Saturday, July 6, 2019

ရရှိထားသည့် သက်သေအထောက်အထားများမှာ ခိုင်မာပြီး လူစားထိုးခြင်းမျိုးလုံးဝမရှိကြောင်း နေပြည်တော် Wisdom Hill ကျောင်းမှ မိန်းကလေးငယ် လိင်အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဒုတိယရဲချုပ် ရှင်းလင်း

 နေပြည်တော် သမ္မတအိမ်တော်တွင် ဇူလိုင် ၅ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဒုတိယရဲချုပ် ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-နေရိုင်း)ရရှိထားသည့် သက်သေအထောက်အထားများမှာ ခိုင်မာပြီး လူစားထိုးခြင်းမျိုး လုံးဝမရှိကြောင်း နေပြည်တော်  Wisdom Hill ကျောင်းမှ ကလေးငယ် လိင်အကြမ်းဖက်ခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် အောင်နိုင်သူကပြောကြားခဲ့သည်။ ဒုတိယရဲချုပ်က “တကယ်တမ်းကျတော့ ဒီကျောင်းထဲမှာ CCTV ကင်မရာ မရှိဘူး။ ဒီကျောင်းရဲ့ ဟိုဘက်က အဲဒီကျောင်း အကြီးတန်းတွေနေတဲ့ လမ်းရဲ့တစ်ဖက်က နေရာက CCTV က ဒီဘက်ကို ထိုးထားတာ ရှိပါတယ်။ အဲဒီအခြေအနေတွေကို ကျွန်တော်တို့ နာရီစဉ်နဲ့ ကြည့်ပါတယ်။
မနက် ၈ နာရီကနေ ဒီကလေး ကားပေါ်တက်သွားတဲ့အချိန်အထိ ကြည့်လိုက်တဲ့အချိန်မှာ အမျိုးသမီးတွေပဲ ဝင်ပြီးတော့ အမျိုးသားဝင်တာ တစ်ခုမှမရှိဘူး။ အမျိုးသမီး ဆရာမတွေပဲဝင်တယ်။ ဒီအထဲမှာ ကျွန်တော်တို့ ထူးထူးခြားခြားတွေ့တာက ဘာသွားတွေ့လဲဆိုတော့ ၃ နာရီ ၁၂ မိနစ်မှာ အမျိုးသားတစ်ဦးဝင်ထားတာ ရှိတယ်။ ဒီအမျိုးသားသည် ၂၈ မိနစ် ဒီထဲမှာ ရောက်နေပါတယ်။ ဆိုလိုတဲ့သဘောက ဒီအထဲမှာကျန်တဲ့ အမျိုးသားတွေတောင် ဝင်ခွင့်မရတဲ့နေရာမှာ ဒီအမျိုးသားရောက်နေတယ်။ ဒီအမျိုးသားသည် ဒီကျောင်းက ကားမောင်းသမားတော့ မဟုတ်ဘူး။ အဲဒီတော့ကျွန်တော်တို့က ဒါသံသယဖြစ်စရာတော့ ဖြစ်နေတယ်။ ဒီအမျိုးသား ဘယ်သူလဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့ CCTV မှာ တွေ့တဲ့အထဲမှာ အင်္ကျီလက်ရှည်အဖြူရောင်နဲ့ ကော်လံစတစ်နဲ့ အောက်ကပုဆိုးအပြာနဲ့ အပေါ်မှာ ဦးထုပ်ဆောင်းထားတယ်။ ဒီအမျိုးသားဟာ Super Custom တစ်စီးနဲ့ ပါလာတယ်လို့ ယူဆရတယ်။ ဒီဘက်ကျောင်းဘက်မှာ လာရပ်တယ်။ ရပ်ပြီးတော့ လမ်းလျှောက်သွားပြီးတော့မှ အဲဒီအခန်းထဲ ဝင်သွားတယ်။ အဲဒီတော့ ဒီအမျိုးသား အဲဒီလိုဝင်သွားပြီးတဲ့အချိန်မှာ ဒီအမျိုးသားကို ကားသမားအဖြစ် ခန့်မယ့် ကားတစ်စီးရှိတယ်။ အဲဒီကားက ဒီကျောင်းက ကားတော့မဟုတ်ဘူး။ ဒီကျောင်းက ကျောင်းအုပ်ဆရာမရဲ့ ကားဖြစ်တယ်။ ကျောင်းအုပ်ဆရာမ ကားကနေပြီးတော့မှ အဲဒီအရှေ့ကို လာရပ်တဲ့အချိန်မှာပဲ ဒီကောင်က အဲဒီကားပေါ်ကို တက်ဖို့ ဒီဘက်ကို တံခါးလာဖွင့်တယ်။ အဲဒီလို မဖွင့်ခင်မှာ လက်တွေနမ်းတယ်။ ဒီလို အခြေအနေလေးတွေ ဒါကျွန်တော်တို့ သက်သေခံပစ္စည်းတွေနဲ့ တင်ထားတာ ရှိပါတယ်။ သို့သော် ကျွန်တော်တို့က ဒီအချက်သည် ကျွန်တော်တို့ မသင်္က࿿ာတဲ့အချက်ပဲ ရှိသေးတယ်။ အဲဒါကြောင့်မို့လို့ အဲဒီအချက်တွေမှာ ခုနကပြောတဲ့ ဒီအချက်အလက်တွေ စစ်ဆေးပြီးတော့ ရရှိတဲ့အချိန်မှာ ၃၀ ရက်နေ့မှာ သူ့ကို ကျွန်တော်တို့ဆီက ဖမ်းလိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။


ဆက်လက်၍ “ဖမ်းလိုက်သော်လည်းပဲ ခုနကပြောတဲ့ ကလေးက သူ့ကို ကာကွယ်ဆေးတွေ ကျွေးထားတဲ့အတွက် ကျွန်တော်တို့နဲ့ တွေ့ခွင့်က မရသေးဘူး။ ကလေးကို ကျွန်တော်တို့ အထောက်အထားလေးတွေ အများကြီးလိုနေပြီ။ အဲဒီအချိန်မှာ ကလေးရောက်လာတဲ့ အချိန်ကျတော့ ကျွန်တော်တို့ကို ပေးတွေ့ပါ။ ကျွန်တော်ပြောတဲ့အချိန်မှာ သူ့အဖေက ကျွန်တော်တို့ကို ပြောပြတယ်။ ကျွန်တော့်သမီးက လူတွေအများကြီးထဲဆို နည်းနည်းကြောက်နေတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုပြောထားတဲ့ ဟာရှိတယ်။ ကျွန်တော်ပြောထားတဲ့ဟာ ဟောဒီမှာ ဗီဒီယိုဖိုင်လိုက်ရှိတယ်ဆိုတာ ကျွန်တော်တို့ကို ပြပါတယ်။ အဲဒီတော့ သူက ဘာကိုသွားပြလဲဆိုတော့ သူသည်လည်း မိဘတစ်ယောက်ဖြစ်တဲ့အတွက် ဒီကျောင်းက CCTV Record အဲဒီ  Record တွေ သူယူပြီးတော့ သူစိစစ်ပါတယ်။ စိစစ်တဲ့အခါမှာ ဒီကလေးလေးက ခုနက ကျွန်တော်ပြောတဲ့ ဟိုဘက် Super Custom ဘက်ကနေ ပြန်ထွက်လာတဲ့လူ။ အခုနပြောတဲ့ လူတစ်ယောက်တည်း၊ ဒီထဲဝင်တဲ့လူ။ အဲဒါကိုကိုပဲလို့ ပြောပါတယ်။ ကျွန်တော်တို့က စီစီတီဗွီရဲ့အချက်ကို ကလေးက ထောက်ပြပြီးတော့မှ သူကိုယ်တိုင်သူ့မိဘရှေ့မှာ လက်ညှိုးထိုးပြီးတော့မှ လက်ညှိုးထိုးပြတယ်။ အဲဒီတော့မှ အဲဒါကိုကိုပဲ။ သမီးဘာလုပ်တာလဲ။ သမီးကို ပထမပေါင်ကိုဆွဲလိမ်တယ်။ ပြီးတော့ သမီးရဲ့ ဒီထဲကို နှိုက်ပါတယ် ဆိုပြီးတော့ပြောတယ်။ ဒါကလေးကပြောတာ ဖြစ်ပါတယ်” ဟု ဒုတိယရဲချုပ်ကဆိုသည်။


