Saturday, July 6, 2019

AA အနေဖြင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ မလာဘဲ လက်ရှိအတိုင်း ဆောင်ရွက်နေပါက တိုက်ပွဲရှည်မည်ဟု သမ္မတရုံးတာဝန်ရှိသူ သတိပေး အင်တာနက်လိုင်း ယာယီဖြတ်တောက်ထားမှု အခြေအနေများကို ပြန်လည်သုံးသပ်နေဟုဆို

ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA) အနေဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ မလာဘဲ အောက်ခြေ တွင် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေပါက ရခိုင်ဒေသ၌ တိုက်ပွဲများ ရှည်နေမည်ဖြစ် ကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက သတိပေး သည်။ ဇူလိုင် ၅ ရက်က နေပြည် တော်၌ ကျင်းပသည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ရခိုင် ဒေသတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး အခြေအနေနှင့်ပတ်သက်ပြီး ဦးဇော်ဌေးက  အထက်ပါအတိုင်း ပြောကြားသည်။



ရခိုင်ဒေသတိုက်ပွဲများ ရပ် ဆိုင်းရန် အစိုးရ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) ၊ ငြိမ်းချမ်း  ရေးကော်မရှင်တို့က AA အပါအ ၀င် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့် Bilateral အပစ်ရပ်စဲ ရေး  လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေကြောင်း အစိုးရအ ဆိုပြုသည့် အပစ်ရပ်မူကြမ်းကို ပေးထားပြီးဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘ရခိုင်မှာ တိုက်ပွဲမဖြစ်ဖို့အ တွက် စားပွဲဝိုင်းကိုလာဖို့ လိုတယ်။စားပွဲဝိုင်းကို မလာဘဲနဲ့ အောက် မှာ ဆက်လုပ်နေရင်တော့ တိုက် ပွဲကရှည်လိမ့်မယ်’’ ဟု ဦးဇော် ဌေးက ပြောသည်။

ရခိုင်ဒေသရှိ မြို့နယ် ရှစ်ခု နှင့် ချင်းပြည်နယ်ရှိ မြို့နယ်တစ်ခု တွင် မိုဘိုင်းအင်တာနက်ဝန် ဆောင်မှု ယာယီဖြတ်တောက်ထား ခြင်းနှင့်ပတ်သက်ပြီး ဦးဇော်ဌေး က ရှင်းလင်းသည်။

‘‘အင်တာနက် လိုင်းပြတ် တောက်တာ။ ပြတ်တောက်တာ ယာယီပိတ်တာ ဖြစ်တယ်။ ရက် အကန့်အသတ်ပြောထားတာ ဖြစ် တယ်။ ဒီအပေါ်မှာတော့ အင်တာ နက်လိုင်းဖြတ်လိုက်တာ ၁၀  ရက်ကျော်သွားပြီ။ အဲဒီအပေါ်မှာ တော့ အခြေအနေတွေ ပြန်ပြီး သုံးသပ်နေပါတယ်’’ဟု ၎င်းက ပြောကြားကာ မည်သည့်အချိန် ထိ ယာယီဖြတ်တောက်မည်ဆို ခြင်းကို ဖြေကြားခြင်း မရှိပေ။
တပ်မတော်က တိုင်းစစ်ဌာန ချုပ် ငါးခုနယ်မြေတွင် တစ်ဖက် သတ်အပစ်ရပ်စဲရေးဆောင်ရွက် ရာ၌ အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်နယ်မြေ ရခိုင်ဒေသမပါဝင် ခြင်းနှင့်ပတ်သက်ပြီး တပ်မတော် က ရှင်းလင်းထားပြီးဖြစ်ကြောင်း၊ လတ်တလောတွင် အစိုးရ၊ တပ်မ တော်၊ AA သုံးပွင့်ဆိုင်တွေ့ဆုံ မည့် ကိစ္စများမရှိကြောင်း၊ AA နှင့် ဆွေးနွေးမှုကို KIA နှင့် AA အ ပါအ၀င်  မြောက်ပိုင်းလက်နက် ကိုင်  လေးဖွဲ့စုဖွဲ့မှုနှင့်  အစိုးရ ကိုယ်စားလှယ်အဖွဲ့  တွေ့ဆုံဆွေး နွေးသည့်  လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

No comments:

Post a Comment