Saturday, July 6, 2019

ရန်ကုန်တိုင်းတွင် H1N1 ကြောင့် လူနာတစ်ဦး ထပ်မံသေဆုံး တစ်နိုင်ငံလုံး သေဆုံးမှုအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်တိုင်းမှဖြစ်

ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေး(H1N1)ရောဂါကြောင့် တစ်ဦးထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ယမန်နေ့က ထုတ်ပြန် သည်။  ဇူလိုင် ၅ ရက်အထိ တစ်နိုင်ငံ လုံးတွင် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃၀ ဦးရှိနေပြီး ယင်းတို့အနက် ရန်ကုန်တိုင်းတွင် ၂၄ ဦးဖြစ်သဖြင့် ၈၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်တိုင်းမှ ဖြစ်သည်။   



ရန်ကုန်တိုင်းအတွင်း ၂၈ မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိရပြီး ပိုးတွေ့ရှိမှုအများဆုံး မြို့နယ်များမှာ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ ဒဂုံအရှေ့၊ သင်္ဃန်းကျွန်းတို့ဖြစ် သည်။ ရောဂါပိုးတွေ့ရှိမှု အနည်းဆုံးမြို့နယ်များမှာ မှော်ဘီ၊ မင်္ဂ လာဒုံ၊ ရွှေပြည်သာ၊ အလုံ၊ ဗိုလ်တထောင်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ တောင်ဥက္ကလာပ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ သုံးခွ နှင့် ဒဂုံဆိပ်ကမ်းတို့ဖြစ်သည်။  ထို့ပြင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတ၊ ဒလ၊ လှည်းကူး၊ အင်းစိန်၊ စမ်းချောင်း၊ ရန်ကင်းနှင့် လှိုင်မြို့နယ် တို့တွင်လည်း သုံးဦးမှ ငါးဦးကြား ပိုးတွေ့ရှိကြောင်း  ဖော်ပြထား သည်။

 ရန်ကုန်တိုင်းတွင် သေဆုံးသူ များစာရင်းကို မြို့နယ်အလိုက် ဖော်ပြရာ၌ တောင်ဒဂုံတွင် တစ်ဦး၊  လှိုင်သာယာတွင် လေးဦး၊ မြောက်ဥက္ကလာပတွင် တစ်ဦး၊ သင်္ဃန်းကျွန်းတွင် တစ်ဦး၊ မြောက်ဒဂုံတွင် သုံးဦး၊ ကြည့်မြင်တိုင်တွင် တစ်ဦး၊ မရမ်းကုန်းတွင် တစ်ဦး၊ သာကေတတွင် နှစ်ဦး၊ စမ်းချောင်းတွင် နှစ်ဦး၊ ရန်ကင်းတွင် တစ်ဦး၊မှော်ဘီတွင် နှစ်ဦး၊ အလုံတွင် တစ်ဦး၊ ကော့မှူးတွင် တစ်ဦး၊ ကွမ်းခြံကုန်းတွင် တစ်ဦး၊ မင်္ဂလာတောင် ညွန့်တွင် တစ်ဦး စသဖြင့် စုစု ပေါင်း ၂၃ ဦးရှိသည်ဟု ဇူလိုင် ၄ ရက်က ထုတ်ပြန်ထားသည်။ သို့သော် ယမန်နေ့ (ဇူလိုင် ၅ ရက်) က ထပ်မံသေဆုံးသူတစ်ဦး၏မြို့ နယ်ကိုမူ မဖော်ပြသေးပေ။

‘‘အဓိကကတော့ ကိုယ်ကိုယ် တိုင်က ကာကွယ်ရင် ရောဂါဆို တာ ထပ်မပြန့်ပွားတော့ဘူး။ နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို သေချာစွာ ဖုံးအုပ် ပါ။ ရေနဲ့ ဆပ်ပြာတို့နဲ့ လက်ကို သေချာစွာဆေးပါ။ အပြင်က ပြန်လာပြီဆိုရင် ဘာမှမကိုင်တွယ်ခင် လက်သွားဆေးပါ။ လူစုလူဝေး ကို ရှောင်ကြဉ်ပြီး တတ်နိုင်သမျှ မိမိအိမ်တွင် နေထိုင်ပါ။ မလိုအပ် ဘဲနဲ့ လူစုလူဝေးထဲ သွားတာတွေ မလုပ်ပါနဲ့။ အလုပ်နဲ့ သွားရတယ် ဆိုရင် အဲဒီအခါကျရင် သူများ နှာစေး၊ ချောင်းဆိုးတယ်ဆိုရင် အနည်းဆုံးသူနဲ့ ခြောက်ပေအကွာက နေရမယ်။ အိပ်ရေး၀၀ အိပ်ရမယ်။ ကိုယ်ခံအားကောင်းအောင် နေရမယ်။ ဒါတွေက အဓိကပါပဲ’’ ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြော သည်။   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန် ချက်အရ ဇန်န၀ါရီမှ ဇူလိုင် ၅ ရက် အထိ တစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးရောဂါသံသယလူနာ ၄၂၄ ဦးကို ဓာတ်ခွဲစစ်ဆေးရာ ၁၂၃ ဦးတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ပိုး တွေ့ရှိပြီး ၃၀ ဦး သေဆုံးခဲ့သည်။

No comments:

Post a Comment