Saturday, July 6, 2019

ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် စင်ကာပူရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိနေသည့် စင်ကာပူရေတပ်မှ စစ်ရေယာဉ် RSS VALOUR နှင့် RSS VALIANTတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ပို့ဆောင်နှုတ်ဆက်ကြသည်။ အဆိုပါ စစ်ရေယာဉ်များတွင် Senior Lieutenant Colonel Nicholas Tan Boon Hwee ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၁၄ဝ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇူလိုင် ၃ ရက်မှ ယနေ့အထိ သုံးရက်ကြာခရီးစဉ် ကာလအတွင်း နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment