေထိုင်တဲ့ ရှေးဟောင်းအိမ် ဖောက်ထွင်းခံရပြီး ရွှေသား ရွှေသား ကျပ် ၇၀ ခန့်နှင့် ငွေသားအချို့ ပျောက်ဆုံးသွားကြောင်းသိရပါတယ်။ ဦးသက်ရွှေတို့ မိသားစု ဇွန်လ ၈ ရက်နေ့က ရန်ကုန်သို့ထွက်သွားပြီး ဇူလိုင်လ ၅ ရက်နေ့နေ့လယ်ပိုင်းမြိတ်မြို့သို့ပြန်လည်ရောက်ရှိပြီး နေအိမ်သို့ပြန်ရောက်မှ ဖောက်ထွင်းခံရကြောင်းသိရှိရတာပါ ။ ဖောက်ထွင်းမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

No comments:

Post a Comment