Saturday, July 6, 2019

မူးယစ်ဖမ်းဆီးရမိမှု ကွင်းဆက်လိုက်ရာတွင် ပြည်သူ့စစ်နယ်မြေသို့ ရောက်သွား၍ ဒိုင်ကို ဖမ်းမမိဖြစ်နေဟု ကချင်ဝန်ကြီးချုပ်ပြော ငြိမ်းချမ်းရေးရပါက ရင်ဆိုင်နေရသည့် ပြဿနာအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါး အလိုလိုဖြေရှင်းနိုင်မည်ဟုဆို

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ကွင်းဆက်လိုက်ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူ့စစ်နယ်မြေသို့ ရောက်သွား၍ ဒိုင်ကို ဖမ်းမမိဖြစ်နေကြောင်းနှင့် ငြိမ်းချမ်းရေးမရသေး၍ မူးယစ်ဆေးကိစ္စအပါအ၀င် ပြဿနာများ ဖြေရှင်းရာတွင် ထိရောက်မှုမရှိ ဖြစ်နေကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ တတိယတစ်နှစ်တာကာလအ တွင်း ပြုပြင်ပြောင်းလဲရေးလုပ် ငန်းများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၅ ရက်က မြစ်ကြီးနားမြို့၌    ပြုလုပ်ရာ ကချင်ပြည်နယ်အတွင်း နာမည်ကျော်ကြားနေသည့် မူးယစ်ဒိုင်ကြီးကို ဖမ်းဆီးရရှိမှုမရှိသည့် အကြောင်းရင်းနှင့် ကြုံနေရသည့် အခက်အခဲကို သိလိုကြောင်း The Kachin Times သတင်းဌာန သတင်းထောက်က မေးမြန်းခဲ့ သည်။

ယင်းသို့ မေးမြန်းမှုအပေါ် မူးယစ်ဒိုင်ကြီးကို ဖမ်းဆီးရမိရေး သက်ဆိုင်ရာဌာနကို အစဉ်အမြဲ တိုက်တွန်းခဲ့ကြောင်း၊ မကြာသေး မီက ဖမ်းမိခဲ့သည့် မူးယစ်ဆေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က ကွင်းဆက်လိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက် သွားကြောင်း ၀န်ကြီးချုပ်က ရှင်းပြသည်။

‘‘ရောက်ပြီးတော့ ဘယ်နယ် ထဲဝင်သွားသလဲဆိုတော့ ပြည်သူ့စစ်ရဲ့နယ်ထဲဝင်သွားတယ်။ အဲဒီအခါကျတော့ ဒိုင်ကို မမိဘူး။ ဒါက ကျွန်တော်တို့နိုင်ငံက ငြိမ်းချမ်းရေးမရသေးတဲ့အတွက် ရင်ဆိုင်နေရတဲ့ ဒီပြဿနာတွေ  ဖြေရှင်းတဲ့နေ ရာမှာ ထိရောက်မှုမရှိဘူး။ တကယ်လို့သာ  ကျွန်တော်တို့ပြည် နယ်၊ ကျွန်တော်တို့နိုင်ငံကြီး ငြိမ်းချမ်းရေးရမယ်ဆိုရင် ဒီနေ့ ကျွန်တော်တို့ရင်ဆိုင်နေတဲ့ ပြဿနာအကုန်လုံး ၉၀ ရာခိုင်နှုန်းနီးပါး ဒါအလိုလို ဖြေရှင်းပြီးသား၊ ဖြေရှင်းချက်အားလုံးကို ကျွန်တော်တို့ အကျိုးခံစားရမှာပါ’’ ဟု ၀န်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောသည်။

တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များအနေဖြင့် မူးယစ်ဆေးနှင့်ပတ်သက်မှု ရှိနေ ကြောင်း  ပြောဆိုမှုများနှင့်ပတ် သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံ မေးမြန်းရာ ပြည်သူ့စစ်အဖွဲ့ဝင်အချို့ နှင့် ပတ်သက်မှုရှိနိုင်သည်ဟု ဇွန်လ ၂၆ရက်က ဖြေကြားထား သည်။

‘‘ပြည်သူ့စစ်အဖွဲ့တွေက တရားဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိတယ်။ ယခင်က တည်းကတိုင် တရားဝင်မဟုတ် ဘဲနဲ့  ကျွန်တော်တို့ အလှမ်းမမီတဲ့ ဒေသတွေမှာ ရပ်ရွာအစီအစဉ်နဲ့ ဖွဲ့စည်းထားတဲ့ ဟာမျိုးတွေရှိ တယ်။ တရားမ၀င်ဘူးဆိုပေမယ့် ဆက်ရှိနေတဲ့ ပုံစံမျိုးတွေရှိတယ်။ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့တို့ အဲဒီလိုမျိုးလေးတွေရပ်ရွာ အလိုက် ဖွဲ့စည်းထားတာလေး တွေ ရှိတယ်။ အချိန်ကာလရွေ့ လျားလာတာနဲ့အမျှ သူက လက်နက်ကိုင် အဖွဲ့အစည်းမှာတော့ မပါဘူး။ အဲဒီစီးပွားရေးလုပ်ငန်း တွေ လုပ်ကိုင်နေတဲ့လူတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေနဲ့ပတ်သက် ပြီး တပ်မတော်အနေနဲ့ မူးယစ် ဆေးဝါးနဲ့ပတ်သက်ပြီး နိုင်ငံတော် အစိုးရနဲ့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက် လျက်ရှိပါတယ်’’ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက် ရေးအတွက် အဓိက စိန်ခေါ်မှုများ မှာ တိုင်းရင်းသားဒေသများ၌ ဖွံ့ဖြိုးမှုနောက်ကျနေခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ငန်းသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းပုံစံ ဖြစ်နေခြင်းတို့ဖြစ်သည်ဟု ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွဆေးအပါအ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်း ၀ယ်မှု အမြင့်မားဆုံး နိုင်ငံများစာ ရင်းတွင် ပါဝင်နေသကဲ့သို့ ကချင်ပြည်နယ်အပါအ၀င် မြန်မာတစ် နိုင်ငံလုံး၌ မူးယစ်ဆေးဝါးရောင်း ၀ယ်သုံးစွဲမှုများ မြင့်မားနေသည်။

No comments:

Post a Comment