Saturday, July 6, 2019

၆ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၇၀၀ ကျော်ရှိ၊ ၂၀ သေဆုံး

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေစပြီး ဇွန်လ ၂၉ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၇၀၀ ကျော်ရှိပြီး သေဆုံးသူ အယောက် ၂၀ ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီဗွီဘီကိုပြောပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်သွားသူများနေပေမယ့် ကပ်ရောဂါအသွင်ဖြစ်ပွားတာတော့ မရှိသေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သွေးလွန်တုပ်ကွေး စီမံချက်မန်နေဂျာ ဒေါက်တာ နေရည်ရည်လင်းကပြောပါတယ်။



သွေးလွန်တုပ်ကွေးရောဂါဟာ ရန်ကုန်တိုင်းမှာ ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း အဖြစ်များနေတာပါ။ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအများစုက ရန်ကုန်တိုင်းကဖြစ်ပါတယ်။

ဇွန် ၂၃ ရက်နေ့က နေ ဇွန် ၂၉ ရက်နေ့အထိ တပတ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၀၀ ကျော်ရှိခဲ့ပြီး မနှစ်ကဖြစ်ပွားမှုနှုန်းထက် အနည်းငယ်မြင့်တက်နေတယ်လို့ ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ တနှစ်ပတ်လုံးမှာ ဖြစ်ပွားနေတာဖြစ်ပြီး မိုးတွင်းကာလမှာတော့ ပိုပြီးအဖြစ်များပါတယ်။

သွေးလွန်တုပ်ကွေရောဂါဟာ ကလေး၊ လူကြီးမရွေ့းဖြစ်ပွားနေတာဖြစ်ပြီး အသက် ၅ နှစ်နဲ့ ၉ နှစ်ကြား ကလေးငယ်တွေမှာ အများဆုံးဖြစ်ပွားပါတယ်။

No comments:

Post a Comment