Saturday, July 6, 2019

အောင်ကြီးကို အချက်လေးချက်ဖြင့် ခိုင်မာသောကြောင့် တရားစွဲတင်လိုက်ခြင်းဖြစ်ကြောင်း ဒုရဲချုပ်ပြောကြား Wisdom Hill ကျောင်းကို အစိုးရအရေးယူမည် ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရန်စဉ်းစားနေ လူမှုဝန်ထမ်းအရာရှိများကိုလည်း အရေးယူမည်

ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့် ခံရမှုတွင် တရားရုံးသို့  တင်လိုက်သောသံသယ တရားခံအောင်ကြီးကို အချက်အလက်ခိုင်မာ၍ စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ဒုရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူက ပြောကြားသည်။ ကလေးနှင့်ပတ်သက်သော ဆေးစာပြန်ကြား ချက်၊ မသင်္ကာတရားခံ အတွင်းခံဘောင်းဘီမှတွေ့ ရှိသည့် သုက်ပိုး၊ တရားခံယင်းနေရာသို့ ရောက် ရှိခဲ့ကြောင်း စီစီတီဗီတွေ့ရှိချက်၊  ပြုကျင့်သူသည် ၎င်းပါဟု ကလေးငယ်ကိုယ်တိုင်ပြောကြားချက်များကြောင့်ဖြစ်ကြောင်း ရဲဗိုလ်ချုပ်အောင်နိုင်သူက အချက်လေးချက်ကို ရှင်းပြသည်။


‘‘ဒီအမှုက ခိုင်မာနေတဲ့အတွက် ပြချင်ပါ တယ်။ ကျွန်တော်တို့မှာ စည်းရှိပါတယ်’’ ဟု ရဲဗိုလ် ချုပ်ကပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် သက်သေခံပစ္စည်းသိမ်း မည်ဆိုသည့်အချိန်တွင်ဗစ်တိုးရီးယား ၀တ်ထားသည့် ဘောင်းဘီသည် မိခင်ဖြစ်သူက လျှော်ရန် ရေထဲထည့်စိမ်လိုက် ခြင်းကြောင့် DNA ပိုင်းမှ ပျက်နေ ၍ DNA စစ်ချက်ကို  အားကိုး မရဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကလေးငယ်ထံမှ ကျောင်းသို့ဝတ်လာသည့် ၀တ်စုံ တစ်ခုကိုသာ ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းပြော သည်။

‘‘ကလေးရဲ့ ဘောင်းဘီသည် ရေထဲစိမ်လိုက် တဲ့အတွက် DNA ကို အားကိုးလို့မရဘူး။ စစ်လို့ မဖြစ်နိုင်တော့ဘူး။  သက်ဆိုင်တဲ့ ဓာတုဗေဒပိုင်းအရ ပဲစစ်တာ ရှိပါတော့တယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ကလေးငယ် စီးသည့်ဖယ်ရီ ကားကို မောင်းနှင်သူသည်အောင် ကြီးမဟုတ်ဘဲ ယင်းကားတွင်ဆ ရာမနှစ်ဦးနှင့် ကလေး ၁၂ ဦးပါ ၀င်ပြီး ဘူးကွဲရောက်ရှိချိန် အင် ဂျင်ပိုင်းဆိုင်ရာချွတ်ယွင်း၍ ကား ပြောင်းစီးလာခဲ့ပြီး ဖယ်ရီပေါ် တွင် ဖြစ်ပွားခဲ့ခြင်းရှိ၊ မရှိကိုလည်း  စုံစမ်းစစ်ဆေးခဲ့သည်ဟုလည်း ဆိုသည်။

‘‘ကားသမားသည် အရှေ့ မှာပဲရှိတယ်။ ကျန်တဲ့ကလေး တွေလည်းရှိတဲ့အတွက် ဒီကား ပေါ်မှာလည်း ဖြစ်တာမဟုတ်ဘူး လို့သုံးသပ်လို့ရပါတယ်’’ ဟု ၎င်း ကဆိုသည်။

ကျောင်းခန်းအတွင်းသို့ အမျိုးသားတစ်ဦးဝင်

ဖြစ်ပွားခဲ့သည့် ကျောင်းခန်း ထဲတွင် စီစီတီဗီမရှိ၍ အကြီးတန်း မှ ကျောင်းသူများနေသည့် လမ်း တစ်ဖက်ရှိ ကျောင်းစီစီတီဗီထိုး ထားသည့်ထဲမှ နာရီအလိုက် နံ နက် ၈ နာရီမှ ညနေကားပေါ် တက်သည့် အချိန်ထိကြည့်ရှုရာ ထူးခြားစွာဖြင့် ၃ နာရီ ၁၂ မိနစ် တွင် အမျိုးသားတစ်ဦးဝင်ရောက် လာသည်ကို တွေ့ရှိကြောင်း  ၎င်းကဆက်လက်ပြောသည်။

ထို့အပြင် စီစီတီဗီတွင် မီး ပျက်သည့် ပြဿနာသည်ရှိသည် ဟု ပြောဆိုခြင်းမှာ မဟုတ်ဘဲလုံး ၀ဖျက်ထားခြင်းမရှိဘဲ မီးအားကျ ချိန်တွင် သုံးမိနစ်ခန့်ရပ်ထား  ခြင်းသာရှိပြီး ယင်းအချိန်တွင် ယောက်ျားလေးဝင်ရောက်မှုလုံးဝ မရှိကြောင်း ရဲဗိုလ်ချုပ်ကဆိုသည်။

‘‘ဒီအမျိုးသားသည် ၂၈ မိ နစ်ဒီအထဲမှာရောက်နေပါတယ်။ ကျန်တဲ့အမျိုးသားတွေဝင်ခွင့်မရ တဲ့နေရာမှာ ဒီအမျိုးသားရောက် နေတယ်’’ ဟု ၎င်းကပြောသည်။

ယင်းအမျိုးသားသည် အင်္ကျီ လက်ရှည်အဖြူရောင်စတစ်ကော် လာနှင့် ပုဆိုးအပြာ၊ ဦးထုပ် ဆောင်ထားပြီး စူပါကာစတန်ပါ လာသည်ဟု ယူဆရကာကျောင်း ဘက်တွင် လာရပ်၍လမ်း လျှောက်သွားပြီး ယင်းအခန်းထဲ သို့ ၀င်ရောက်သွားကြောင်းရဲဗိုလ် ချုပ်ကပြောသည်။

‘‘အဲဒီလိုဝင်သွားပြီးချိန်မှာ ဒီအမျိုးသားကို ကားသမားအဖြစ် ခန့်မယ့်ကားတစ်စီးရှိတယ်။ အဲဒီ ကားက ဒီကျောင်းက ကားမဟုတ် ဘူး။ ကျောင်းအုပ်ဆရာမရဲ့ကား။ ကျောင်းအုပ်ဆရာမရဲ့ကားကနေ ပြီးတော့မှ အဲဒီအရှေ့ကို လာရပ် တဲ့အချိန်မှာပဲဒီကောင်က ဒီကား ပေါ်ကိုတက်ဖို့ တံခါးလာဖွင့် တယ်။ အဲသလိုမဖွင့်ခင်မှာ လက် တွေနမ်းတယ်။ ဒီလိုအခြေအနေ   လေးတွေ၊ ဒါမျိုးတွေကို သက် သေခံပစ္စည်းအနေနဲ့ တင်ထား တာရှိပါတယ်’’ ဟု ၎င်းကဆို သည်။

အောင်ကြီး၏ ဖခင်ကမူ သားဖြစ်သူသည် ကျောင်းကြီး ကြပ်ရေးမှူးက အခွေယူခိုင်း၍ ကျောင်းသို့သွား အခွေယူပေးပြီး၊ ၎င်းထိုင်ခိုင်းသည့်နေရာတွင် ထိုင် ခဲ့သည်ဟုဆိုသည်။

