Saturday, July 6, 2019

Double Cab ယာဉ်ကို လုပ်ငန်းသုံးအုပ်စုအတွင်း သတ်မှတ်လိုက်ပြီး အကောက်ခွန် ၃၀ ရာခိုင်နှုန်းလျှော့ချမည်

အကောက်ခွန်ဦးစီးဌာန က Double Cab ယာဉ်များကို အကောက်ခွန်လျှော့ချရန် တင်ပြ မှုအပေါ်   မော်တော်ယာဉ်တင် သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်း များကြီးကြပ်မှုကော်မတီ(ကြီး ကော်)က လက်ခံသဖြင့် ဆိပ်ကမ်း ခွန်(အကောက်ခွန်) ဆောင်ရမှု၃၀ ရာခိုင်နှုန်း သက်သာမည် ဖြစ် သည်။ ဇူလိုင်ပထမပတ်တွင် ပြု လုပ်သည့် မော်တော်ယာဉ်တင် သွင်းခြင်းနှင့်သက်ဆိုင်သော လုပ် ငန်းများ  ကြီးကြပ်မှုကော်မတီ အစည်းအဝေး၌  တာဝန်ရှိသူ များက Double Cab ယာဉ်ကို လုပ်ငန်းသုံးအဖြစ် လက်ခံခြင်း ဖြစ်ကြောင်း  မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်း ချရေးတာဝန်ရှိသူများက ပြော သည်။



    မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်း ချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ‘‘ကုဒ် နံပါတ်ပြောင်းလိုက်တာပေါ့။ လူ စီးနဲ့ လုပ်ငန်းသုံးဆိုပြီးရှိတော့ အခုလုပ်ငန်းသုံးကို ပြောင်းလိုက်တာ။ အရင်တုန်းက အကောက်ခွန်က ၄၀ ရာခိုင်နှုန်းကောက်တာ၊ အခု ၁၀ ရာခိုင်နှုန်းပဲ ကောက်တော့မှာ ပေါ့’’ ဟု ပြောသည်။

ထို့ကြောင့် ယခင် ကျပ်သိန်း ၅၀၀ တန်မည့် Double Cab ယာဉ်တစ်စီး၏တန်ဖိုးသည် ကျပ် သိန်း ၃၅၀ သို့ ဈေးကျမည်ဖြစ် သည်။

တင်သွင်းမည့် Double Cab မော်တော်ယာဉ်၏ တန်ဖိုးပေါ်မူ တည်ပြီး အကောက်ခွန်လျှော့ချ ကောက်ခံခြင်းကြောင့် ဈေးနှုန်းကျ ဆင်းမည်ဖြစ်သော်လည်း ကုန်း လမ်းပို့ဆောင်ရေး  ညွှန်ကြားမှုဦးစီးဌာန(ကညန)၏ အခွန်ကိုပါ လျှော့ချသင့်ကြောင်း   ရန်ကုန် တိုင်း  မော်တော်ယာဉ်ဖြန့်ဖြူး ရောင်းချရေးအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က သုံးသပ်သည်။

‘‘လူစီးမယ်ဆို လူစီးကောက်၊ လုပ်ငန်းသုံးဆိုရင် လုပ်ငန်းသုံး ကောက်ပေါ့။ ကညနကတော့ မလျှော့ပေးဘူး။ လူစီးအတိုင်းပဲ ကောက်မယ်။ ဘာနဲ့ သွားတူလဲဆိုတော့ တက္ကစီသွင်းတာနဲ့သွား တူတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဉ်သတ်မှတ်မှု ကို  တရားဝင်ထုတ်ပြန်ပေးရန် ရှိ၊မရှိ အကောက်ခွန်ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း သော်လည်း အဆက်အသွယ်မရ ပေ။

  လုပ်ငန်းသုံးယာဉ်အဖြစ် Double Cab ယာဉ်များကို သတ် မှတ်ခဲ့သော်လည်း   ၂၀၁၉ ကားမူဝါဒအတိုင်း ဘယ်မောင်းမော်ဒယ် မြင့်ကားများသာ တင်သွင်းခွင့်ရှိ မည်ဖြစ်သည်။ ၂၀၁၉ မော်တော်ယာဉ်တင် သွင်းခြင်းမူဝါဒအရ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံစလစ်ကပ် တင်သွင်းမည့် လူစီးယာဉ်အားလုံး အနိမ့်ဆုံး ၂၀၁၆ မော်ဒယ် ဘယ် မောင်းယာဉ်များသာ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး ချင်းအမည်ဖြင့် တင်သွင်းမည်ဆို ပါက အနိမ့်ဆုံး ၂၀၁၇ ဘယ် မောင်း မော်တော်ယာဉ်များသာ တင်သွင်းရမည်ဖြစ်ကြောင်း ကြေ ညာထားသည်။

No comments:

Post a Comment