Saturday, July 6, 2019

ကျောက်မီးသွေးကို မထိခိုက်ဘဲ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ဒေါ်လာဘီလျံ ၃၃၀ သုံးစွဲရန် အိန္ဒိယစီစဉ်

 ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အိန္ဒိယအရှေ့ပိုင်း ဂျာခန်းပြည်နယ်၌ အလုပ်သမားများက ကျောက်မီးသွေးများကို သယ်ယူနေကြစဉ်အိနၵိယ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လာမည့်ဆယ်စုနှစ်တွင် ဒေါ်လာဘီလျံ ၃၃၀ လိုအပ်မည်ဖြစ်ကြောင်း အိန္ဒိယက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ကျောက်မီးသွေးသည် အိန္ဒိယ၏ စွမ်းအင်ကဏ္ဍဍတွင် ဗဟိုချက်၌ ဆက်လက်ရှိနေမည်ဟု ပါလီမန်သို့ တင်သွင်းသော အိန္ဒိယအစိုးရ၏ စီးပွားရေးစစ်တမ်းက ဆိုသည်။

အိန္ဒိယသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီတွင် စုစုပေါင်းထုတ်လုပ်မှု စွမ်းအား၏ ရာခိုင်နှုန်း ၄၀ (၅၀ဝ ဂီဂါဝပ်)ထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။ လောလောဆယ်တွင် အိန္ဒိယ၏ စုစုပေါင်းစွမ်းအင်ထုတ်လုပ်နိုင်စွမ်းသည် ၃၅၇ ဂီဂါဝပ်ရှိပြီး ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်က ၂၂ ရာခိုင်နှုန်းခန့် ပါဝင်သည်။ အိန္ဒိယသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ၂၀၂၂ ခုနှစ်အထိ ဒေါ်လာဘီလျံ ၈၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ၂၀၃၀ ပြည့်နှစ်အထိကာလတွင် ဒေါ်လာဘီလျံ ၂၅၀ ခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု အစိုးရ၏ စီးပွားရေးစစ်တမ်းကဆိုသည်။

အိန္ဒိယသည် ၂၀၂၂ ခုနှစ် မတိုင်မီတွင် စွမ်းအင်ထုတ်လုပ်မှု၌ ပြန်လည်ပြည့်ဖြိုးမြဲကဏ္ဍဍမှ ထုတ်လုပ်မှုကို ၁၇၅ ဂီဂါဝပ်အထိ တိုးမြှင့်ရန်လည်း လိုလားနေသည်။ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကမ္ဘာတွင် အရေးကြီးဆုံး ဈေးကွက်တစ်ခုဖြစ်သော အိန္ဒိယဈေးကွက်၌ ရင်ဆိုင်နေရသော ဘဏ္ဍဍာရေးစိန်ခေါ်မှုကို မြင်သာစေခဲ့သည်။ အိန္ဒိယတွင် ၂၀၁၉ ခုနှစ်၌ ပြန်လည်ပြည့်ဖြိုးမြဲ ကဏ္ဍဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှု နှေးကွေးခဲ့သည်။
ဥရောပနိုင်ငံများထက် နေရောင်ခြည် နှစ်ဆပို၍ရရှိသော အိန္ဒိယသည် နေရောင်ခြည်စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲကဏ္ဍဍ၏ ဗဟိုချက်ဖြစ်လိုနေသည်။ သို့သော်လည်း ဈေးချိုပြီး အလျှံအပယ်ရှိနေသော ကျောက်မီးသွေးများကိုလည်း အိန္ဒိယက သုံးစွဲလိုနေသည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေး ပဉ္စမမြောက် အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်နေသည်။

ကျောက်မီးသွေးအခြေပြုလုပ်ငန်းများကို ရုတ်တရက်ရပ်ဆိုင်းလိုက်ပါက လျှပ်စစ်ပင်မလိုင်း၏ တည်ငြိမ်မှုနှင့် ဘဏ်လုပ်ငန်းတို့ကို အန္တရာယ်ရှိလာနိုင်ကြောင်း အိန္ဒိယအစိုးရ၏ စီးပွားရေးစစ်တမ်းက သတိပေးခဲ့သည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးအများဆုံး ထုတ်လုပ်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ကျောက်မီးသွေးသည် လာမည့်ဆယ်စုနှစ်သုံးခုထက်မနည်း၌ အိန္ဒိယ၏ စွမ်းအင်ထုတ်လုပ်မှုတွင် အဓိကနေရာ၌ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားသည်။

No comments:

Post a Comment