Saturday, July 6, 2019

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပမည်ဟု ရွေးကော်အာမခံ

 ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲကို လွတ် လပ်မျှတစွာ ကျင်းပနိုင်မည် မဟုတ်ဆိုသော ဝေဖန်မှုများသည်အခြေအမြစ် မရှိသော စွပ်စွဲမှုသာဖြစ်ပြီး လက်တွေ့ဆောင်ရွက်နေသော အခြေအနေများနှင့် ကွဲလွဲနေကြောင်း ကော်မရှင်ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က တုံ့ပြန် သည်။ ‘‘အခြေအမြစ် မရှိဘဲနဲ့ စွပ်စွဲနေတာလို့ပဲ ဒီလိုပဲ ပြောရမှာ ပေါ့။ ကျွန်တော်တို့ကတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုတာ ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာနဲ့ လုပ်ထားလို့လည်း ခင်ဗျားတို့ကို ဒါတွေကို ပြချင်တာ’’ဟု ဇူလိုင် ၄ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က ပြောသည်။
       
ကော်မရှင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ် မျှတသည့် ရွေးကောက်ပွဲဖြစ်လာရေး မဟာဗျူဟာများ ချမှတ်ေ ဆာင်ရွက်နေပြီး သမိုင်းအရိုင်းခံမည် မဟုတ်ကြောင်း ၎င်းကဆို သည်။

ဥက္ကဋ္ဌဦးလှသိန်း ဦးဆောင်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် ကော်မရှင်၏ ရည်ရွယ်ချက်ဖြစ်သော လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် ဆန့်ကျင်ဘက်လားရာသို့ ဦးတည်နေကြောင်း အဓိကအတိုက်အခံ ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုက မေလအတွင်း အိတ်ဖွင့်စာပေးပို့ဝေဖန်ခဲ့ သည်။                                                                                                                   

ထို့အပြင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု နည်းပါးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် တင်သွင်းသည့် ကန့်ကွက်လွှာအမှုများတွင် ကော်မရှင်သည် မျှတစွာဆုံးဖြတ်မှု မရှိကြောင်း ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီအချို့က ဝေဖန်ထားသည်။

ကော်မရှင်ကမူ တည်ဆဲဥပဒေစည်းမျဉ်း၊ စည်းကမ်းများအရသာ ဆောင်ရွက်နေပြီး အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး၊ သတ်မှတ်မဲဆန္ဒနယ် အားလုံး၌ ရွေးကောက် ပွဲကျင်းပနိုင်ရေးတို့ကို အစီအမံများ ချမှတ်ဆောင်ရွက်နေ ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

‘‘ကျွန်တော်တို့ အစီအစဉ်ဆွဲထားပြီးသား။ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့မှာ၊ မတွေ့ဘဲ မနေဘူး။ လိုအပ်ရင် လိုအပ်သလို အခါအားလျော်စွာ တွေ့သွားမှာ။ အခုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပါတီတွေနဲ့ ဘယ်သူမှ တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ဒါကို မဟုတ်ဘဲနဲ့ပြောလာတာပေါ့။ တကယ်လက်တွေ့နဲ့ ဟိုမှာအော်နေတာက လွဲ နေတယ်’’ဟု၎င်းကပြောသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းအချို့က အထွေထွေ ရွေးကောက်ပွဲ အကြိုကာလဖြစ်သည့် ယခုနှစ်အတွင်း ကော်မရှင်၏ ဆောင်ရွက်ချက်များသည် ယခင်နှစ်များက ထက် တိုးတက်မှုရှိကြောင်း မှတ်ချက်ပြုသော်လည်း လိုအပ်ချက် များ ရှိနေဆဲဟု ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ကော်မရှင်က ဆောင်ရွက်နေသည်ဆိုသော်လည်း ပါတီဗဟိုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က အကြံပြု သည်။ ‘‘အခုကကျတော့ မဲဆန္ဒရှင်စာရင်းကိစ္စ တစ်ခုတည်းနဲ့ တွေ့တာကိုး။ ကျန်တဲ့ပြဿနာတွေ လည်း အများကြီးရှိနေသေးတယ်လေ’’ဟု ၎င်းကပြောသည်။

No comments:

Post a Comment