Saturday, July 6, 2019

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းစေတီပုထိုးများကို မိမိသဘောဖြင့်ပြုပြင်ပါက ဥပဒေအရအရေးယူမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ဖြင့်ပြင်ဆင်နေသော စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးရှိ  ထိုင်း-မြန်မာနံရံဆေးရေးပန်းချီများစွာရှိသော မဟာသိမျတျောကွီးစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းစေတီပုထိုးများအား မိမိသဘောဖြင့် ပြန်လည်ပါက ပြုပြင်သူများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေ သကြီးဝန်ကြီးချုပ်က ပြောကြားသည်။ ဇွန် ၂၈ရက် နံနက်ပိုင်း စစ်ကိုင်းမြို့တော် ခန်းမတွင် ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းခရိုင်လူထုတွေ့ ဆုံပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကိုင်းမြို့နယ်ထဲက ကျန်စစ်သား မင်းကြီး ခိုအောင်းခဲ့တဲ့နေရာကို စေတီတည်ထားတဲ့နေရာကို ကျွန်တော်ရောက်ခဲ့ပါတယ်။ပြင်ဆင်ထားလိုက်တာ ရှေးမူတွေပျောက်ပြီး ဘာမှလုပ်မရတော့ပါဘူး။ မြင်းမူ အလဝ ကပ္ပနားက ရှေးဟောင်းစေတီတစ်ဆူလည်းကျွန်တော်ကြည့်လိုက်တော့ ရှေးမူမရှိ ပြင် ဆင်ထားတာတွေ့ရတယ်။ ရှေးဟောင်း အဆောက်အအုံတွေ မိမိသဘောနဲ့ လုံးဝမပြင်ရဘူးလို့ ရောက်တဲ့နေရာတိုင်းမှာ ပြောထားပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းဘုရားစေတီများကို ပြုပြင်မည်ဆိုပါ က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် တိုင်ပင်၍ ပြုပြင်ကြရန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သဘောထားမပါဘဲ မိမိ သဘောဖြင့် ပြုပြင်ပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် က ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ရှေးဟောင်းစေတီပုထိုးများ များပြားစွာရှိသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူဝါဒတစ်ရပ် ချမှတ်ကာ ခရီးသွားလုပ်ငန်းကို အကောင်အ ထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းစေတီပုထိုးများနှင့် သမိုင်းဝင်အထင်ကရနေရာများကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment