Saturday, July 6, 2019

စွမ်းဆောင်ရည်မြင့် Bphone 3 က ဘာတွေ ထူးခြားမှုတွေ ပါသလဲ

ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Bkav ဟာ နောက်ဆုံးပေါ် နည်းပညာေ တွကို အသုံးပြု ထားတဲ့ စွမ်းဆောင်ရည်မြင့် Bphone 3 ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါပြီ။ Bkav ဟာ ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီဖြစ်ပြီး ဆိုက်ဘာလုံခြုံရေး ၊ ဆော့ဖ်ဝဲလ် ၊ စမတ်ဖုန်း နဲ့ စမတ်ဟုမ်း စတဲ့ နည်းပညာကဏ္ဍတွေမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ Bphone ဟာ ကင်မရာပိုင်းမှာ စမတ်ဖုန်းတွေ ထဲ ပထမဆုံး AI နည်းပညာထောက်ပံ့ပေးထား တယ်လို့ သိရပါတယ်။



ဒါအပြင် အထူပြုလုပ်လုပ်ဆောင်ချက်တွေကြောင့် Bphone 3 ရဲ့ ကင်မရာဟာ Lens အကူအညီမလိုပဲ အနုစိတ် ရိုက်ကူးနိုင်မှာပါ။

ဒါအပြင် ရေစိုထိုင်းမှုနဲ့ ဖုန်ဝင်မှု ကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပြီး ရေအောက်မှာ လည်း လှပ အသက်ဝင်တဲ့ ဓာတ်ပုံတွေကိုရိုက်ကူးနိုင်မှာလဲဖြစ်ပါတယ်။

နောက်ထပ်ထူးခြားတဲ့ စွမ်းဆောင်ရည်ကတော့ ဖုန်းခိုးခံရရင် Anti- Theft လုပ်ဆောင်ချက်ပါပဲ ။ ဒီလုပ်ဆောင်ချက် ဟာ ဖုန်းပျောက်ရင် ရသွားတဲ့သူ ဖုန်းကို အသုံးပြု လို့ ရမှာမဟုတ်ဘူးလို့သိရပါတယ်။ ဖုန်းပိုင်ရှင်ကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေကိုလည်း ဖုန်းမျက်နှာပြင်မှာပြသ ပေးမယ့် လုပ်ဆောင်ချက် လည်း Bphone မှာပါဝင်ပါသေးတယ်။ Bphoe ဟာ အောက်ခြေပျောက်ဘောင်ဒီဇိုင်းဖြစ်ပြီး Infinity Display ဖြစ်ကာ ဗီဒီယို ကြည့်ရှုဖို့နဲ့ ဂိမ်းဆော့ရာမှာ အကောင်းဆုံးအတွေ့အကြုံတွေရရှိ နိုင်မှာလဲ ဖြစ်ပါတယ်။

ဖုန်းဘက်ထရီဟာလည်း စမတ်အင်တာနာနည်းပညာကြောင့် အားမသွင်းရဘဲ တစ်ရက်ခွဲအထိအသုံးပြု နိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေကတော့ Bphone 3 ကို ၄၉၉၀၀၀ ကျပ်ဖြစ်ကာ Bphone 3 pro ကို ၆၉၉၀၀၀ ကျပ် နဲ့ရောင်းချ မှာဖြစ်တယ်လို့သိရပါတယ်။ စတင်မိတ်ဆက်တဲ့အထူးအစီအစဉ်အနေနဲ့ Bphone 3 ပထမဆုံး ၀ယ်ယူသူ အယောက် ၇၀၀ အတွက် အတွက် ၄၀၀၀၀ ကျပ်ဈေးလျော့ပေးမှာပါ။  Bphone 3 pro ကိုလဲ ပထမဆုံးဝယ်ယူသူအယောက် ၃၀၀ ရာအတွက် ၇၀၀၀၀ ကျပ်လျော့ပေးမယ်လို့ သိရပါတယ်။ Bphone မော်ဒယ် နှစ်မျိုးလုံးကို ဇူလိုင်လ ၄ ရက်ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Mytel ဆိုင် တွေမှာဝယ်ယူနိုင်ပါပြီ။

No comments:

Post a Comment