Saturday, July 6, 2019

ဂျီဘရော်တာတွင် ထိန်းသိမ်းခံရသော ရေနံတင်သင်္ဘ࿿ောအား ချက်ချင်းပြန်လွှတ်ပေးရန် အီရန်က ဗြိတိန်ကို တောင်းဆို

ဂျီဘရော်တာတွင် ထိန်းသိမ်းခဲ့သည့် ရေနံတင်သင်္ဘ࿿ောအား ဗြိတိန်က ချက်ချင်းပြန်လွှတ်ပေးရန် အီရန်က ဇူလိုင် ၅ ရက်တွင် တောင်းဆိုခဲ့ပြီး ဗြိတိန်သည် အမေရိကန်၏ တောင်းဆိုမှုကို လိုက်လျောခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ ဗြိတိန်၏ လုပ်ရပ်သည် လက်သင့်ခံစရာမကောင်းကြောင်း ထိုထိန်းသိမ်းခံရမှုအတွက် တရားဝင် ကန့်ကွက်ရန် ဗြိတိန်သံအမတ်ကြီး Rob Macaire အား ဆင့်ခေါ်ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

မြေထဲပင်လယ်သို့ အနောက်ဘက်ဝင်ပေါက်၌ စပိန်၏ တောင်ဘက်စွန်းရှိ ဗြိတိန်၏ ပြည်ပနယ်နိမိတ်တစ်ခုဖြစ်သော ဂျီဘရော်တာမှ အာဏာပိုင်များက ထိုရေနံတင်သင်္ဘ࿿ောသည် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်၍ ဆီးရီးယားသို့ ပို့ရန်ရေနံစိမ်းများ တင်ဆောင်လာသည်ဟု သံသယရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်တွင် သဘောတူထားခဲ့သည့် ယူရေနီယံသန့်စင်မှု ကန့်သတ်ချက်အား ချိုးဖျက်မည်ဟု ကြေညာထားသည့် အီရန်အား တုံ့ပြန်ရန်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂက အလေးအနက်ထား စဉ်းစားနေစဉ် အရှည်မီတာ ၃၀ဝ (ပေ ၁၀ဝ၀) ရှိသော Grace 1 ရေနံတင်သင်္ဘ࿿ော ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ဗြိတိန်မရိန်းတပ်ဖွဲ့ဝင်များ ထောက်ကူမှုဖြင့် ဂျီဘရော်တာရှိ ရဲနှင့် အကောက်ခွန်တာဝန်ရှိသူများက ဇူလိုင် ၄ ရက် အစောပိုင်းတွင် ထိုသင်္ဘ࿿ောကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။


စပိန်ကလည်း ゞင်းတို့ ပိုင်ဆိုင်သည်ဟု အခိုင်အမာပြောကြားထားသည့် ဗြိတိန်ရေပိုင်နက်ဟု ယူဆရသော ဂျီဘရော်တာ တောင်ဘက် ၂.၅ မိုင်ခန့်အကွာတွင် ထိုသင်္ဘ࿿ော ထိန်းသိမ်းခံရခြင်းဖြစ်သည်။ Grace 1 သည် ဆီးရီးယားရှိ ရေနံချက်စက်ရုံထံ ပေးပို့မည့် ရေနံစိမ်းများကို သယ်ဆောင်လာသည်ဟု ယူဆရကြောင်း၊ ထိုစက်ရုံသည် ဥရောပသမဂ္ဂက ဆီးရီးယားအား ပိတ်ဆို့အရေးယူထားသည့် စာရင်းတွင် ပါဝင်ကြောင်း ဂျီဘရော်တာအုပ်ချုပ်ရေးမှူး ဖေဘီယန်ပီကာဒိုက ပြောကြားခဲ့သည်။

အမေရိကန်၏ မေတ္တာရပ်ခံမှုကြောင့် ထိုသင်္ဘ࿿ောကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု စပိန်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဘော်ရယ်ကလည်း ပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရအား ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို သက်ဝင်စေရန် ဂျီဘရော်တာအာဏာပိုင်များ၏ ခိုင်မာသောလုပ်ရပ်ကို ကြိုဆိုကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ် နှောင်းပိုင်းကတည်းက ဥရောပသမဂ္ဂသည် ဆီးရီးယားကို ပိတ်ဆို့အရေးယူခဲ့သည်။ အရပ်သားများအား အကြမ်းဖက်ဖိနှိပ်မှုတွင် ပါဝင်ခဲ့သည့် အစိုးရဝန်ကြီးများအပါအဝင် ဆီးရီးယားတာဝန်ရှိသူများကို အဖွဲ့ဝင် ၂၈ နိုင်ငံပါသည့် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူခဲ့သည်။ ယင်းပိတ်ဆို့မှုတွင် ဆီးရီးယားရေနံရောင်းဝယ်မှုအား ပိတ်ဆို့ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ခြင်း၊ ဥရောပသမဂ္ဂအတွင်းရှိ ဆီးရီးယားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများအား ထိန်းချုပ်ခြင်း၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၇၀ ခန့်၏ ပိုင်ဆိုင်မှုများအား ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။

ဂျီဘရော်တာက ရေနံတင်သင်္ဘ࿿ော Grace 1 အား ထိန်းသိမ်းခဲ့သည့် သတင်းကို အီရန်အား သဘောထား ပြင်းထန်သည့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က ကြိုဆိုခဲ့သည်။ ထိုသင်္ဘ࿿ောသည် ဧပြီတွင် အီရန်ကမ်းလွန်၌ ရေနံတင်ခဲ့ပြီး တောင်အာဖရိကရှိ Cape of Good Hope တစ်ဝိုက်တွင် သွားလာခဲ့ကြောင်း သတင်းထွက်ခဲ့သည်။

No comments:

Post a Comment