Saturday, July 6, 2019

ချင်းပြည်နယ်တွင် တရုတ်ကုမ္ပဏီက ရေအားလျှပ်စစ်စီမံကိန်း ငါးခု လုပ်ကိုင်ခွင့်ရ

ချင်းပြည်နယ်မြို့နယ် လေးခုတွင် တရုတ်ကုမ္ပဏီ Power China က စုစုပေါင်း မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မည့်ရေ အားလျှပ်စစ်စီမံကိန်း ငါးခုအ ကောင်အထည်ဖော်ရန် ပြည်နယ် အစိုးရက ခွင့်ပြုခဲ့ကြောင်း ပြည် နယ်၊ စည်ပင်သာယာရေး၊ လျှပ် စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကပြောသည်။ ယခုလဆန်းတွင် တရုတ် ကုမ္ပဏီသည် ပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ ပြီး လက်ရှိတွင် တရုတ်ကုမ္ပဏီကို စီမံကိန်းဖြစ်နိုင်ခြေ လေ့လာခွင့်ပြုထားသည်ဟု ၎င်းက ဆိုသည်။



‘‘လေ့လာဖို့ အချိန်တစ်နှစ် ပေးထားတယ်။ လုပ်ငန်းဖြစ်နိုင် ရင် အကောင်အထည်ဖော်ခွင့်ရ လိမ့်မယ်။ လက်ရှိအစိုးရက လျှပ် စစ်မီတာခတွေ တိုးထားပေး တော့ မဟာဓာတ်အားလိုင်းကို ရောင်းဖို့ကုမ္ပဏီတွေက စီစဉ် ထားပါတယ်’’ ဟု ၀န်ကြီးဦးစိုး ထက်ကပြောသည်။ ချင်းပြည် နယ်တွင် လျှပ်စစ်ဓာတ်အားလို အပ်ချက်စုစုပေါင်း ၃ ဒသမ  ၈ မဂ္ဂါဝပ်ရှိသည်။

အဆိုပါစီမံကိန်း ငါးခုမှာ ဟားခါးမြို့နယ်တွင် နှစ်ခု၊ ထန် တလန်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တစ်ခုစီ ဖြစ်ပြီး စီမံကိန်းတစ်ခုလျှင် မဂ္ဂါ ၀ပ် ၃၀ စီထုတ်လုပ်မည်ဖြစ်သည်။

Power China သည် စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များဆောက်လုပ်သည့် ကုမ္ပဏီ ဖြစ်ပြီး စင်ကာပူ နိုင်ငံတွင် Sinohydro (Singapore) ကို ကုမ္ပဏီခွဲအဖြစ်တည်ထောင်ထား သည်။

ယခုနှစ်ဆန်းပိုင်းတွင်လည်း ချင်းပြည်နယ်အတွင်း နော်ဝေးပါဝါကုမ္ပဏီက မဂ္ဂါဝပ် ၉၀ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းသုံးခုကို ပြည်နယ်အစိုးရက ခွင့်ပြု ထားသည်။ လက်ရှိတွင် ချင်းပြည်နယ် အတွင်း ရေအားလျှပ်စစ်ထုတ် လုပ်ရန် တရုတ်နိုင်ငံအပြင်အီတ လီ၊ ကိုရီးယားနိုင်ငံတို့ကလည်း စိတ်ဝင်စားနေသည်ဟု ဦးစိုး ထက်က ဆိုသည်။

No comments:

Post a Comment