Saturday, July 6, 2019

ကွန်တိန်နာယာဉ်မောင်းက ယာဉ်ထိန်းရဲကို ဓားဖြင့်ခုတ်

ဆိပ်ကမ်းမြို့နယ် ဗိုလ် အောင်ကျော်ကွန်တိန်နာကား ၀င်းရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀င်တစ်ဦးကို ကွန်တိန်နာယာဉ် မောင်းက ဓားဖြင့်ခုတ်ခဲ့ကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဇူလိုင် ၅ ရက်၌ ပြော သည်။ ဇူလိုင် ၄ ရက်နေ့လယ် ၂ နာရီက ကမ်းနားလမ်းဗိုလ်အောင် ကျော်ကွန်တိန်နာဝင်းအရှေ့ရှိ ၀င်၊ ထွက်ပေါက်ကားလမ်းပေါ်၌ ကွန်တိန်နာကားများ ပိတ်နေစဉ် ယာဉ်လမ်းကြောရှင်းလင်းနေ သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ် ဦးနှင့် လမ်းမပေါ်ဖြတ်ထွက်လာ သည့်ကွန်တိန်နာယာဉ်မှ ယာဉ် မောင်းတို့ တစ်ယောက်တစ်ခွန်း စကားများခဲ့သည်။



တစ်ဦးနှင့်တစ်ဦး အချင်း များထိုးကြိတ်စဉ် ယာဉ်ထိန်းရဲ သည် လမ်းပေါ်သို့လဲကျသွားရာ အခြားယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက နံပါတ်တုတ်ကိုင်ပြီး ရိုက်ရန်ပြုစဉ် အဆိုပါယာဉ်ထိန်း ရဲကို ကွန်တိန်နာယာဉ်မောင်းက ငှက်ကြီးတောင်ဓားယူ၍ ခုတ်ခဲ့ ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြ သည်။

အခုတ်ခံရသည့်ယာဉ်ထိန်း ရဲသည် ရှောင်တိမ်းစဉ် ဦးခေါင်း ကိုလျှပ်ထိခဲ့ကြောင်း ရဲမှတ်တမ်း ကဆိုသည်။

ပြစ်မှုကျူးလွန်သူကွန်တိန် နာယာဉ်မောင်းသည် ထွက်ပြေး တိမ်းရှောင်နေပြီး ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း အထက်ပါဆိပ် ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

‘‘ဓားနဲ့ခုတ်ခံရတဲ့ယာဉ်ထိန်း ရဲကတော့ ဒဏ်ရာသိပ်မများပါ ဘူး။ အခုဆေးရုံကဆင်းသွားပါ ပြီ။ ကားသမားကတော့ ဖြစ်ဖြစ် ချင်းထွက်ပြေးသွားတယ်။ လိုက် ဖမ်းနေတုန်းပါပဲ။ အဲဒီကားသမား က ကားကွေ့တဲ့အချိန်မှာ ကား တွေပိတ်နေတော့ ရဲကသွားပြော ရင်းနဲ့ စကားများရန်ဖြစ်ခဲ့ကြတာ ပါ’’ ဟု ၎င်းကပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကွန်တိန်နာယာဉ်မောင်းကို ဆိပ် ကမ်းမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၃၃၊ ၃၃၂ (ပြည်သူ့ဝန် ထမ်းအား တာဝန်ဆောင်ရွက်နေ ခြင်းကို ဟန့်တား၍ အပြင်းအထန် နာကျင်စေမှု)ဖြင့် အမှုဖွင့်အရေး ယူထားသည်။

No comments:

Post a Comment