Saturday, July 6, 2019

နီနီခင်ဇော်နဲ့ စုံတွဲသီချင်းတစ်ပုဒ် စီစဉ်နေတဲ့ အောင်ထက်

 သြဂုတ်လတွင် အဆိုတော် နီနီခင်ဇော်နှင့်အတူ စုံတွဲတေးသီချင်းတစ်ပုဒ် ထွက်ရှိမည်ဖြစ်ကြောင်း အဆိုတော်အောင် ထက်က ပြောသည်။ ‘‘နီနီနဲ့က ၂၀၁၈ Musical Show မှာတုန်းက ဆိုခဲ့တဲ့ ကိုဓီရာမိုရ်ရေးတဲ့ သီချင်းလေးတစ်ပုဒ်ပါ ပဲ။ အဲဒီမှာဖျော်ဖြေရေးဆိုခဲ့တယ်။ အဲဒါလေးကို အမ်တီဗီလေးပါရိုက်ပြီး ထွက်ဖို့တော့ လုပ်ထားပါ တယ်။ အချစ်သီချင်းလေးပါပဲ။ ကျွန်တော်တို့နှစ်ယောက်ပဲ သရုပ်ဆောင်မှာပါ။ သူ့ကိုပဲ အကူအညီ တောင်းပြီး ပေါ့ပေါ့ပါးပါးပဲ သရုပ် ဆောင်ပါမယ်’’ဟု ၎င်းက ပြော သည်။



လက်ရှိတွင် လူမှုအသိုင်းအ ၀ိုင်းတွင်သာမက အနုပညာရှင်များပါ ၀န်းရံနေသည့် သက်ငယ် မုဒိမ်းကိစ္စနှင့်ပတ်သက်ပြီး လူမှု ပတ်ဝန်းကျင်တွင် မကောင်းသဖြင့် ရှုတ်ချကြောင်း အောင်ထက် က ပြောသည် ။

‘‘ကလေးတွေကို အဲဒီလိုကြီး မဖြစ်စေချင်ပါဘူး။ ကလေးတွေ ကို သက်သက်အနိုင်ကျင့်ပြီးတော့ မြင်ရတာလည်း မကောင်းဘူး။ လူ့ပတ်ဝန်းကျင်အတွက်လည်း မကောင်းတဲ့အတွက် တော်တော်လေး ရှုတ်ချပါတယ်’’ ဟု ၎င်းက ပြောသည်။ သက်ငယ်မုဒိမ်းမှုကျူးလွန် သူများသည် စိတ်ဓာတ်အောက် တန်းကျပြီး စဉ်းစားဉာဏ်မဲ့သည် ဟု ယူဆကြောင်း အောင်ထက်က ပြောသည်။

No comments:

Post a Comment