Saturday, July 6, 2019

မြစ်ကြီးနားမှ ဘော်ဒါဆောင်နေ ၉ တန်းကျောင်းသူ ၂ ဦး ပျောက်ဆုံးနေ၍ လိုက်လံရှာဖွေနေ

မြစ်ကြီးနားမှ ဘော်ဒါဆောင်နေ ၉ တန်းကျောင်းသူ ၂ ဦး ပျောက်ဆုံးနေ၍ ရဲမှအပူတပြင်းလိုက်လံစုံစမ်းနေကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပညာစံအိမ်ဘော်ဒါဆောင်နေ (၉)တန်းကျောင်းသူများဖြစ်ကြသည့် မခင်မြင့်မိုရ်(၁၄)နှစ်နှင့် မဂျာထွယ်အောင်(၁၅)နှစ်တို့ ၂ ဦးသည် ဘော်ဒါဆောင်အနီးမုန့်ဆိုင်သို့ မုန့်ဝယ်သွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့မှရဲစခန်းမှ တာဝန်ကျအရာရှိက အတည်ပြုပြောကြားသည်။



“မုန့်သွားဝယ်တာ ပြန်မရောက်လာလို့ ဆရာမတွေနဲ့မိဘတွေကလိုက်ရှာတယ် မတွေ့လို့ လူပျောက်လာတိုင်ထားတာပါ”ဟု ၎င်းကပြောသည်။
ဘော်ဒါဆောင်ပိုင်ရှင် ဒေါ်ခမိုင်ရွယ်ဂျားက မိဘများနှင့်ဆက်သွယ်ခဲ့ပြီး လိုက်လံရှာဖွေခဲ့ကြောင်း၊ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့သဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်း လူပျောက်အမှတ်စဉ်(၁၇/၂၀၁၉)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါဘော်ဒါဆောင်မှ အဆောင်မှူး ဒေါ်ခမိုင်ရွယ်ဂျား က"မုန့်သွားဝယ်မယ်ဆိုပြီး ထွက်သွားတာပါ။ပြန်မတွေ့တော့လို့ ရဲတိုင်ထားပါတယ်"ဟု ပြောသည်။

No comments:

Post a Comment