Saturday, July 6, 2019

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၀ိတ်တန်းရှစ်တန်းတွင် လက်ဝှေ့သမား ၁၆ ဦး ဗိုလ်လုမည်

ယခုနှစ်ရွှေခါးပတ်ချန်ပီ ယံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၀ိတ်တန်း ရှစ်တန်းတွင် လက်ဝှေ့ ကလပ် ၁၃ ခုမှ ကစားသမား ၁၆ ဦး ဗိုလ်လုမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန်သည်။  အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ် ကို ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီ ခွဲတွင် မန္တလေးမြို့ ဒိုင်းမွန်းပလာ ဇာငါးလွှာ၌ ကျင်းပမည်ဖြစ် သည်။  ဇွန်လနောက်ဆုံးပတ်က မန္တလေးမြို့တွင် ကျင်းပသည့်အ ကြိုဗိုလ်လုပွဲစဉ်များ၌ အနိုင်ရ သည့် ကစားသမား ၁၆ ဦးကဗိုလ် လုပွဲတွင် ထိုးသတ်မည်ဖြစ်သည်။



ဗိုလ်လုပွဲတွင် ၀ိတ်တန်းရှစ် တန်း ပါဝင်မည်ဖြစ်ပြီး ဘားအံ၊ သထုံ၊ ရန်ကုန်၊ ကယား၊ မန္တလေး ရှိ အမျိုးသား လက်ဝှေ့သမား ၁၄ ဦးနှင့် အမျိုးသမီးလက်ဝှေ့သမား နှစ်ဦး စုစုပေါင်း ၁၆ ဦး ထိုးသတ် မည်ဖြစ်သည်။

အမျိုသား တွဲဆိုင်းတွင် ၅၁ ကီလိုတန်း၌ သိန်းစိုးနှင့်သန့်ဇင် ထူး၊ ၅၄ ကီလိုတန်း၌စောရွှေ လေးနှင့်အောင်ပိုင်၊ ၅၇ ကီလို တန်းတွင် ဗျ ဂ္ဃနှင့် ဟိန်းထွန်းအောင်၊ ၆၀ ကီလိုတန်း၌ နက္ခအောင်နှင့် စောမင်းနိုင်၊ ၆၃.၅ ကီလိုတန်းတွင် ထွန်းနိုင်ဦးနှင့် သွေးသစ်မောင်၊ ၆၇ ကီလိုတန်း၌ ရဲတံခွန်နှင့်စိန်မျိုး အောင်၊ ၇၁ ကီလိုတန်းတွင် ရှမ်း ကိုနှင့် ရန်နိုင်ထွန်းတို့ ဗိုလ်လုမည် ဖြစ်သည်။

အမျိုးသမီး ၄၉-၅၃ ကီ လိုတန်း၌ ရွှေကိုလေးနှင့် မေသ ဇင်ထူးတို့ ထိုးသတ်မည်ဖြစ်သည်။ ထို့အပြင် မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်း စိန်ခေါ်ပွဲအဖြစ် စည်တော်ဟိန်းနှင့် ဇွဲမာန်အောင်၊ သားဒိန်းနှင့်ဘွိုင်ကာတို့ ထိုးသတ် မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပ ရေးက ထုတ်ပြန်သည်။  ပြိုင်ပွဲတွင် ချန်ပီယံရွှေခါး ပတ်အပြင် ပွဲစဉ်တစ်လျှောက် အ ကောင်းဆုံး လက်ဝှေ့သမားဆု၊  အတိုးတက်ဆုံး လက်ဝှေ့ကလပ် ဆုနှင့် ဂုဏ်ထူးဆောင် လက်ဝှေ့ နည်းပြဆုများချီးမြှင့်ရန် စီစဉ် ထားကြောင်း ပွဲစီစဉ်သူ ဦးစိုင်း ဇော်ဇော်က ပြောသည်။

No comments:

Post a Comment