Saturday, July 6, 2019

ပီရူးနှင့်ကိုပါဖလားဗိုလ်လုပွဲကို ဘရာဇီးတိုက်စစ်မှူး ဝီလီယံလွဲချော်

ဘရာဇီးတိုက်စစ် မှူး ဝီလီယံသည် တံကောက် ကြောဒဏ်ရာကြောင့် ပီရူးနှင့်ရင် ဆိုင်မည့် ကိုပါအမေရိကဗိုလ်လုပွဲ လွဲချော်မည်ဖြစ်သည်။ ချယ်လ်ဆီးတိုက်စစ်မှူး ဝီ လီယံ (၃၀) နှစ်သည် အာဂျင်တီး နားကို ၂-၀ ဂိုးဖြင့်နိုင်သော ဆီမီး ဖိုင်နယ်ပွဲတွင် တံကောက်ကြော ဒဏ်ရာရရှိသဖြင့် တနင်္ဂနွေနေ့ ပီရူးနှင့် ယှဉ်ပြိုင်မည့်ဘရာဇီးအသင်း၌ ပါဝင်ကစားနိုင်မည် မဟုတ်ပေ။ ယခုပြိုင်ပွဲမတိုင်မီက ဒဏ် ရာရရှိခဲ့သော ပီအက်စ်ဂျီကြယ် ပွင့်နေမာ၏ နေရာတွင် လူစားထိုး ခြင်းခံရသော ဝီလီယံသည် အာ ဂျင်တီးနားနှင့်ပွဲ ဒုတိယပိုင်း၌ ပါ ဝင်ကစားခဲ့ပြီး တံကောက်ကြော ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။


ဘရာဇီးက ၎င်းတို့၏နဝမ မြောက် ကိုပါအမေရိကဖလားနှင့် ၂၀၀၇ နောက်ပိုင်း ပထမဆုံး ဖလားရရန် ကြိုးပမ်းနေစဉ် ရီယိုဒီ ဂျနေရိုးမြို့၌ ယှဉ်ပြိုင်မည့် ဗိုလ် လုပွဲတွင် ဝီလီယံပါဝင်မည်မဟုတ် ဟု ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က အတည်ပြုသည်။   ဘရာဇီးနည်းပြတိုက်က ပီရူးနှင့်ပွဲမှ ရလဒ်နှင့်မဆိုင်ဘဲ ၎င်း သည် ယင်းရာထူးတွင်ဆက်ရှိနေ မည်ဟု ပြောကြားထားပြီး ဝီလီယံ ၏နေရာ၌ အစားထိုးရန်ကစား သမားသုံးဦးအထိ ရွေးထားသည် ဟု ပြောကြားသည်။

No comments:

Post a Comment