Saturday, July 6, 2019

ဘူးသီးတောင်မြို့နယ်သို့ သွားရောက်ကူညီသော ICRC ကို လုံခြုံရေးအရ တားမြစ်

ဘူးသီးတောင်မြို့ နယ် ဩရမကျေးရွာအုပ်စုရှိ ဒေသခံများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများပေးရန် သွားရောက်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့ကို တပ်မတော်က လုံခြုံရေး အကြောင်းပြချက်ဖြင့် တားမြစ်ခဲ့ ကြောင်း ဘူးသီးတောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သောင်းရွှေက ပြောသည်။ ICRC အဖွဲ့ သည် ဇူလိုင် ၂ ရက်က ဩရမ ကျေးရွာအုပ်စုရှိ ငတင်းတိမ်၊ ပိန္နဲချောင်း၊ မင်းကိုင်း စသည့်ကျေးရွာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ရန် သွားရောက်စဉ် တားမြစ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။



‘‘စားနပ်ရိက္ခာတွေ ထောက် ပံ့ပေးဖို့ဆိုပြီး ရွာက လူတွေကို အကုန်ခေါ်ထားတယ်။ ဒါပေမဲ့ စိုင်းတင်တံတားမှာ ကျနေတဲ့ တပ်မတော်သားတွေက လုံခြုံရေး အကြောင်းပြချက်နဲ့ သွားလာခွင့် မပြုခဲ့ပါဘူး’’ဟု ကူညီထောက်ပံ့ ရန် သွားရောက်ရာတွင် ပါဝင် သူတစ်ဦးက ပြောသည်။

တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဘူးသီးတောင် မြို့နယ် ဩရမကျေးရွာအုပ်စုရှိ ဒေသခံများသည် လွန်ခဲ့သည့် ခြောက်လခန့်ကစတင်ကာ အ သက်မွေးဝမ်းကျောင်း လုပ်ငန်း များ  မလုပ်ကိုင်နိုင်ဘဲ စားသောက်ရေးအခက်အခဲ ကြုံတွေ့နေရ သည်။ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးနေ ပြီး ဇူလိုင် ၈ ရက်တွင် သွားရောက် ကူညီပေးရန် စီစဉ်ထားကြောင်း စစ်တွေမြို့အခြေစိုက် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော် မတီ ပြန်ကြားဆက်ဆံရေးအရာရှိ ဦးအောင်ကိုကိုက ပြောကြားသည်။

No comments:

Post a Comment