Saturday, July 6, 2019

ဆေးရုံအမှားကြောင့် မြေမြှုပ်ခံရတော့မည့်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့သည့် အိန္ဒိယလူငယ်

ပုဂ္ဂိလဆေးရုံတရုံရဲ့ များယွင်းတဲ့မှတ်ချက်ကြောင့် အိန္ဒိယနိုင်ငံက အသက် ၂၀ အရွယ်လူငယ်တဦးဟာ အရှင်လတ်လတ် မြေမြှုပ်ခံရမယ့် အရေးကနေ လက်မတင်လေး လွတ်မြောက်သွားခဲ့တယ်လို့ ဇူလိုင် ၅ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံ လက်ခ်နောင်းမြို့မှာဖြစ်ပွားခဲ့တာပါ။ မိုဟာမက် ဖာကန်လို့ ခေါ်တဲ့အသက် ၂၀ အရွယ်လူငယ်တဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်မှာ မတော်တဆမှုတခုနဲ့ ရင်ဆိုင်ခဲ့ရပြီး အရေးပေါ်အခြေအနေအဖြစ် ဆေးရုံတင်ပို့ခဲ့ရပါတယ်။



သူဟာ အရေးပေါ်အခြေအနေနဲ့ ကာလရှည်နေထိုင်ခဲ့ရပြီး မိသားစုက သူ့အတွက် ဆေးဖိုးတွေ မပေးနိုင်တော့တဲ့အချိန်မှာတော့ ဖာကန်ဟာ သေဆုံးသွားခဲ့ပြီလို့ ဆရာဝန်တွေက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဖာကန်ရဲ့ မိသားစုတွေဟာ သူ့နာရေးအတွက်ပြင်ဆင်ခဲ့ကြပြီး တစုံ တယောက်က ဖာကန်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ဟာ အနည်းငယ်လှုပ်ရှားနေသေးတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် သူတို့ဟာ ဖာကန်ကို နောက်ထပ်ဆေးရုံတခုဆီ ခေါ်ဆောင်သွားခဲ့ပြီး ဆေးစစ်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆရာဝန်တွေက ဖာကန်ဟာ အသက်ရှင်နေဆဲဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပြီး လိုအပ်တဲ့ကုသမှုတွေကို ဆက်လက်ပြုလုပ်ပေးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

“ကျနော်တို့ အရင်ဆေးရုံမှာတုန်းက ရူပီး ၇ သိန်းကုန်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ မှာ ဆေးဖိုးမရှိတော့ဘူးလို့ ဆရာဝန်တွေကို ပြောလိုက်တဲ့အခါမှာတော့ ဖာကန်သေဆုံးသွားခဲ့ပြီလို့ သူတို့က ပြောခဲ့ပါတယ်” လို့ ဖာကန်ရဲ့အစ်ကိုဖြစ်သူကပြောပါတယ်။

ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံတွင်းက ကျန်းမာရေးစောင့်ရှောက်မှုတွေအပေါ် ဒေသတွင်း သတင်းဌာနတွေရဲ့ အာရုံစိုက်မှုကိုဖြစ်စေခဲ့ပြီး ကျန်းမာရေးတာဝန်ရှိသူတွေကလည်း ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီလို့ သိရပါတယ်။

No comments:

Post a Comment