ယင်းအချက်သည် မသင်္ကာ ဖွယ်ဖြစ်သော အချက်များကို စစ် ဆေးရရှိချိန်တွင် ဇွန်လ ၃၀ ရက်တွင် စတင်ဖမ်းဆီးခဲ့ပြီး ကျူး လွန်ခံရသည့် ကလေးငယ်သည် ကာကွယ်ဆေးသောက်နေရ၍ ရဲ တပ်ဖွဲ့နှင့် တွေ့ခွင့်မရသေး ကြောင်း ရဲဗိုလ်ချုပ်အောင်နိုင်သူ ကပြောသည်။ ကလေးနှင့် ဖခင် တို့လာပြီး ဖခင်က ကျောင်းစီစီတီ ဗီမှတ်တမ်းယူ၍ စိစစ်ခဲ့ပြီး သမီး ငယ်က ၎င်းကိုပြောထားသည့် ဗီ ဒီယိုဖိုင်တစ်ခု ပြသခဲ့သည်။ ‘‘ဒီ ကလေးလေးက ခုနကကျွန်တော် ပြောတဲ့ စူပါကာစတန်ဘက်က ပြန်ထွက်လာတဲ့သူ ခုနကတစ် ယောက်တည်း ဒီထဲဝင်တဲ့သူကို အဲဒါ ကိုကိုပဲလို့ပြောပါတယ်’’ ဟု  ၎င်းကဆိုသည်။

စီစီတီဗီမှ မှတ်တမ်းအချက်  အလက်ထောက်ပြပြီးမှ ကလေး ကိုယ်တိုင်သူ့မိဘရှေ့တွင် လက် ညှိုးထောက်ပြပြီးမှ ‘‘အဲဒီကိုကိုပဲ၊  သမီးကိုဘာလုပ်တာလဲ၊ သမီးကို ပထမပေါင်ကို ပထမဆွဲလိမ် တယ်။ ပြီးတော့သမီးရဲ့ ဒီထဲကို နှိုက်ပါတယ်ဆိုပြီး ဒါကလေးက ပြောတာဖြစ်ပါတယ်။ ကလေးရဲ့ ပြောပြချက်က ကလေးဆိုတာ မုသားပြောစရာအကြောင်းမရှိပါ ဘူး’’ ဟု ၎င်းကဆက်လက်ပြော သည်။

ယင်းဗီဒီယိုဖိုင် လူမှုကွန် ရက်တွင် ပျံ့နှံ့နေခြင်းကြောင့် မေးမြန်းရာ ရဲတပ်ဖွဲ့အနေဖြင့် တင်ခြင်းမဟုတ်ကြောင်း ရဲဗိုလ် ချုပ်ကငြင်းဆိုသည်။

‘‘ဒီကလေးရဲ့ ထိုးပြချက်ကို တွေ့တဲ့အခါမှာ ဒီအချက်ပေါ်မှာ ဒီကောင်ဖြစ်မယ်။ ပထမတစ်ခါ မသင်္ကာတာလည်း သူပဲ၊ သူ့ကို ဖမ်းဆီးစဉ်က အတွင်းခံဘောင်း ဘီသိမ်းထားတာရှိပါတယ်။ အ တွင်းခံဘောင်းဘီမှာ သုက်ပိုး  သွားတွေ့ပါတယ်။ ဒီအချက် လက်တွေက အင်မတန်မှရှင်းပါ တယ်’’ ဟု ရဲဗိုလ်ချုပ်အောင်နိုင် သူကပြောသည်။

သက်ရှိသက်သေဖြစ်သည့် ကျူးလွန်ခံရသူ ကလေးငယ်က ပြောကြားထားမှု၊ နည်းပညာပိုင်း စစ်ဆေးတွေ့ရှိမှုများကလည်း အ ထောက်အထားများပေးနေခြင်း ကြောင့် တရားစွဲတင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘တရားရုံးရဲ့ စီရင်ချက်က  တရားသူကြီးရဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်’’ ဟု ရဲဗိုလ်ချုပ်က ဆက်လက်ပြောသည်။

သို့သော် သက်သေခံများ ဖြစ်သည့်  ဆရာမနှင်းနုအပါအ၀င် အခြား သက်သေများထွက်ဆို ချက်ကို ပြောကြားခြင်းမရှိပေ။

ဆရာမနှင်းနှင်းနုကို တိုင်ကြားခဲ့ခြင်းမရှိဟုဆို

အခြားသတင်းတစ်ရပ်တွင် မူကြိုဆရာမ ဒေါ်နှင်းနှင်းနုက ကလေးက သူ့ကို တိုင်ခဲ့ခြင်း လည်းမရှိကြောင်းနှင့် ကိုကိုဆိုသူ ကိုလည်း မဆူခဲ့ကြောင်း BBC နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

‘‘ကိုကို လုပ်တယ်လို့ ကျွန်မ ကိုလာမတိုင်ဘူးရှင့်။ အဲဒီကိုကို ကိုလည်း ကျွန်မမဆူလိုက်ဘူး ရှင့်’’ ဟု ၎င်းကဖြေကြားခဲ့သည်။

ကလေးဖခင်က မီဒီယာများ သို့ဖြေကြားချက်အရ ဗစ်တိုးရီး ယားက ကိုကိုလုပ်သည်ကို ဆရာ မနှင်းနှင်းနုသို့တိုင်ခဲ့ပြီး ဆရာမက ကိုကိုကို ဆူခဲ့သည်ဟု ပြောထား ခြင်းဖြစ်သည်။

‘‘ဒီကလေးကဘာလို့ ကိုကို ခေါ်လဲ၊ ဒီကလေးရဲ့ သဘောသ ဘာဝကိုက သူ့အတန်းထဲမှာရွယ် တူတွေကို အားလုံးကို Friend လို့ ပဲခေါ်ပါတယ်။ သူကသူ့အဖေ လောက်အရွယ်တွေကိုလည်း ကို ကိုခေါ်ပါတယ်။ ဒါလည်းသူ့ရဲ့ ထူးခြားချက်ဖြစ်ပါတယ်’’ ဟု ရဲ ဗိုလ်ချုပ်ကပြောသည်။

‘‘လူကြီးက ပြုကျင့်ချိန်မှာ  ထိုးသွင်းဒဏ်ရာ သေးသေးလေး လားဟု ပြောဆိုမှုအပေါ် က လေးကလုပ်တာ လက်နဲ့လုပ်တာ လို့ပြောထားပါတယ်။ အဲဒါဆို  ရင်ဘာဖြစ်လို့ဆိုရင် Sperm ရှိ တယ်လို့မေးစရာရှိလာပါတယ်။   သူလည်း ဒီလိုစိတ်များရှိရင် ဒီ ထဲမှာ နှိုက်ထားမယ်ဆိုသုံးသပ်ရ ပါတယ်။  ဒီကလေးကို နှိုက်ထား ရင် ဒီ Sperm က ပါသွားနိုင်ပါ တယ်’’ ဟု ၎င်းကရှင်းသည်။

မျက်ကွယ်တွင်ဖြစ်သည့်အ မှုအပေါ်တွင် ဆက်စပ်သည့် အ ခြင်းအရာများကြောင့် တရားစွဲ တင်ရခြင်းဖြစ်ပြီး အမှုစစ်ဆေး ချိန်ကြာမြင့်ရခြင်းသည် ကလေး ၏ ကျန်းမာရေးအရ ကြာသွား ခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကဆို သည်။

ထို့အပြင် အောင်ကြီးသည် ထောင်ခုနစ်နှစ်ကျခဲ့ကာ သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာသူဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။

အောင်ကြီး၏ဖခင် ဦးမြ သိန်းက အောင်ကြီးသည် မူးယစ် ဆေးမှုဖြင့် ထောင်မကျမီက ကုမ္ပဏီဝန်ထမ်း၊ အငှားယာဉ် မောင်းလုပ်ခဲ့ဖူးပြီး လူပျိုလူလွတ် ဖြစ်ကာ ရိုးသားသူဖြစ်ကြောင်း ပြောသည်။

