Saturday, July 6, 2019

ဒေသ ၁၀ ခု မိုးကြီးနိုင်ကြောင်း သတိပေး

ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တွင်  မုတ်သုံလေအားကောင်းနေပြီး  တိုင်းနှင့် ပြည်နယ် ၁၀ ခု၌ မိုး ကြီးနိုင်ကြောင်း မိုးလေ၀သနှင့်  ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက   ဇူလိုင် ၅ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ဇွန်လနောက်ပိုင်းကစတင်  ကာ  နေရာကွက်မိုးကြီးခဲ့သည့်  ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ် တွင် ဒေသအလိုက်နှင့် ကချင်၊ ချင်းပြည်နယ်၊ ရန်ကုန်၊ ဧရာဝ တီ၊ တနင်္သာရီ၊ ပဲခူးနှင့် စစ်ကိုင်း  တိုင်းဒေသကြီးအထက်ပိုင်းဒေသ  များတွင် နေရာကွက်မိုးကြီးနိုင် ကြောင်း သတိပေးထားသည်။ ဒေသအလိုက်ဆိုသည်မှာ သတိ ပေးချက်ထုတ်ပြန်ထားသည့် ဒေ သတစ်ခုလုံးတွင် မိုးကြီးနိုင်သည့်  သတိပေးချက်ဖြစ်သည်။



‘‘မိုးရွာရက်က များလာတာ ကိုသတိပြုရပါမယ်။ မြစ်၊ချောင်း  တွေမှာလည်း ရေတိုးလာတယ်၊   မိုးကလည်း များနေတာကြောင့် ဒီကာလမှာ ရေဘေးကို သတိပြု  နေဖို့လိုပါတယ်’’ ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ကျော်မိုးဦးကပြောသည်။

ဇူလိုင် ၅ ရက်ကလည်း   တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု ၌ နေရာကွက် မိုးကြီးပြီး မြို့ ပေါင်း ၁၆ မြို့၌ ပုံမှန်ထက်မိုး ကောင်းခဲ့သည်။ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နှင့် ကျောက် ဖြူမြို့သည် အထက်ပါ ၁၆ မြို့ စာရင်း၌ ပါဝင်ခဲ့သည်။   မြစ်၊ ချောင်းများပေါများသည့် ရခိုင် ပြည်နယ်တွင် မိုးရွာသည့် ရက် များပြားနေ၍ ရေဘေးကို သတိ ပြုရန်လိုအပ်နေပြီး လတ်တလော  ၌ ရေကြီးနစ်မြုပ်မှု မရှိသေးဟု  ရခိုင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဦး ကျော်မင်းက ပြောသည်။  ဇူလိုင်အတွင်း နေရာ ကွက်မိုးကြီးမှုနှင့် လေပြင်းတိုက် ခတ်မှုကြောင့် တနင်္သာရီတိုင်းဒေ သကြီးအတွင်း လူသေဆုံးမှုနှင့် မြေပြိုမှုများ  ဖြစ်ပွားခဲ့သည်။  ဘုတ်ပြင်းမြို့နှင့် ထိစပ်နေသော ပင်လယ်ပြင်တွင် လေပြင်းကျ ကာစက်လှေတစ်စီး တိမ်းမှောက် ပြီး လူနှစ်ဦးသေဆုံးမှု ဇူလိုင် ၂ ရက်ကဖြစ်ခဲ့သည်။ ထားဝယ်မြို့   တွင် မိုးသည်းထန်စွာရွာသွန်းပြီး  ရေတိုက်စားမှုကြောင့် ထားဝယ် လေဆိပ်လေယာဉ်ပြေးလမ်းဘေး  တွင် မြေပြိုကျမှုဇူလိုင် ၃ ရက်က ဖြစ်ပွားသည်။

No comments:

Post a Comment