Saturday, July 6, 2019

ဇူလိုင် ၄ ရက်မိန့်ခွန်းတွင် ထရန့်က အမေရိကန်အင်အားကို ဂုဏ်ပြုပြီး နိုင်ငံရေးအကြောင်းအရာကို ရှောင်လွှဲ

 ဇူလိုင် ၄ ရက်တွင် ၀ါရှင်တန်၌ အမေရိကအား အလေးပြုခြင်းအခမ်းအနားသို့ သမ္မတထရန့်နှင့် ၎င်း၏ဇနီးတို့ ရောက်ရှိလာစဉ်အေမရိကန္သမၼတေဒၚနယ္ထရန့္သည္ ဇူလိုင် ၄ ရက်က ဝါရှင်တန်တွင် လွတ်လပ်ရေးနေ့မိန့်ခွန်း၌ နိုင်ငံရေးအကြောင်းအရာများအား ထည့်သွင်းမပြောခဲ့ဘဲ ပြီးခဲ့သောရာစုနှစ် နှစ်ခုခွဲအတွင်းမှ အမေရိကန်စစ်ဘက်နှင့် သူရဲကောင်းများကိုသာ ဂုဏ်ပြုပြောကြားခဲ့သည်။ နှစ်စဉ်ပြုလုပ်နေကျ အခမ်းအနားအား အပိုင်စီးခဲ့သည်ဟု ဝေဖန်သူများ၏ စွပ်စွဲခြင်းခံခဲ့ရသည့် ထရန့်က မျိုးချစ်စိတ်နှင့် တစ်မူထူးခြားမှုများဖြင့် ပြည့်နှက်နေသည့်မိန့်ခွန်းတွင် အမေရိကန်အတွက် မဖြစ်နိုင်သည့်အရာ မရှိကြောင်း ပြောကြားခဲ့သည်။

စွန့်ဦးတီထွင်မှုများမှသည် စစ်မြေပြင်အောင်ပွဲများအထိ အမေရိကန်သမိုင်းမှ မြောက်မြားစွာသော ဖြစ်စဉ်များအား ထရန့်က ဂုဏ်ယူပြောကြားခဲ့စဉ် မြင်တွေ့ရခဲသည့် B2 စတဲ့သ်ဗုံးကြဲလေယာဉ်အပါအဝင် တိုက်လေယာဉ်များက ပျံဝဲပြခဲ့ကြသည်။ ထရန့်က မိန့်ခွန်းပြောစဉ် ဝါရှင်တန်ရှိ National Mall တွင် လူထောင်ပေါင်းများစွာက “USA, USA” ဟု အော်ဟစ်ခဲ့ကြသည်။

အမေရိကန်သည် လပေါ်သို့ မကြာမီ လူများကို တစ်ဖန်စေလွှတ်တော့မည်ဖြစ်ပြီး အင်္ဂ࿿ါဂြိုဟ်ပေါ်တွင် အမေရိကန်အလံ လွှင့်ထူရန် စီစဉ်နေကြောင်း ထရန့်က ကတိပြုခဲ့သည်။ မိမိတို့သည် အမေရိကန်များဖြစ်ကြောင်းကို မည်သည့်အခါကမျှ မေ့ပျောက်မည်မဟုတ်သောကြောင့် မိမိတို့သည် အာဏာရှင်အား ချေမှုန်းသော၊ တိုက်ကြီးကို ဖြတ်ကျော်သော၊ သိပ္ပံပညာကို ထိန်းချုပ်အသုံးချသော၊ ဝေဟင်ကို လွှမ်းမိုးသော၊ ကောင်းကင်ဘုံအထိ ပျံသန်းသောသူများအဖြစ် အမြဲဖြစ်နေမည်ဖြစ်ပြီး အနာဂတ်ကို မိမိတို့က ပိုင်ဆိုင်ကြောင်း ထရန့်က ဂုဏ်ယူပြောကြားခဲ့သည်။


အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူပြယုဂ် မာတင်လူသာကင်းဂျူနီယာက ၁၉၆၃ ခုနှစ်တွင် ထင်ရှားသောမိန့်ခွန်း “I Have a Dream” ပြောကြားခဲ့သည့် နေရာဖြစ်သော ၁၉ ရာစု အမေရိကန်သမ္မတ အေဘရာဟမ်လင်ကွန်းထိုင်နေသည့်ပုံစံ ဧရာမရုပ်တုရှေ့တွင် ထရန့်က မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။

အစဉ်အလာအရ နိုင်ငံရေးနှင့် လွတ်ကင်းသည့် ထိုအားလပ်ရက်ကို အသုံးချလျက် ထရန့်က စစ်ဘက်အဖွဲ့အစည်း တစ်ခုချင်းစီအပြင် အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းသူများ၊ ရွှေ့ပြောင်းအခြေချများအား ဆက်ဆံမှုနှင့် ပတ်သက်၍ ဝေဖန်ခံနေရသည့်နယ် စပ်ကင်းလှည့်အဖွဲ့၊ လူဝင်မှုနှင့် အကောက်ခွန်အေဂျင်စီများစသည်တို့ကို ဂုဏ်ပြုပြောကြားခဲ့သည်။

သို့သော် ထရန့်သည် ゞင်း၏နိုင်ငံရေး ရပ်တည်ချက် ပိုမိုအားကောင်းစေရန်နှင့် ပြိုင်ဘက်ဒီမိုကရက်တစ်များအား တိုက်ခိုက်ရန်အတွက် ဇူလိုင် ၄ ရက်အားလပ်ရက်ကို အပိုင်စီးခဲ့ကြောင်း ဝေဖန်ခဲ့သူများက ゞင်းကို စွပ်စွဲခဲ့ကြသည်။ ယင်းအစား ထရန့်သည် အဓိကမိန့်ခွန်းတွင် ゞင်းနှင့် ゞင်း၏ နိုင်ငံရေးဆိုင်ရာ ပြိုင်ဘက်များအကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။ နိုင်ငံ၏ ထူးမြတ်သောကြီးမြတ်မှုအကြောင်းကို ゞင်းက အကြိမ်ကြိမ်ချီးမွမ်းခဲ့ပြီး အမေရိကန်သည် ကမ္ဘာသမိုင်းတွင် တစ်မူထူးခြားမှုအရှိဆုံးနိုင်ငံအဖြစ် ကြေညာခဲ့သည်။

ဇူလိုင် ၄ ရက်အခမ်းအနားများတွင် ပုံမှန်အားဖြင့် ပျော်ပွဲစားထွက်ရန်နှင့် နေဝင်ဆည်းဆာ မီးရှူးမီးပန်းပစ်လွှတ်မှုများအား ရှုစားရန်အတွက် National Mall သို့ လူထောင်ပေါင်းများစွာ လာရောက်လေ့ရှိကြသည်။ ယခုနှစ်အခမ်းအနားတွင် မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့သော်လည်း အနီရောင်ဦးထုပ်များဆောင်းထားသည့် ထရန့်ထောက်ခံသူများရော ゞင်းအား ဆန့်ကျင်သူများကိုပါ မဟန့်တားနိုင်ခဲ့ပေ။

ထရန့်သည် ပြင်သစ်၌ အမျိုးသားနေ့ အခမ်းအနားကျင်းပစဉ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးပြမှုကို အားကျလျက် ဇူလိုင် ၄ ရက်အခမ်းအနားတွင် ဧရာမစစ်ရေးပြပွဲပြုလုပ်ရန် မူလက လိုလားခဲ့သည်။ ယင်းအစား အစီအစဉ်အား အကျဉ်းချုံးပြီး အမေရိကန်သံချပ်ကာယာဉ်အချို့အား အများပြည်သူသို့ ပြသခဲ့ကာ သမ္မတစီးလေယာဉ်၊ B2 ဗုံးကြဲလေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ အခြားစစ်လေယာဉ်များကို ပျံသန်းပြစေခဲ့သည်။

No comments:

Post a Comment