ဆေးမှုတွင်လည်း ၎င်း၏ သူ ငယ်ချင်းထံတွင် ဆေး လေးပြား တွေ့ရာမှ အောင်ကြီးပါ အမှုတွဲ တွင်ပါဝင်ပြီး ထောင်ခုနစ်နှစ်ကျခဲ့ ကာ သုံးနှစ်ကျော်အကြာတွင် သမ္မတလွတ်ငြိမ်းဖြင့် လွတ်လာ သည်ဟုဆိုသည်။

ခုတင်တစ်ထောင်သို့ရောက် ရှိချိန်တွင် ဗစ်တိုးရီးယားထံ၌ ပြု ကျင့်ခံထားရသည့် အနေအထား နှင့် သွေး၊ သုက်ပိုးတွေ့ရှိသော် လည်း အမြှေးပါးအထိ ပေါက် သည့်အနေအထားမရှိကြောင်း  ရဲဗိုလ်ချုပ်ကပြောသည်။

ထို့အပြင် ကျောင်းကြီးကြပ် ရေးမှူး၏ သားနှစ်ဦးမှာ အခင်း ဖြစ်သည့်နေ့တွင် ကျောင်းသို့ပင် မလာရောက်ခဲ့ဘဲ စွပ်စွဲခံရသည့် အတွက် ၎င်းတို့နစ်နာသည်ဟု လည်း ဆိုသည်။

ကျောင်းနှင့် တာဝန်ရှိသူများကို အရေးယူမည်

သက်ငယ်မုဒိမ်း ဖြစ်ပွားခဲ့ သည့် Wisdom Hill မူကြိုကျောင်း ကို ခွင့်ပြုချက်ပေးတော့မည် မ ဟုတ်ဘဲ အလယ်တန်း၊ အထက် တန်းကျောင်းများကိုလည်း ပြန် လည်စစ်ဆေးရန် သမ္မတကိုယ် တိုင် ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ ‘‘ပြန်စစ်ပါ၊ ပြန်စစ်လို့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မညီတာတွေလုပ်ရင် ကျွန်တော်တို့ အရေးယူမယ်’’ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျောင်းမှ တာဝန်ရှိသူများနှင့် တည်ထောင်သူများကို Black List (အမည်ပျက်စာရင်း) သွင်းရန် အစိုးရအနေဖြင့် ဆွေးနွေးနေကြောင်း ၎င်းကဆိုသည်။ အမည်ပျက်စာရင်းဝင်ပါက ပညာရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရတော့မည် မဟုတ်ပေ။ Wisdom Hill မူကြိုကျောင်းသည် ခွင့်ပြုချက်မရဘဲ ဖွင့်လှစ်ထား၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လိုင်စင်မရ သေးခြင်းကြောင့်၊ ယာယီပိတ် သိမ်းရန် ဇူလိုင် ၁ ရက်ကစ၍  တားမြစ်ထားသည်။

‘‘အဲဒီလို ခွင့်ပြုချက်မရှိဘဲဖွင့်ထားတာကို မသိကျိုးကျွန်ပြုတဲ့ လူမှုဝန်ထမ်းအရာရှိတွေကိုပြောထားပါတယ်။ ဖော်ထုတ်ပါ၊ ကျွန်တော်တို့ အရေးယူမယ်’’ဟု ဦးဇော်ဌေးက ပြောသည်။
ရဲတပ်ဖွဲ့၏ အမှုတွဲဆောင်ရွက်ပုံ နှင့် ဥပဒေအကြံပေးချက်များကို တရားလိုရှေ့နေသေချာလေ့လာ မည်
ဗစ်တိုးရီးယားအမှုနှင့် ပတ် သက်၍ လက်ရှိတရားရုံးသို့ တင် ပြထားသော ရဲတပ်ဖွဲ့၏အမှုတွဲ တည်ဆောက်ပုံနှင့် အစိုးရဥပဒေ အရာရှိက ရဲတပ်ဖွဲ့ထံအကြံပြု ထားသော  ဥပဒေအကြံပေးချက် များအပေါ် သေချာလေ့လာကာ တရားလို၏ အကျိုးဆောင်ရှေ့ နေအဖြစ် လိုက်ပါဆောင်ရွက် မည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

No comments:

Post a Comment