Saturday, July 6, 2019

ပြည်ခရိုင်တရားရုံးရှေ့၌ ဓါးထိုးမှုကျုးလွန်သူ ရဲစခန်းတွင် လာရောက်အဖမ်းခံ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ကျောင်းကြီးအိုးတန်း ရပ်ကွက်တရားရုံးရှေ့ ထမင်းဆိုင်တွင် လွန်ခဲ့သော ၃ပတ်ခန့် ကဖြစ်ပွားခဲ့သော ဓါးထိုးမှုမှ ပြစ်မှုကျုးလွန် ဇူလိုင်(၅)ရက်နေ့ ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့ကြောင်းသိရသည်။ (၁၀.၆.၂၀၁၉)ရက်နေ့ နေ့လည်တွင် ပြည်ခရိုင်တရားရုံရှေ့ ထမင်းဆိုင်တွင် ကော်ဖီထိုင်သောက်နေသော ကိုကျော်ကျော်ဥာဏ်ဝင်း အောင်ဆန်းပြည်သာယာရပ်ကွက်တွင်နေထိုင်သူအား ချစ်မင်းလူ သန္ဓေပင်ရပ်ကွက်နေသူမှ ဓါးမြှောင်ဖြင့်ထိုး၍ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
ထိုသို့ဓါးဖြင့်ထိုးခံရသဖြင့် ကိုကျော်ကျော်ဥာဏ်ဝင်းတွင် ဂုတ်ပိုး ထိုးသွင်းဒဏ်ရာရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူခဲ့ရကြောင်းသိရပြီး ပြည်အမှတ်(၁)နယ်မြေရဲစခန်းမှ (ပ)၆၄၀ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ - ၃၂၆ ဖြင့်အမှုဖွင့်ထားရှိကြောင်း ပြည်အမှတ်(၁)ရဲစခန်းမှသိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျုးလွန်သူ ချစ်မင်းလူမှ (၅.၇.၂၀၁၉)ရက်နေ့တွင် ပြည်အမှတ်(၁)ရဲစခန်းသို့လာ ရောက်ကာ ၄င်း၏ပြစ်မှုအားရင်ဆိုင်ရန် အဖမ်းခံခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment