Saturday, July 6, 2019

လမ်းဖောက်လိုက်သဖြင့် စဖိုကြီးရေတံခွန်သို့ ကားဖြင့်သွားရောက်လည်ပတ်နိုင်

ကနီမြို့မှ မဲဒင်ကျေးရွာ အုပ်စု စဖိုကြီးကျေးရွာအနီးရှိ စဖိုကြီးရေတံခွန်သို့ လမ်းပေါက် ပြီဖြစ်၍ ကားဖြင့်သွားရောက် လည်ပတ်နိုင်ပြီဖြစ်ကြောင်း ကနီ မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၀င်းကပြောသည်။ ကနီမြို့နယ် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျပ်သိန်းတစ်ထောင်အသုံးပြု၍  ကနီမြို့မှ ကင်းစံပြကျေးရွာအထိ  မြေသားလမ်း ဖောက်လုပ်နေ သည်။‘‘စဖိုကြီးရေတံခွန်ကိုအရင် တုန်းကတော့ လမ်းမရှိဘူး။ ဆိုင် ကယ်နဲ့တောလမ်းကို ဖြစ်သလို သွားလို့တော့ရတယ်။ အများစုက တော့ ကနီကနေစက်လှေနဲ့ နာရီ ၀က်လောက်စီးပြီး ဟိုဘက်သုံး ဖာလုံလောက် ခြေကျင်သွားရ တယ်။ အခုစဖိုကြီးအထိတော့ လမ်းပေါက်သွားပြီ။ ဟိုဘက် အထိ လမ်းဆက်ဖောက်မှာပါ။ မိုးတွင်းတော့ ချောင်းလေးတွေဖြတ်ရတော့ ကားတွေ အခက် အခဲတော့ရှိနိုင်တယ်။ မိုးမရွာရင် တော့ လမ်းကောင်းပါတယ်’’ ဟု ဦးထွန်းထွန်းဝင်းကပြောသည်။


ကနီမြို့မှ ယင်းကျေးရွာအ ထိချင်းတွင်းမြစ်အနောက်ဘက်ခြမ်းကို ကားလမ်းဖောက်လုပ်ခဲ့သောကြောင့်ကျေးရွာ ၁၅ ရွာခန့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့နိုင်ပြီး ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး အထောက်အကူပြုကြောင်း ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦး အောင်သူဦးက ‘‘လမ်းပေါက်သွား တဲ့အတွက် စဖိုကြီးရေတံခွန်အနီး တစ်ဝိုက်က ဒေသခံတွေအလုပ်အ ကိုင်အခွင့်အလမ်းပိုရတယ်။ ရေ တံခွန်အနီးမှာ သစ်ပင်တွေလည်း စိုက်နေကြပြီ။ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိအောင် စနစ် တကျထိန်းသိမ်းပြီးဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်လို့ရ မယ်။ ဒေသထွက်အစားအစာနဲ့ လက်ဆောင်ပစ္စည်းတွေရောင်း လို့ရမယ်’’ ဟု ပြောသည်။ ကနီမြို့နယ်အတွင်း တွင်း  မအင်းနှင့် စဖိုကြီးရေတံခွန်ကို ခရီးသွားဒေသအဖြစ်ဖော်ဆောင် ရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကပြောသည်။

No comments:

Post a Comment