Saturday, July 6, 2019

ဗစ်တိုးရီးယားအမှုကို လူ့အခွင့်အရေးကော်မရှင်က စောင့်ကြည့်နေဟု တာဝန်ရှိသူပြော တရားစွဲဆိုခံထားရသူက ခိုင်မာသည့်အချက်အလက်များဖြင့် မဟုတ်မှန်ကြောင်း တိုင်ကြားနိုင်

Wisdom Hill မူကြို ကျောင်းမှ မိန်းကလေးငယ်တစ်ဦး မဖွယ်မရာပြုကျင့်ခံရသည့်အမှု ကို လူ့အခွင့်အရေးကော်မရှင်က စောင့်ကြည့်နေကြောင်း မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင် အောင်က ယမန်နေ့ကပြောကြားသည်။ ယင်းအမှုကျူးလွန်သူဟုဆို သူအောင်ကျော်မျိုး(ခ)အောင် ကြီးကို ဇူလိုင် ၄ ရက်တွင် ရဲတပ် ဖွဲ့က တရားစွဲခဲ့မှုနှင့်ပတ်သက်၍ ‘‘တရားခံမဟုတ်ဘူးဆိုတဲ့ အခြေ အနေမှာ တော်တော်ဆူညံနေ တယ်။ သတိတော့ထားရမယ်။ အမှုကို သေသေချာချာ၊မှန်မှန် ကန်ကန်ဖြစ်အောင် ဖော်ထုတ် ပေးစေချင်တယ်’’ ဟု ၎င်းကပြောသည်။လတ်တလောတွင် အောင် ကျော်မျိုး(ခ) အောင်ကြီးအနေဖြင့် ခိုင်မာသည့် အချက်အလက်များ ဖြင့် မဟုတ်မှန်ကြောင်း တိုင်ကြား နိုင်သည်ဟု ဦးယုလွင်အောင်က ပြောသည်။



အောင်ကြီးသည် Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဆရာမ၏ကိုယ်ပိုင်ကားယာဉ်မောင်းအဖြစ် မေလ ၁၆ ရက်တွင်အလုပ်ဝင်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဖြေရှင်းထားသည်။

မေလ ၁၆ ရက်တွင်ဖြစ်ပွား ခဲ့သည့် အမှုဖြစ်စဉ်ကို မှုခင်းရဲ တပ်ဖွဲ့(CID)က ကိုင်တွယ်ခဲ့ခြင်း ဖြစ်ကာ အောင်ကြီးကို ကနဦးဖမ်း ဆီးစစ်ဆေးခဲ့ပြီး ဇွန်လ ၂၄ ရက် က ပြန်လွှတ်ပေးခဲ့သည်။ ထို့ နောက် ၎င်းကို ဇူလိုင် ၃ ရက်တွင် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးကာ ဇူလိုင် ၄ ရက်တွင် တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။

အောင်ကြီးကို တရားစွဲတင် မှုအပေါ် အမှုစုံစမ်းဖော်ထုတ်မှု နှင့်ပတ်သက်၍ ဝေဖန်မှုများစွာရှိ နေပြီး ဗစ်တိုးရီးယားအမှုအတွက် ဖေ့စ်ဘွတ်ခ်တွင် ဖွင့်လှစ်ထား သော ‘Justice For Victoria’ စာ မျက်နှာတွင် ရဲတပ်ဖွဲ့၏တရားခံ ဖော်ထုတ်မှုအပေါ် ယုံကြည်မှုမရှိ ကြောင်း လူမှုနယ်ပယ်အသီးသီးက ပြောဆိုနေသည်။ ယင်းအမှုနှင့်ပတ်သက်၍ ရန်ကုန်စီအိုင်ဒီရုံးရှေ့တွင် ဦး ဆောင်ဆန္ဒပြမည့် ကိုအောင် ထိုက်မင်းက ‘‘အမှုကိစ္စတစ်ခုဖြစ် ပြီးတော့ အချိန်ကာလတစ်ခုကြာ တဲ့အထိ ရှင်းရှင်းလင်းလင်းနဲ့ ပွင့် လင်းမြင်သာမှုရှိရှိ ထုတ်ပြန်နိုင် ခြင်းမရှိသေးတာ လိုအပ်ချက်ဖြစ် နေတာပါ’’ ဟု ပြောကြားသည်။ အောင်ကြီးကို ပုဒ်မ ၃၇၆ ဖြင့် တရားစွဲထားပြီး ရဲတပ်ဖွဲ့က တရားလိုပြသက်သေ ၂၆ ဦးတင် ပြထားကြောင်း ဒက္ခိဏခရိုင် ဒုတိယတရားသူကြီးဦးညိုဌေးက အတည်ပြုပြောထားသည်။

No comments:

Post a Comment