Saturday, July 6, 2019

တရုတ်နိုင်ငံသို့ နွားများတင်ပို့ရာတွင် တရားမဝင်တင်ပို့ခြင်းက ပိုမိုတွက်ချေကိုက်နေသဖြင့် ရောင်းသူဈေးကွက် ဖော်ဆောင်ရန် လိုအပ်နေ ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ နွားများတင်ပို့ရာတွင် တရားမဝင် တင်ပို့ခြင်းက တရားဝင်တင်ပို့ခြင်းထက် ပိုမိုတွက်ချေကိုက်နေသဖြင့် ရောင်းသူဈေးကွက် ဖြစ်ပေါ်လာမှသာ တရားဝင်ဈေးကွက် ခိုင်မာလာမည်ဖြစ်သည်ဟု ကုန်သည်များမှ ပြောဆိုလျက်ရှိသည်။  အရင်က တရုတ်ပွဲစားတွေက ပြည်တွင်းအထိ ဆင်းဝယ်နေတာ ဈေးလည်းရတယ်။ အကြွေးကျန် တယ်ဆိုတာ မရှိသလောက်ဘဲ။ အခု နောင်တောင်းမှာ သားသတ်စက်ရုံ ဆောက်ထားတာ မြန်မာက ကုန် ကြမ်းကို သူခိုးဈေးနဲ့ ရအောင်လို့ ဖန်တီးထားတာကို ဖြေရှင်းဖို့လိုမယ်။ ဒီတော့ မူဆယ်ကို လာရောင်းမယ့် အစား သူတို့လာဝယ်ဖို့ ဈေးကွက် ဖော်ဆောင်ဖို့ လိုအပ်ပါမယ်”ဟု မူဆယ်အခြေစိုက် ခွာညိုပွဲရုံမှ ဦးစိုင်း ခင်မောင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၊ ရွှေလီ၊ နောင်တောင်း၌ တစ်ရက်လျှင် နွား ကောင်ရေ ၁၀ဝ၀ ကျ သားသတ် စက်ရုံ လည်ပတ်နေပြီဖြစ်သဖြင့် အေးခဲအသား ပြုလုပ်ကာ တရုတ်တစ်နိုင်ငံလုံးသို့တင်ပို့နေပြီ ဖြစ်ပြီး ယင်းစက်ရုံအတွက် ကုန်ကြမ်းများမှာ မြန်မာဘက်က တင်ပို့မှသာ လည်ပတ် နိုင်မည်ဖြစ်သည့်အတွက် ရောင်းသူ ဈေးကွက် ဖြစ်ပေါ်လာစေရေး နယ်စပ်မဟုတ်သည့် နေရာများတွင် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ် ကြောင်း ၎င်းက ပြောသည်။
“တရားဝင်က လမ်းမှာ ငွေမပေး ရင်လည်း ပစ်သတ်ခံရနိုင်တာဖြစ်လို့ ပေးရတာပဲ။ တရားဝင်သမားတွေရဲ့ နွားတွေ တရုတ်ဘက်မှာ အဖမ်းခံရ တယ်ဆိုပြီး ငွေတွေမရကြတာ ကျပ် သိန်းပေါင်း သောင်းချီနေပေမယ့် တရားမဝင် သွားနေတာ ကြတော့ ဘာသံမှ မကြားရဘူး။ သူတို့လိုချင်တဲ့ နွားထီးဖြစ်ရင်တော့ ဈေးလည်းရ တယ်”ဟု မူဆယ်မှ တစ်ဆင့် တရုတ် နိုင်ငံသို့ နွားတင်ပို့နေသူ ကုန်သည် တစ်ဦးကလည်း ပြောဆိုခဲ့သည်။
ရောင်းချသူများမှ မူဆယ်သို့ လာရောက်ရောင်းချသဖြင့် တရုတ် ဝယ်လက်များက ဈေးနှိမ်ခြင်း၊ တစ် ဖက်လှည့်ဖြင့် ဖမ်းဆီးခံပြပြီး ငွေ အကျေ မပေးခြင်း၊ ကြန့်ကြာစေရန် ပြုလုပ်ထားခြင်းများဖြင့် မရောင်းရ သည့်နွားများမှာ စရိတ်ထောင်း၊ နွား ပိန်ဖြစ်လာသည့်အချိန်မှ ဈေးနှိမ် ဝယ်ယူခြင်းများလည်း ဖြစ်ပေါ်နေ သဖြင့် ကုန်သည်များအတွက် နစ်နာ မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။
နယ်စပ်မှ နွားများတင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခွင့် ပြုထားသော်လည်း တရုတ်နိုင်ငံဘက် ကမူ ယခုအချိန်အထိ တရားမဝင်အကြောင်းပြချက်များဖြင့် ဖမ်းဆီးခြင်း များ ပြုလုပ်လျက်ရှိရာ တရုတ်ပွဲစား များမှ မူဆယ်နယ်စပ်ရှိ ကျွဲနွားကွင်း များသို့ လာရောက်ဝယ်ယူပြီးနောက် တရုတ်ဘက်သို့ ပြန်လည်သယ်ယူ ရာတွင် တရုတ်ရဲများ ဖမ်းဆီးခံရ သည့်အတွက် နွားများ၏ ကျသင့်ငွေ ကို မပေးချေသဖြင့် မြန်မာကုန် သည်များ နစ်နာဆုံးရှုံးနေရမှုမှာ ကျပ်သန်းပေါင်း ၆၈၀ဝ၀ ခန့်အ ထိ ရှိနေသည်ဟု မန္တလေးတိုင်း ကျွဲ နွားတင်ပို့သူများအသင်း ဥက္ကဌထံမှ သိရသည်။
“တရုတ်တွေက သူတို့သယ် လာတဲ့ နွားတွေကို ရဲဖမ်းလို့ ငွေမပေး နိုင်ဘူးပြောတယ်။ တချို့ကြတော့ အ နည်းအကျဉ်းပဲ ပြန်ရကြတယ်။ ဒီလို ဖြစ်ရပ်တွေဖြစ်တယ်ဆိုတာ ကုန်သည်တွေ လာပြောမှ သိရတယ်။ တချို့ကတော့ ငွေရနိုးနိုးနဲ့ စောင့်နေ ကြတုန်းပဲ”ဟု မန္တလေးတိုင်းကျွဲနွား တင်ပို့သူများအသင်းဥက္ကဌ ဦးစိုး နိုင်က ဆိုသည်။
အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုနှင့် လယ်ယာလုပ်ငန်းကို မထိခိုက်စေဘဲ တစ်နှစ်လျှင် ကျွဲနွား ကောင် ရေ ၇ သိန်းခန့် တင်ပို့နိုင်ကြောင်း ထုတ်ပြန်ထားပြီး တရုတ်နိုင်ငံသို့ မူ ဆယ်လမ်းကြောင်းမှ တစ်ဆင့် ကျွဲ နွားများ တင်ပို့နိုင်ရန် ကုမ္ပဏီပေါင်း ၃၃၆၃ ခုက ကျွဲနွားကောင်ရေ ၅၁၄၉၂၅ ကောင်ကိုသက်ဆိုင်ရာ ထောက်ခံချက်များ ထုတ်ယူထား ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment