Saturday, July 6, 2019

ကလေးမွေးစားခွင့်ပြဋ္ဌာန်းချက်ကို ပြည်သူများ ရှင်းရှင်းလင်းလင်းမသိမှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်ထုတ်နေ

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း ပါကလေးမွေးစားခွင့်ပြဋ္ဌာန်းချက် နှင့် ပတ်သက်၍ သာမန်ပြည်သူ များရှင်းရှင်းလင်းလင်းမသိမှုကို  အခွင့်ကောင်းယူ၍ နိုင်ငံရေးအ မြတ်ထုတ်မှုများ လုပ်ဆောင်နေ ကြောင်း နိုင်ငံတော်သမ္မတရုံးက ဝေဖန်သည်။ ‘‘ဒီဥပဒေနဲ့ ပတ်သက်လို့အ ထင်အမြင်လွဲမှားနေတဲ့ သာမန် ပြည်သူတွေသေချာမသိဘူး။ မ သိတဲ့အပေါ်မှာ အခွင့်ကောင်းယူ ပြီးတော့ နိုင်ငံရေးအသုံးချတယ်။  နိုင်ငံရေး အမြတ်ထုတ်တာတွေ လုပ်နေတယ်’’ ဟု ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ  အိမ်တော်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေးကပြောသည်။



 ပြည်ထောင်စုလွှတ်တော် ကအတည်ပြုထားသည့် ကလေး သူငယ်ဥပဒေကြမ်းပါမွေးဖွားခြင်း မှတ်ပုံတင်ခွင့်၊ ကလေးမွေးစား ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များအ ပေါ် ဝေဖန်ဆန္ဒပြမှုများနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတရုံးက ထိုသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ နိုင်ငံ သားတစ်ဦးသည် နိုင်ငံခြားသား ကလေးငယ်များကို မွေးစားခွင့် ရနိုင်သည့်အပြင် ယင်းမွေးစားခံ ကလေးများသည် နိုင်ငံသားဖြစ် ခွင့်ရလာနိုင်ကြောင်း ပြည်ခိုင်ဖြိုး နှင့် မိတ်ဖက်ပါတီအချို့က ဝေ ဖန်ထားပြီး ထိုသို့ဥပဒေပြဋ္ဌာန်း ခြင်းသည် ကိုဖီအာနန်ကော်မရှင်  ၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်ခြင်း  ဖြစ်သည်ဟု  လည်းစွပ်စွဲထားသည်။

ထို့ကြောင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်အပေါ် ဆန့်ကျင်ကန့် ကွက်ပွဲများကို တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပြုလုပ်မည်ဟု  ပြည်ခိုင်ဖြိုးပါတီက ကြေညာထား သည်။ လက်ရှိတွင် ထိုသို့သော ဆန္ဒပြမှုပေါင်း ၂၀ ကျော်ရှိပြီး ဝေဖန်ချက်များသည် လွဲမှားနေ ကြောင်း နိုင်ငံတော်သမ္မတရုံးက တုံ့ပြန်သည်။

 ‘‘ကလေးတစ်ယောက်ကို မွေးစားတယ်ဆိုတာက သက်ဆိုင် ရာမိသားစုရဲ့ ကိစ္စဖြစ်တယ်။  မွေးစာရင်းကိစ္စသည် ကလေးသူ ငယ်အခွင့်အရေးကိစ္စဖြစ်တယ်။  မွေးစားခြင်းကိစ္စသည် မိသားစု  ကိစ္စဖြစ်တယ်။ အရေးကြီးတာက    နိုင်ငံသားဖြစ်ခြင်းကိစ္စဖြစ်တယ်။ ဒီအပိုင်းမှာ နိုင်ငံတော်ပါလာပြီ။  မွေးစားလိုက်တဲ့  ကလေးဟာ အော်တိုမစ်တစ်နိုင်ငံသားဖြစ်မ လာဘူး’’ ဟု ဦးဇော်ဌေးကပြော သည်။

ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းပါမွေး ဖွားကြောင်း မှတ်ပုံတင်ခွင့်နှင့်  ကလေးမွေးစားခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ကလေးသူ ငယ်အခွင့်အရေးများအရ ပြဋ္ဌာန်း ခြင်းသာဖြစ်ပြီး နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုသည် ၁၉၈၂ ခုနှစ်မြန်မာ  နိုင်ငံသားများ ဥပဒေအရဆုံးဖြတ် ရမည့်ကိစ္စဟု ၎င်းကရှင်းလင်း သည်။

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၇၃ တွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား နိုင်ငံသားပြုခွင့်ရ သူတို့၏ မွေးစားခြင်းခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံ သား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ အဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်း ထားသည်။

‘‘အထူးသဖြင့် အများပြည် သူစိုးရိမ်တဲ့အတိုင်းပဲ အစိုးရအ နေနဲ့၊ နိုင်ငံတော်အကြီးအကဲတွေ အနေနဲ့လည်း စိုးရိမ်ပါတယ်။ အ ထူးသဖြင့် နိုင်ငံသားဖြစ်ခွင့်ကိစ္စ ပေါ့။ ဒီအပေါ်မှာတော့ လုံးဝ သတိထားပြီး ဆောင်ရွက်နေပါတယ်’’ ဟု ဦးဇော်ဌေးကပြောသည်။

ထို့အပြင် ဥပဒေကြမ်းတွင်   မွေးစားကလေးသူငယ်တစ်ဦး သည် မွေးစားမိဘ၏အခြားသား သမီးများကဲ့သို့ပင် အမွေဆက်ခံ ရန် အခွင့်အရေးအပါအ၀င်တူ ညီသော အခြားအခွင့်အရေးများ ရရှိစေရမည်ဟု ဖော်ပြထားခြင်း မှာ ပညာရေး၊ ကျန်းမာရေးစ သည့် အခွင့်အရေးများကိုသာ ဆို လိုကြောင်း ၎င်းကရှင်းပြသည်။ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းကို ပြည် ထောင်စုလွှတ်တော်က အတည် ပြု၍ နိုင်ငံတော်သမ္မတထံပေးပို့ ခဲ့ရာ သမ္မတက အချက်သုံးချက် ကိုပြန်လည်သုံးသပ်ရန် သဘော ထားမှတ်ချက်ပေးပို့ထားသည်။

No comments:

Post a Comment