Saturday, July 6, 2019

နေပြည်တော်မှ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ကိုယ်ပိုင်အမြင်များဖြင့် မရေးသား၊ မဝေဖန်ကြရန် ဦးဇော်ဌေး ပြော

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော (၃)နှစ်ခန့်ရှိ မိန်းကလေးငယ် အဓမ္မအကျင့်ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ရေးသားဝေဖန်ခြင်းများမပြုလုပ်ကြရန် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောလိုက်သည်။ေ နပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော်တွင် ဇူလိုင်လ (၅) ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။



“ ဒီအမှုကအခုဆိုရင်သံသယရှိသူပေါ့နော်။ သူ့ကိုအမိန့်မချသေးတဲ့အတွက် တရားခံလို့တော့ပြောခွင့်မရှိဘူး။ အခုတရားရုံးကိုရောက်သွားပါပြီ။ တရားရုံးမှာတရားလိုပြသက်သေ ၂၆ ဦးတင်သွင်းထားပါတယ်။ အဲဒီလူတွေကို စစ်ဆေးတဲ့အခါမှာလည်း ပြည်သူလူထုကောမီဒီယာတွေကောလာရောက်ကြည့်ရှုလို့ရပါတယ်။ အားလုံးကို တရားရုံးကပဲနောက်ဆုံးဆုံးဖြတ်သွားမှာပါ။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီအမှုနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ မိမိရဲ့အမြင်တွေနဲ့ဝေဖန်ရေးသားတာတွေမလုပ်ကြဖို့ ပြောချင်တယ်။ ဒီကလေးရဲ့ မိသားစုမှာလည်း အရှက်ရစေပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်၊ ဇမ္မူသီရိမြို့နယ် သပြေကုန်းရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် ၃ နှစ်ခန့်အရွယ်ရှိ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်တွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဇမ္မူသီရိမြို့မရဲစခန်း၌ ပုဒ်မ-၃၇၇ ဖြင့် အမှုဖွင့်ထားသော်လည်း ကျောင်းတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု “Wisdom Hill” မှ တာဝန်ရှိသူများက မီဒီယာများထံ ရှင်းလင်းပြောဆိုခဲ့ပြီး အမှုကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် CID သို့လွှဲပြောင်းကာစစ်ဆေးခဲ့သည်။

ထို့နောက် ဇူလိုင်လ ၄ ရက်၌ Wisdom Hill ကျောင်းမှ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး၊ ၃၀ နှစ်အား အမှုနှင့်ပတ်သက်သည့်သံသယရှိသူအဖြစ် ဒက္ခိဏခရိုင်တရားရုံး၌ ပုဒ်မ- ၃၇၆ ဖြင့် တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment