Saturday, July 6, 2019

အာဏာ မရှိသဖြင့် သက်ဆိုင်ရာ ဌာနများကို ခိုင်း၍ မရဟု ရန်ကုန်တိုင်းဝန်ကြီး ဆို

အာဏာမရှိ သဖြင့်သက်ဆိုင်ရာ ဝန်ထမ်းများ ကိုခိုင်း၍မရဟု ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူ မျိုးရေးရာနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဖြစ်သူ ဦးဇော်အေးမောင် ပြောကြားလိုက်သည်။ ”ကျွန်တော်တို့တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့် အာဏာဟာ ဇယား၂ အပေါ်မှာ မူတည်ပါတယ်။ အခု လူဝင်မှုကြီးကြပ် ရေးနဲ့ လူ့အစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနလို့တော့ ဖွဲ့လိုက်တယ်။ကျွန်တော်လည်းပဲ လွန်ခဲ့တဲ့အစိုးရ အဖွဲ့တုန်းက ကိုင်ခဲ့တယ်။ အခုလည်းကိုင်ခဲ့တယ်။ ဒါပေမဲ့ ဆိုက်ကား လိုဘေးတွဲလိုကိုင်ခဲ့တယ်။ ကျွန် တော့်ကို သက်ဆိုင်ရာဌာနဆိုင်ရာ တွေက ရိုကိုမရိုသေတာ။ ပြောတာလုပ်ကိုမလုပ်တာ။ဘာကြောင့်လဲ ကျွန်တော်မှာလိုအပ်တဲ့အာဏာမရှိဘူး”ဟု ၎င်းင်းကပြောသည်။



အလုပ်သမားဝန်ကြီးဌာန အဖြစ်ပြောင်းလဲဖို့အခုအစိုးရအဖွဲ့မှာ ဇူလိုင်၎ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေး ၌ ဒဂုံမြို့နယ်မဲဆန္ဒနယ် အ မှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဝင်မှုကြီးကြပ် ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနသစ်ကို တိုးချဲ့ဖွဲ့စည်းလိုက်သဖြင့်ယင်း ဝန်ကြီးဌာနအတွက်ဘတ်ဂျက် မည်သို့မည်ပုံသုံး စွဲမည်ကိုသိရှိလိုကြောင်းမေးခွန်း နှင့်စပ်လျဉ်း၍ ဝန်ကြီးဦးဇော်အေး မောင်က အထက်ပါအတိုင်းထည့် သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးရခိုင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတာဝန်နှင့် အတူတိုင်းဒေသ ကြီး အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထား ရခြင်းဖြစ်ကြောင်းသိရသည်။

”ဒီဝန်ထမ်းတွေကို ရာထူးက တိုးပေးနိုင်တယ်။ ချပေးနိုင်တယ်။ပြောင်းရွှေ့ချပေးနိုင်တဲ့ အာဏာရှိ ရင်ဒီလူတွေကို အများကြီးခိုင်းလို့ရတယ်။ အများကြီးလုပ်ပေးလို့ရတယ်” ဟု ၎င်းင်းကဆက်လက်ပြောသည်။

”အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနကို အရင်တုန်းက ကျွန် တော်တာဝန်ယူတာ။ ဒါပေမဲ့ ဒီနေ့ (ဇူလိုင် ၄ ရက်) ကစပြီး အဲဒီဌာနကို နောက်ဝန်ကြီးအသစ် ဝန်ကြီးဒေါ် မိုးမိုးစုကြည်ဆီကို လွှဲပေးရမယ်။ ကျွန်တော်က ပြန်ကြားရေးကိုကိုင်မယ်”ဟု ၎င်းင်းက ပြောသည်။

ဝန်ကြီးအနေဖြင့် သာမန်ကြီးကြပ်ကွပ်ကဲသည့် အဆင့်သာ ရှိပြီးဝန်ထမ်းများ ရာထူးအတိုးအ လျှော့အပြောင်းအရွှေ့လုပ်နိုင်သည့် အာဏာမရှိကြောင်း ဝန်ကြီးဦးဇော် အေးမောင်ကလွှတ်တော်တွင် ပြော ကြားခဲ့သည်။

No comments:

Post a Comment