Saturday, July 6, 2019

ညောင်နှစ်ပင်နှင့် ဒလမြို့သစ်စီမံကိန်းရှိ အိမ်ရာလုပ်ငန်းများတွင် ကိုရီးယားက ဘဏ္ဍာရေးဆိုင်ရာ ကူညီမည်

ညောင်နှစ်ပင်  ကိုရီး ယား-မြန်မာစက်မှုမြို့တော် စီမံကိန်းနှင့် ဒလမြို့သစ် စီမံကိန်းတွင် အိမ်ရာနှင့် အခြေခံအဆောက်အ အုံ လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့ရန် မြန်မာအစိုးရနှင့် သဘောတူညီ မှုရှိသည်ဟု ကိုရီးယား KB ဘဏ်ဥက္ကဋ္ဌ မစ္စတာ  ဟောအင်းက ပြောသည်။ အဆိုပါ စီမံကိန်းများသည် ကိုရီးယားအစိုးရက အကောင်အ ထည်ဖော်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်း ကတိပြုခဲ့သည်။



ဆောက်လုပ်ရေး ၀န်ကြီး ဦးဟန်ဇော်၏ ကိုရီးယားခရီးစဉ် အပြီး ကိုရီးယားဘဏ်က ဇူလိုင် ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ရာ ၎င်းက ထိုသို့ပြောကြားခဲ့ သည်။

‘‘မြန်မာအစိုးရရဲ့ အိမ်ရာဘဏ္ဍာရေး မူဝါဒများ အောင်မြင် စွာ ချမှတ်နိုင်ရေးအတွက် အင်တိုက်အားတိုက် ကူညီသွားမယ်’’ ဟု ဟောအင်းက ပြောသည်။

KB ဘဏ်နှင့် ဆောက်လုပ် ရေး ၀န်ကြီးဌာနတို့ ၂၀၁၇ ဖေဖော်ဝါရီတွင် အိမ်ရာဆောက်လုပ် ရေး မူဝါဒနှင့် မြန်မာ့အိမ်ရာ ဘဏ္ဍာရေးဈေးကွက် ပေါ်ပေါက် လာရန်  နားလည်မှုစာချွန်လွှာရေး ထိုးခဲ့သည်။

KB ဘဏ်သည် အသေးစား ချေးငွေလုပ်ငန်းကို ၂၀၁၇ တွင် ဖွင့်လှစ်ပြီး ချေးငွေလုပ်ငန်းများ ဆောင်ရွက်နေသည်။ ကိုရီးယားဘဏ်သည် ပြည်တွင်းရှိ တန်ဖိုးနည်း အိမ်ရာလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်။

KB သည် ကိုရီးယားနိုင်ငံ တွင် KB ဘဏ်ကတ်၊ အသက်အာမခံလုပ်ငန်း၊ ငွေကြေးလုပ်ငန်းများတွင် နာမည်ကျော်ပြီး အိမ်ရာနှင့် စီးပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နေသည့် ဘဏ်ဖြစ်သည်။ ဒလဒေသမြို့ သစ်စက်မှုဇုန်တည်ဆောက်ရေး  အခြေခံကျသည့် ကိုရီးယား-မြန်မာဒလချစ်ကြည်ရေး တံတားသည် အားထားသည့် အခြေခံအုတ်မြစ် ဖြစ်သည်ဟု ကိုရီးယားနိုင်ငံက ကြေညာထားသည်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲသည့် ညောင်နှစ် ပင်စခန်းကို ကိုရီးယား စက်မှုမြို့တော် (KMIC) ထူထောင်ရေး စတင်ရန် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၉ ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန် သည်။

No comments:

Post a Comment