Saturday, July 6, 2019

အမာမြို့တွင် လေဆင်နှာမောင်းကြောင့် စာသင်ကျောင်း ၂ ကျောင်း အမိုးလန်ပျက်စီး

Image may contain: house, plant, tree and outdoorဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ အမာမြို့မှာ လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် အမိုးလှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အမာမြို ဘဝသစ်ကျေးရွာအုပ်စု၊ သမိန်ပုလဲကျေးရွာမှာ ဒီနေ့မနက် ၇ နာရီခွဲလောက်က လေးဆင်နှာမောင်း တိုက်ခိုက်ခဲ့တာကြောင့် သမိန်ပုလဲကျေးရွာ အ.မ.က (မူလွန်) မူလတန်းကျောင်းဆောင်နဲ့ စကူးလ်ရှပ်တာ ကျောင်းဆောင်တို့ အမိုးလန်ပျက်စီးတာပါ။ လေဆင်နှာမောင်းကြောင့် လူနဲ့တိစ္ဆာန်ဆုံးရှုံးပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းပြန်ဖွင့်ချိန်အမီ ပညာသင်ကြားနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီဝင်တွေ၊ ယာယီကျောင်းအုပ်ဆရာကြီးနဲ့ တာဝန်ရှိသူတွေက ကျောင်းပြန်လည်ပြင်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment