Saturday, July 6, 2019

ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အဖြစ် ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများကို ပြဇာတ်ကပြ ဆဲဗင်းဇူလိုင်အရေးအခင်းဆိုင်ရာ သမိုင်းအချက်အလက်များကို တရားဝင်ဖော်ထုတ်မှတ်တမ်းတင်ရန် ကျောင်းသားသမဂ္ဂများလိုလား

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုချခံရခြင်းနှင့် တက္ကသိုလ်ကျောင်းသားများ ကျ ဆုံးခဲ့ခြင်း (၅၇) နှစ်မြောက်ဆဲဗင်း ဇူလိုင်နေ့အောက်မေ့ဖွယ်အဖြစ် ခေတ်အဆက်ဆက်ကျောင်းသား လှုပ်ရှားမှုများကို တက္ကသိုလ်  ကျောင်းသားသမဂ္ဂသုံးခုက ဇူ လိုင် ၅ ရက်တွင် ဒဂုံတက္ကသိုလ် ၌ ပြဇာတ်ကပြသည်။ (၅၇) နှစ်မြောက်ဆဲဗင်းဇူ လိုင်အောက်မေ့ဖွယ် အခမ်းအ နားကို ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီး ပွားရေးတက္ကသိုလ်၊ ရန်ကုန်အ ရှေ့ပိုင်းတက္ကသိုလ်တို့မှ ကျောင်း သားသမဂ္ဂသုံးခု ပူးပေါင်းကျင်းပ ခြင်းဖြစ်သည်။ ၈၈ ကျောင်းသား မျိုးဆက်ဦးကိုကိုကြီး၊ စာရေး ဆရာမ မသီတာ (စမ်းချောင်း) တို့၏ စကားဝိုင်း၊ ဆဲဗင်းဇူလိုင် သမိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ၊ ကဗျာ ရွတ်ပွဲများအပြင် ပထမကျောင်း သားသပိတ်စတင်ပေါ်ပေါက်ချိန် မှ ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂအဆောက်အအုံကို ဦး နေ၀င်းအစိုးရ ဖြိုချဖျက်ဆီးခဲ့ချိန်  အထိ ခေတ်အဆက်ဆက်  ကျောင်းသားသမဂ္ဂသမိုင်းကို ပြ ဇာတ်ကပြခဲ့သည်။



ဆဲဗင်းဇူလိုင်သမိုင်းကို လက်ရှိ ကျောင်းသား၊ ကျောင်း သူများသိရှိစေရန် တက္ကသိုလ်ပရ ၀ဏ်တွင် ကျောင်းသားသမိုင်းပြ ဇာတ် ကပြခြင်းဖြစ်ပြီး ဇူလိုင် ၇ ရက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အ အုံနေရာသို့ ချီတက်အလေးပြု ရန် အဆိုပါကျောင်းသားသမဂ္ဂ များက စီစဉ်ထားသည်။

ဆဲဗင်းဇူလိုင်အရေးအခင်း ဆိုင်ရာ သမိုင်းအချက်အလက် များကို တရားဝင်ဖော်ထုတ်မှတ် တမ်းတင်ရန်၊ ဆဲဗင်းဇူလိုင်အ ရေးအခင်းတွင် ကျောင်းသားများကို သွေးမြေကျအောင်ပြုလုပ်ခဲ့သူ များအနေဖြင့် တရားဝင် ၀န်ချ တောင်းပန်ရန် ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန် ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂများက လို လားသည်ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပြည့်စုံမောင်မောင်က ဆိုသည်။

ဆဲဗင်းဇူလိုင် အောက်မေ့ ဖွယ်အခမ်းအနားများကို ကျောင်း သားသမဂ္ဂမျိုးဆက်များက နှစ်စဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံနေရာရှိ ဗိုလ်အောင်ကျော်အုတ်ဂူတွင် ကျင်းပခဲ့သည်။

ယခင်နှစ်က ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းသားမျိုးဆက်   များက တက္ကသိုလ်ကျောင်းသား   သမဂ္ဂအဆောက်အအုံဟောင်း နေရာသို့ ချီတက်အလေးပြုပြီး အောက်မေ့ဖွယ်အခမ်းအနားကို  လည်း တက္ကသိုလ်အလိုက်သီး ခြားကျင်းပခဲ့သည်။ ယခုနှစ် (၅၇) နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အ ခမ်းအနားကို  ရန်ကုန်မြို့ရှိ ကျောင်းသားသမဂ္ဂသုံးခု စုစည်း ကာ  ပထမဆုံးကျင်းပခြင်းဖြစ် သည်။

No comments:

Post a Comment