Saturday, July 6, 2019

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လာလီဂါ ပွဲစဉ်ဇယား ထွက်ပေါ်

၂၀၁၉-၂၀ ဘောလုံး ရာသီ လာလီဂါအမှတ်ပေးပွဲစဉ် ဇယားကို ကြေညာရာ မဟာပြိုင် ဘက် ဘာစီလိုနာနှင့်ရီး ရဲလ်မက် ဒရစ်သည် အယ်လ်ဂလက်စီကို ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၇ ရက်တွင် ဘာစီလိုနာကွင်းနှင့် မတ်လ ၁ ရက်တွင် ရီးရဲလ်မက်ဒ ရစ်ကွင်း၌ ကစားမည်ဖြစ်သည်။ လာလီဂါအဖွင့်ပွဲစဉ်များကို သြဂုတ် ၁၇၊ ၁၈ ရက်တွင် ကျင်း ပမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်များ၌ ဆယ်လ်တာဗီဂိုနှင့် ရီးရဲလ်မက်ဒ ရစ်၊ အက်သလက်တီကိုမက်ဒရစ် နှင့် ဂီတာဖေး၊ အက်စ်ပန်ညိုနှင့်ဆီ ဗီ လာ၊ ဗလင်စီယာနှင့် ရီးရဲလ်ဆို စီဒက်၊ ဘီလ်ဘာအိုနှင့်ဘာစီလို နာ၊ ဗီလာရီးရဲလ်နှင့် ဂရင်းနေဒါ တို့ တွေ့ဆုံနေသည်။



လက်ရှိချန်ပီယံ ဘာစီလိုနာ က ဒုတိယပွဲစဉ်အဖြစ် သြဂုတ် ၂၅ ရက်တွင် ရီးရဲလ်ဘက်တစ်နှင့် ကစားမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နှင့် ဇန်နဝါရီ ၂၆ ရက်၌ ဗလင်စီယာ၊ စက်တင်ဘာ ၂၉ ရက်နှင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဂီတာဖေး၊ ဒီဇင်ဘာ ၁ ရက်နှင့် ဧပြီ ၂၆ ရက်တွင် အက် သလက်တီကိုမက်ဒရစ်နှင့်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်က စက် တင်ဘာ ၂၉ နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် ဒါဘီပွဲစဉ်အဖြစ် အက် သလက်တီကိုမက်ဒရစ်နှင့်ကစား မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နှင့် မတ်လ ၂၂ ရက်တွင် ပြီးခဲ့သည့် နှစ်က တတိယရ ဗလင်စီယာ၊ ဇန်နဝါရီ ၅ ရက်နှင့် ဧပြီ ၂၆ ရက် တွင် ဂီတာဖေးတို့နှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။

အက်သလက်တီကိုမက်ဒ ရစ်က ဆီဗီလာနှင့် နိုဝင်ဘာ ၃ ရက်နှင့် မတ်လ ၈ ရက်တွင် က စားမည်ဖြစ်သည်။ လာလီဂါအမှတ်ပေးဖလား ကို ရီးရဲလ်မက်ဒရစ်က (၃၃) ကြိမ် ဖြင့် စံချိန်တင်ဆွတ်ခူးထားသော် လည်း (၂၆) ကြိမ်ရရှိထားသော ဘာစီလိုနာက နောက်ဆုံးနှစ်ရာ သီဆက် ချန်ပီယံဖြစ်ခဲ့သည်။

No comments:

Post a Comment