ကလေးသည် မုသားပြောစရာ အကြောင်းမရှိကြောင်း၊ ပထမကတည်းက မသင်္က࿿ာသော်လည်း အချက်အလက်များ မရသေး၍ မိမိတို့ဖယ်ထားသည့်လူဖြစ်ပြီး ပြန်လွှတ်ထားခြင်းဖြစ်ကြောင်း၊ DNA ဆိုသည်မှာ ကလေးမိခင်သည် ကလေး၏ဘောင်းဘီကို ရေစိမ်ပစ်လိုက်သည့်အတွက် တော်တော်ပျက်နေသည့် အနေအထားဖြစ်၍ မှားယွင်းမည်ကို မိမိတို့အနေဖြင့် လက်မခံနိုင်ကြောင်း ゞင်းကဆက်လက်ပြောကြားသည်။

“အဲဒီတော့ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီကလေးရဲ့ ထိုးပြချက်ကို တွေ့တဲ့အချိန်မှာ ဒီအချက်အပေါ်မှာ ဒီကောင်ဖြစ်မယ်။ ကျွန်တော်တို့  ပထမ မသင်္က࿿ာတာလည်းသူပဲ။ သူ့ကို ဖမ်းဆီးစဉ်က သူ့ရဲ့အတွင်းခံဘောင်းဘီကို သိမ်းထားတာရှိပါတယ်။ အတွင်းခံဘောင်းဘီ မှာလည်း သုက်ပိုး သွားတွေ့ပါတယ်” ဟု ဒုတိယရဲချုပ်က ပြေကြားသည်။

ထို့ပြင် ကလေးငယ်သည် နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ အပိုင်းသုံးပိုင်းထဲတွင် ဖြစ်သွားသည့် အနေအထားဖြစ်ကြောင်း၊ သက်ရှိသက်သေဖြစ်သည့် ကလေးကိုယ်တိုင် ပြောဆိုကြောင်း၊ သက်မဲ့သက်သေများဖြစ်သည့် နည်းပညာဆိုရာ စစ်ဆေးတွေ့ရှိချက်များလည်း မိမိတို့ကို အထောက်အထားများ ပေးနေသည့်အချိန်တွင် မိမိတို့အနေဖြင့် တရားစွဲတိုင်ရမည့် အပိုင်းဖြစ်ကြောင်း ဒုတိယ ရဲချုပ်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ကို အထောက်အထားတွေ ပေးနေတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ တရားစွဲတိုင်ရမယ့် အပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာ တရားရုံးရဲ့ စီရင်ချက်က  တရားသူကြီးရဲ့ သုံးသပ်ချက်ပဲဖြစ်ပါတယ်။ ဒီအပိုင်းသုံးပိုင်းထဲမှာ ဘယ်အပိုင်းဖြစ်ဖြစ် ပြန်စဉ်းစားရင် ရှင်းရှင်းလေးဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုဖြစ်နေတဲ့အခြေအနေမှာ ယောကျာ်းလေးတစ်ယောက်မှ မဝင်နိုင်တဲ့နေရာကို ယောကျာ်းလေးဝင်ထားတယ်။ ဒီတစ်ယောက်တည်းပဲရှိတယ်။ စီစီတီဗွီထဲမှာ မီးပျက်လို့ ပျက်နေတယ်ဆိုတာ မဟုတ်ပါဘူး။ အော်ရီဂျင်နယ်စတိတ်နဲ့ ကျွန်တော်တို့ စိစစ်တာဖြစ်ပါတယ်။ လုံးဝဖျက်ထားတာမရှိဘူး။ သို့သော် မီးအားကျလို့ Load ဆွဲတဲ့အခါမှာ သုံးမိနစ်လောက် ခဏရပ်တာရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်အတွင်းမှာ လုံးဝလုံးဝ ယောကျာ်းလေးမဝင်ဘူးဆိုတာ ဆက်စပ်အချက်အလက်တွေအရ အကုန်လုံးတွေ့ရပါတယ်။ အဲဒီတော့ ဒီထဲမှာဖြစ်တာ ဒီလူကြီးကလုပ်တာကို ကလေးက ဒီလောက်လေးပဲလားဆိုပြီး သုံးသပ်မယ်လို့ ကျွန်တော်သိပါတယ်။ သို့သော် ကျွန်တော်တို့ နှမချင်းမစာနာလို့ ပြောတဲ့စကားမဟုတ်ဘူး။ ကလေးက ပြောနေတာက သူ့ကို လက်နဲ့လုပ်တယ်လို့ ပြောထားပါတယ်။ အဲဒီလိုဆိုရင် ဘာလို့ သုက်ပိုးရှိလည်းလို့ မေးနိုင်တယ်။ သူလည်း ဒီလိုစိတ်များရှိနေခဲ့ရင် ဒီထဲမှာ နှိုက်ထားမယ်ဆိုရင်ဆိုပြီး သုံးသပ်ရပါတယ်။ နှိုက်ထားပြီးတော့ ဒီကလေးကို နှိုက်လိုက်ရင် ဒီသုက်ပိုးက ပါသွားနိုင်ပါတယ်။ အဲဒီတော့ ဒီအချက်အ လက်လေးတွေအပေါ်မှာ ကျွန်တော်တို့မျက်ကွယ်မှာ ဖြစ်တဲ့အမှုအပေါ်မှာ ဆက်စပ်တဲ့ အချင်းအရာပေါ်မှာ တရားစွဲတင်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအမှုကို ဒီလောက်အထိ ကြာသွားအောင်လုပ်ရတဲ့ အကြောင်းအရင်းကကလေးရဲ့ ကျန်းမာရေးအရ ကြာသွားတဲ့အနေအထားပဲဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အမှားအယွင်းမရှိအောင် အတတ်နိုင်ဆုံးဆောင်ရွက်တယ်။ တစ်ဘက်သားလူလည်း မနစ်နာအောင် ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ရဲရဲ့ဆောင်ရွက်ချက်ကို တရားရုံးကလည်း ဆုံးဖြတ်ဦးမှာဖြစ်ပါတယ်” ဟု ဒုတိယရဲချုပ်က ပြောကြားခဲ့သည်။

DNA စစ်ဆေးရန်အတွက် အခင်းဖြစ်ပွားနေ့တွင် ဝတ်ဆင်ခဲ့သည့် ကျောင်းဝတ်စုံကို သိမ်းယူခဲ့ကြောင်း၊ ရေစိမ်ထားသည့်အတွက် ပျက်ယွင်းမှုများရှိနေ၍ DNA ကို လုံးဝအားကိုး၍ မရကြောင်း၊ ဓာတုနည်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကလေးငယ်၏ အသံဖိုင်ဆိုသည်မှာ ရဲတပ်ဖွဲ့မှ ထွက်ပေါ်လာခြင်းမဟုတ်သည်မှာ သေချာကြောင်း ဒုတိယရဲချုပ်က ဆိုသည်။

ပြင်ပ၌အမှုတွင် လူစားထိုးထားသည်ဟု ဝေဖန်မှုအပေါ် မေးမြန်းမှုကို “ကျွန်တော်တို့ ရဲတပ်ဖွဲ့က ချစ်ခြင်းမုန်းခြင်း မပါပါဘူး။ ကျွန်တော်တို့ဟာ အားလုံးအတွက် လုပ်တာပါ။ ကျွန်တော်တို့ဆီမှာ လာအမှုဖွင့်တယ်ဆိုရင် ကျွန်တော်တို့မသိတဲ့လူ လာအမှုဖွင့်တာ။ ဒီအမှုကို ကျွန်တော်တို့ကိုယ်တိုင် ခံစားပြီးတော့ လုပ်ကြတာဖြစ်ပါတယ်။  ဒါကြောင့်မလို့ ကျွန်တော်တို့ ဒီလိုမရှိပါဘူး” ဟု ဒုတိယ ရဲချုပ်က ပြန်လည်ဖြေကြားသည်။

No comments:

Post a Comment